Knowledge and News

အအီပြေဝက်မျှစ်ချဥ်ဟင်းတစ်ခွက်

Food

ဝက်သားမျှစ်ချဉ်ဆိုတာ အသံကြားတာနဲ့ သွားရည်တောင်ကျလာလောက်တဲ့ထိကို မြန်မာထမင်းနဲ့တွဲဖက်စားရတဲ့ဟင်းလျာတွေထဲမှာ နာမည်ကြီးတဲ့ ဟင်းတစ်မယ်ပါ။ နာမည်ကြီးသလောက် ချက်ရတာလည်း အပန်းမကြီးတဲ့အပြင် အိမ်ရှင်မတွေအတွက် လွယ်ကူလွန်းတာမို့ ချက်နည်းလေးကိုလည်း ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ ၃ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ (အမြွှာကြီးတစ်မြွှာ) (ထောင်းထားပါ)
  • ငရုတ်သီးအစိမ်းမှုန့် ထမင်းစားဇွန်း ၂ ဇွန်းခွဲ
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း တစ်ဝက်
  • နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆီ ၅ ကျပ်သား
  • စိမ်းစားငါးပိ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ချင်း လက်တစ်ဆစ်
  • ရေ တစ်လီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံး ဝက်သားကို အတုံးအနေတော်တုံးပြီး ကြက်သားမှုန့်၊နနွင်း၊သကြားတို့နဲ့ လုံးနယ်ထားပါ။

  2. ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ချင်းကို ရောထောင်းပြီး ဆီပူထဲ ထည့်ဆီသတ်ပါ။

  3. တစ်မိနစ်ခန့်ကြာတာနဲ့ ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး ငါးပိစိမ်းစားထည့်ကာ ဝက်သားလုံးထားတာ ထည့်မွှေပါ။

  4. ဝက်သားနဲ့ဆီသတ်ထားတဲ့အနှစ်တွေလုံးသွားပြီဆိုတာနဲ့ မျှစ်ချဉ်ထည့်မွှေပါ။

  5. နောက်ဆုံးမှ ရေတစ်လီတာခန့်ထည့်ပြီး ဝက်သားနူးအိအောင် မိနစ် ၂၀ခန့် မီးအားကောင်းကောင်းလေးနဲ့ ဆီကျန်ရေကျန်လေး ချက်ထားပါ။

  6. ကျက်တာနဲ့ အရသာရှိပြီး နူးအိနေတဲ့ ဝက်သားမျှစ်ချဉ်ဟင်းလေးကို မိသားစုတွေ ငါးပိရည်လေးနဲ့ ဝိုင်းဖွဲ့နယ်ဖတ်စားနိုင်ပါပြီ။

    Credit: www.howtocook.com.mm