Knowledge and News

သေစေနိုင်တဲ့ရောဂါပိုးများသယ်ဆောင်သော လင်းနို့များ

Knowledge

လင်းနို့များဟာ သဘာဝတရားအရကိုပင် သူတို့ရဲ့ ခန္တာကိုယ်ပေါ်၊ ခန္တာကိုယ်အတွင်း နှင့် သူတို့နေထိုင်ရာ အမှောင်ပတ်ဝန်းကျင်တွင် ရောဂါပိုးများ ပျော်စံပေါက်ဖွားတတ်သော သတ္တဝါများဖြစ်ပါတယ်။ လင်းနို့များတွင် Nipah၊  Hendra၊ Ebola၊ SARS (Severe Acute Respiratory Syndrome) ရောဂါပိုးများ စုစည်းသိုမှီးနေတတ်သည်။ ဒါကြောင့် လင်းနို့များဟာ အခြားသတ္တဝါများအားလုံးထက် သေစေနိုင်သော ရောဂါပိုးများ သယ်ဆောင်ဖြန့်ဖြူးကြခြင်းဖြစ်ပါတယ်။

ဒီလောက်ပြင်းထန်တဲ့ ပိုးမွှားတွေကို လင်းနို့တွေ ဘယ်လိုသယ်ဆောင်ကြသလဲ၊ ဘယ်လိုပျံ့နှံ့စေသလဲ၊ သူတို့ကရော ရောဂါပိုးမကူးအောင် ဘယ်လို ကာကွယ်ကြသလဲ အစရှိသည့် မေးခွန်းတွေ များစွာရှိလာပါတယ်။

လင်းနို့များသည် နို့တိုက်သတ္တဝါများထဲတွင် အစဉ်မပြတ် ပျံနိုင်သည့် တစ်ခုတည်းသော နို့တိုက်သတ္တဝါ အမျိုးအစားဖြစ်ပါတယ်။ ပျံသန်းနေစဉ်မှာ သူတို့ရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်လျှင် အချက် ၁,၀၀၀ ခုန်နှုန်းရှိပါတယ်။ မက္ကဆီကန် Free-talied bat ဟုခေါ်သည့် လင်းနို့အမျိုးအစားဟာ ကမ္ဘာပေါ်တွင် အမြန်ဆုံး တရိစ္ဆာန်များဖြစ်ပါတယ်။ Free-talied bat များသည် တစ်နာရီလျှင် ၁၆၀ ကီလိုမီတာနှုန်းဖြင့် ပျံသန်းနိုင်ပါတယ်။ လင်းနို့များ ပျံသန်းနိုင်ခြင်းသည်လည်း ရောဂါပိုး ဖြန့်ဖြူးနိုင်ခြင်း၏ အကြောင်းတစ်ခုဖြစ်ပါတယ်။

လင်းနို့များ၏ သက်တမ်းသည် အမျိုးအစားပေါ်မူတည်၍ ကွဲပြားပါတယ်။ Brown bat ဟုခေါ်သည့် အမျိုးအစားသည် သက်တမ်း ၃၀ အထိနေနိုင်ပြီး အချို့မျိုးစိတ်များသည် သက်တမ်း ၃၀ အထိနေနိုင်ပါတယ်။ လင်းနိုးများကဲ့သို့ အခြားသေးငယ်သည့် နို့တိုက်သတ္တဝါဖြစ်သည့် ကြွက်များဆိုလျှင် သက်တမ်းအရ နှစ်နှစ် သာရှိပါတယ်။ သက်တမ်းရှည်လွန်းခြင်းသည် လင်းနို့များ အချိန်ကြာကြာ ပိုပျံသန်းခွင့်ရကြပြီး ပိုးများပိုဖြန့်ဖြူးနိုင်ခြင်းဖြစ်စေပါတယ်။

လင်းနို့များသည် မိတ်ဆွေခင်တတ်သော သတ္တဝါများဖြစ်ကြပါတယ်။ သူတို့ဟာ အခြား မျိုးစိတ်မတူသော လင်းနို့များ နှင့်ပင် အိပ်တန်းတူတူ ဝင်တတ်ကြလေ့ရှိပါတယ်။ အချို့မျိုးစိတ်များသည် တစ်နေရာတည်းတွင် အုပ်စုဖွဲ့ ကြီးထွားနေထိုင်ကြပါတယ်။ USA Texas တွင် ရှိသည့် the Bracken Bat Cave တွင် လင်းနို့များ သန်းချီ၍ နေထိုင်ကြပါတယ်။ ထိုကဲ့သို့ မျိုးစိတ်မတူသော လင်းနို့များ အိပ်တန်းအတူတူ တက်ရာတွင် ရောဂါပိုးမွှားပျံ့ခြင်းသည် တစ်ကောင်ခြင်းအတိုင်းအတာဖြင့်ရော မျိုးစိတ်ကွဲ အတိုင်းအတာဖြင့်ရော ပို၍ လျှင်မြန်စေပါတယ်။

ဒီလောက်များပြားသည့် ရောဂါပိုးများ ရှိနေသော်လည်း လင်းနို့များအပေါ်တွင် ဘေးဒုက္ခမဖြစ်ခြင်း၏ အကြောင်းအရင်းမှာ သူတို့၏ မျိုးရိုးဗီဇ အတွင်းတွင်သာ အဖြေရှိပါတယ်။ လင်းနို့များတွင် အလွန်မြန်လွန်းသည့် နှလုံးခုန်နှုန်းရှိတယ်။ သူတို့ ပျံသန်းနေစဉ်တွင် တစ်မိနစ်လျှင် အချက် ၁,၀၀၀ ခန့် နှလုံးခုန်နှုန်းရှိပါတယ်။ နို့တိုက်သတ္တဝါများ ယင်းကဲ့သို့ ပျံသန်းစဉ် ကြီးမားသော စွမ်းအင်ထုတ်လုပ်ချိန်တွင် DNA ကို ဖျက်ဆီး နိုင်သည့် များပြားသော ပမာဏရှိသည့် စွန့်ပစ်ပစ္စည်းများကိုလည်း ထုတ်လွှတ်ပါတယ်။ နှစ်ထောင်ပေါင်းများစွာ မျိုးရိုးဗီဇ ဖြစ်စဉ် ပြောင်းလဲတိုးတက်မှုကြောင့် လင်းနို့များတွင် DNA ကို ဖျက်ဆီးပေးပြီး ရောဂါပိုးများကို ကာကွယ်နိုင်သည့် super power ကိုထုတ်ပေးပါတယ်။

ဒီလို အားကောင်းသော immune system ကိုယ်ခံစွမ်းအားရှိသည့် လင်းနို့များတွင် အသက်ရှင်နေထိုင်နိုင်သော ရောဂါပိုး များသည် လင်းနို့များထက် ကိုယ်ခံစွမ်းအားရ နည်းသည့် လူသားများအတွက်တော့ သေစေနိုင်သည့် ကပ်ဆိုးတစ်ခုပင်ဖြစ်ပါတယ်။

ဒါပေမယ့် သတ္တဝါများ အားလုံးသည် သဘာဝ ဂေဟစနစ် ထာဝရရှင်သန်ရန်အတွက် ပိုးမွှားများ၊ အဆိပ်ရှိသည့် သက်ရှိ အပင် တရိစ္ဆာန်များပင်ဖြစ်လင့်ကစား တစ်ဒေါင့် တစ်နေရာက အရေးပါနေတယ်။ လူသားများ၊ အချို့ တရိစ္ဆာန်များ နှင့် အနီးကပ်ရှိနေလျှင် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ပိုးမွှား၊ သက်ရှိ တရိစ္ဆာန်များ၊ အပင်များသည် လူသားများနှင့် ဝေးရာ ဂေဟစနစ်အတွင်းတွင် သဘာဝအတိုင်းသာ တည်ရှိနေသင့်ပါတယ်။ ဂေဟစနစ်ကို လေးစားခြင်း စည်းကမ်းထားရှိခြင်းဖြင့် သဘာဝအတွက်ရော လူသားများအတွက်ပါ ရေရှည် ကောင်းကျိုးဖြစ်စေ မည်ဖြစ်ကြောင်းတင်ဆက်လိုက်ရပါတယ်။