Knowledge and News

ကမ္ဘာ့အန္တရာယ်အများဆုံး ကန္တာရကြီးများ

Knowledge

ကန္တာရတွေဟာများသောအားဖြင့် အလွန်အန္တရာယ်များကြသလို အိုအေစစ်ကိုတွေ့ဖို့ရာလဲ ခက်ခဲလွန်းလှ ပါတယ်။ ကန္တာရတွေဟာ လူသားတွေအတွက် အသက် ရှင်နေထိုင်ဖို့ ခက်ခဲတဲ့နေရာတစ်ခုလဲဖြစ်ပါတယ်။ တချို့ကန္တာရတွေရဲ့ ရာသီဥတုဟာ မားစ်ဂြိုဟ်ပေါ်က အဆိုးဆုံးရာသီဥတုနဲ့တောင် ယှဉ်နိုင်လောက်အောင် ဆိုးဝါးပါတယ်။ ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးဖြစ်တဲ့ ကန္တာရကြီးတွေအကြောင်းကို ဒီဗီဒီယိုမှာတင်ဆက်ပေးချင်ပါတယ်။

Gobi Desert

Gobi ကန္တာရဟာ တောင်ထူထပ်တဲ့ဒေသမှာတည်ရှိပြီး အာရှရဲ့ အကြီးဆုံးသဲကန္တာရတစ်ခုလဲ ဖြစ်ပါ တယ်။ Gobi ကန္တာရဟာ တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ မွန်ဂိုလီးယားနိုင်ငံတောင်ပိုင်းဒေသ တွေကို လွှမ်းခြုံထားပါတယ်။ ဒီကန္တာရဟာ မိုးအလွန်ခေါင်ကာ အခြေခံအားဖြင့် ကန္တာရရဲ့ အခြေအနေဟာ အပြောင်းအလဲမြန်လွန်းပြီး အေးတဲ့ဘက်ကိုပိုရောက်ပါတယ်။အပူချိန်အနေနဲ့ အနုတ် ၄ဝ ဒီဂရီစင်တီဂရိတ်အထိကိုကျဆင်းနိုင်ပြီး သဲသောင်တွေအပေါ် ဆီးနှင်းတွေ ဖုံးအုပ်သည်အထိ ဖြစ်နိုင်ပါတယ်။ ဆောင်းရာသီမှာဖြစ်ပေါ်တတ်တဲ့ အအေးလှိုင်းဟာဆိုရင် လူတွေကို အသက် သေစေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

Mojave Desert

အမေရိကန်ပြည်ထောင်စုရှိ ကယ်လီဖိုးနီးယား၊ နီဗားဒါး၊ ယူတားနဲ့ အရီဇိုးနားစတဲ့ပြည်နယ်တွေထဲမှာ Mojave သဲကန္တာရတည်ရှိပါတယ်။ အခြားကန္တာရ တွေနဲ့ တူတဲ့အချက်က သဲတွေအမြောက်အမြား မတွေ့ရတာပဲ ဖြစ်ပါတယ်။ မညီညာတဲ့ချိုင့်ဝှမ်းတွေ အများအပြားလဲ ဒီသဲကန္တာရမှာရှိနေပါတယ်။ နောက် ပြီး အပင်တချို့ဟာလဲ ဒီကန္တာရထဲမှာ ပေါက်နေတတ် ပါတယ်။ တိရစ္ဆာန်မျိုးစိတ်တွေဖြစ်တဲ့ ခလောက်မြွေ၊ အမြီးရှည်ဖွတ်၊ သားပိုက်ကောင်နဲ့တူတဲ့ ကြွက်လေး တွေပါနေထိုင်ကြပါတယ်။ ဒါကြောင့် အချိန်မရွေး အလည်အပတ်သွားလာနိုင်တယ်ဆိုပြီးတော့ မထင်လိုက်ပါနဲ့။ နွေရာသီမှာဆိုရင်၅၅ ဒီဂရီစင်တီဂရိတ် အထိ အပူချိန်မြင့်တက်လာနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Namib Desert

Namib ဆိုတဲ့စာသားကတော့ Khoekhoe ဘာသာစကားအရဆိုရင် အဆုံးမရှိတဲ့နေရာလို့ဆိုလို ပါတယ်။ ဒီကန္တာရသဲသောင်ဟာ ကမ္ဘာ့သက်တမ်း အရင့်ဆုံး ကန္တာရတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၈ သန်းခန့်ကတည်းက တည်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီကန္တာရမှာ အများဆုံးအသက်ရှင်ကျန်ရစ်နေတဲ့ Tenebrionidae လို့ခေါ်တဲ့ ပိုးကောင်တွေ တွေ့ရ တတ်ပါတယ်။အာဖရိကတိုက်တောင်ပိုင်းမှာတည်ရှိပြီး နမီး ဘီးယား၊ တောင်အာဖရိကနဲ့ အင်ဂိုလာနိုင်ငံတွေထဲ မှာ ပါဝင်နေပါတယ်။ ဒီကန္တာရနဲ့ သမုဒ္ဒရာအစပ်က သဲသောင်ပြင်ဟာ သဘာဝဆိုင်ရာ ကမ္ဘာ့အမွေအနှစ် နေရာတစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ နွေ ရာသီမှာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ထက်ပိုပူပြီး ညဘက်ဆိုရင်တော့ နေ့ဘက်နဲ့မတူအောင်ကို အေးပါ တယ်။ အဲဒီမှာ ပင့်ကူ၊ ဂဏန်း၊ ကင်းခြေများ အစရှိ တဲ့ Arthropods လို့ခေါ်ပြီး အန္တရာယ်များတဲ့ အကောင်ပေါင်းစုံလဲ ရှိနေပါတယ်။

Kalahari Desert

Kalahari ဆိုတာကတော့ တောင်အာဖရိကရဲ့ ၅ ခုမြောက် လူသုံးအများဆုံးဘာသာစကားဖြစ်တဲ့ Setswana ကနေ ဆင်းသက်လာတာပဲဖြစ်ပါတယ်။အဓိပ္ပာယ်ကတော့အလွန်အမင်းရေငတ်ခြင်းလို့  အဓိပ္ပာယ်ရပါတယ်။ နှစ်စဉ်မိုးရေချိန်အနေနဲ့ ၄ လက်မဝန်းကျင်ခန့်သာရွာသွန်းပြီး အာဖရိကရဲ့ မိုးရွာသွန်းမှု အနည်းဆုံးဒေသတွေထဲမှာ ပါဝင်နေပါတယ်။ရာသီဥတုအရမ်းပူပြင်းတာကြောင့် လူသား တွေနေထိုင်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ရာသီဥတုအလွန် ပူပြင်းတဲ့အပြင် အလွန်အန္တရာယ် များလှတဲ့ အာဖရိက တောခွေးတွေရဲ့ရန်ကယ်ရှိနေပါသေးတယ်။ နွေရာသီ မှာ အပူချိန်ဟာ ၄ဝ ဒီဂရီစင်တီဂရိတ်အထိရှိနေပေမဲ့ ဆောင်းရာသီရောက်တဲ့အချိန်မှာတော့ ရေခဲမှတ် အောက်အထိ ကျဆင်းသွားတတ်ပါတယ်။

The Antarctica

အန္တာတိကတိုက်ကို ကျွန်တော်တို့သိကြတာက ကမ္ဘာ့အအေးဆုံးတိုက်ကြီးတစ်ခုအဖြစ်နဲ့ သိထားကြ တာပါ။ ဒါပေမဲ့ လူနဲ့အပင်တွေရှင်သန်ဖို့မဖြစ်နိုင် သလောက်ခက်ခဲပြီး မြင်မြင်သမျှဟာ ရေခဲပြင်ကြီးဖြစ် နေတာကြောင့် အန္တာတိကဟာ ကန္တာရတစ်ခုလဲဖြစ် နေပြန်ပါသေးတယ်။ ကန္တာရအမျိုးအစားတွေအဖြစ် အပူပိုင်းကန္တာရ၊ ကမ်းရိုးတန်းကန္တာရနဲ့ ဝင်ရိုးစွန်း ကန္တာရထဲမှာ ပါဝင်နေပါတယ်။ တိုက်ကြီးတစ်တိုက်လုံးရဲ့ ၉၈ ရာခိုင်နှုန်းက ရေခဲပြင်ကြီးသာဖြစ်နေပြီးအပူချိန်ကလဲ ရေခဲမှတ်အောက်ရောက်နေတဲ့အတွက် ဒီနေရာမှာ လူတွေ အမြဲနေထိုင်နိုင်ခြင်းမရှိကြပါဘူး။ ရာသီဥတုအလိုက်နေထိုင်သူအများဆုံး ၁ဝဝဝ ကနေ ၅ဝဝဝ လောက်သာရှိတတ်ပြီးနေထိုင်သူအများစုက သုတေသန၊သိပ္ပံပညာရှင်နဲ့ စူးစမ်းလေ့လာရေးသမားတွေပဲ ဖြစ်ပါတယ်။အပူချိန်အနေနဲ့ အနုတ် ၉၀ ဒီဂရီဝန်းကျင်သာရှိပြီး အချို့နေရာတွေရဲ့ လေတိုက်နှုန်းကလဲတစ်နာရီကို မိုင် ၂ဝဝ လောက်အထိ တိုက်ခတ်တာကြောင့်အကာအကွယ်သာမရှိရင် အချိန်အနည်းငယ်အတွင်းမှာပဲ အသက်ဆုံးရှုံးရဖွယ်ရှိပါတယ်။

Arabian Desert

အာရေးဘီးယန်းသဲကန္တာရဟာ အာရှတိုက်ရဲ့ အကြီးဆုံးသဲကန္တာရဖြစ်ပြီး အနောက်အာရှဒေသမှာ တည်ရှိပါတယ်။ ဂျော်ဒန်၊ အီရတ်၊ ကူဝိတ်၊ အိုမန်နဲ့ ဆော်ဒီအာရေးဗီးယားတို့ အပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ ရာသီဥတုအခြေအနေ မမှန်ဘဲ အလွန်ပူနေရာက ညဘက်ဆို ရုတ်တရက် အေးခဲသွားတတ်ပါတယ်။ပြင်းထန်လှတဲ့ရာသီဥတုမှာ နေထိုင်နိုင်တဲ့ သတ္တဝါတွေရှိနေတာကတော့ စိတ်ဝင်စားစရာကောင်း လှပါတယ်။ ဘယ်လိုအကောင်တွေလဲဆိုတော့ အမြီး မှာ ဆူးရှိတဲ့ ပုတ်သင်ညို၊ သဲကန္တာရကြောင်လေးတွေ နဲ့ (အောရစ်) Oryx လို့ခေါ်တဲ့ တောဆိတ်တွေဟာ ဒီကန္တာရ ထဲမှာ ကောင်းစွာရှင်သန်နိုင်ကြပါတယ်။ သံပ္ပံတွေရှိ နေတယ်ဆိုပြီး မှတ်တမ်းတွေရှိတာကြောင့် လူတွေ အတွက်တော့ ဒီကန္တာရထဲသွားလာဖို့ဆိုတာ အင်မတန် အန္တရာယ်များလှပါတယ်။

Karakum Desert

 

ဒီသဲကန္တာရကတော့ အာရှအလယ်ပိုင်းဒေသ က တာ့ခ်မင်နစ္စတန်နိုင်ငံထဲမှာ ဧရိယာအများစုပါဝင် နေပါတယ်။ Karakum ကတော့ တာတစ်ဘာသာ စကားနဲ့ အနက်ရောင်သံလို့ အဓိပ္ပာယ်ရပါတယ်။ ခြောက်သွေ့တဲ့ဒေသဖြစ်ပြီး နှစ်စဉ်မိုးရေချိန်ကတော့ ၃ လက်မနဲ့ ၆ လက်မကြားသာ ရွာသွန်းလေ့ရှိပါတယ်။ သဲကန္တာရအလယ် (အဲဝါဇေ) erweze ဒေသမှာတော့ ငရဲပြည်ရဲ့ တံခါးပေါက်လို့ တင်စားခေါ်ဝေါ်ကြတဲ့ မီးလောင်နေတဲ့ တွင်းပေါက်ကြီး (Door to Hell) ရှိနေပါတယ်။ဒီသဲကန္တာရထဲမှာ မြေအောက်သဘာဝဓာတ်ငွေ့ တွေ ယိုယွင်းလာပြီးနောက် ပေါ်ပေါက်လာခဲ့တဲ့မြေ အောက်အခေါင်းပေါက်တွေရှိနေတာကြောင့် ဒီကန္တာရ ကို Gates of Hels လို့လဲ ခေါ်ကြပါတယ်။ မြေ အောက်ကျင်းတွေမှာရှိတဲ့ အန္တရာယ်ဓာတ်ငွေ့တွေဟာ အနီးအနားကနေရာတွေကို ပျံ့နှံ့သွားနိုင်ပြီး နေထိုင် သူတွေအတွက် စိုးရိမ်စရာ အခြေအနေဖြစ်ပါတယ်။

Sahara Desert

ဆာဟာရသဲကန္တာရကတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးကန္တာရဖြစ်ပြီး အာဖရိကမြောက်ပိုင်း ဒေသမှာ တည်ရှိပါတယ်။ စတုရန်းမိုင် ၃ ဒသမ ၆ သန်းကျော် ကျယ်ဝန်းပြီး အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ ချဒ်၊ လစ်ဗျား၊ မာလီ၊ မော်ရီတေးနီးယား၊ မော်ရိုကို၊ နိုင်ဂျာ၊ ဆူဒန်နဲ့ တူနီးရှားနိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ ကန္တာရ နေရာအများစုဟာ အပင် တွေစိုက်ပျိုးလို့ မရတဲ့ ကျတ်တီးမြေတွေနဲ့ မာကျောတဲ့ တောင်ကုန်းမြင့်တွေသာဖြစ်ပါတယ်။ပုံမှန်အားဖြင့် အပူချိန် ၄၄ ဒီဂရီစင်တီဂရိတ် အထိရှိပြီး တစ်ခါတစ်ရံ ၅ဝ ဒီဂရီကျော်အထိ ပူပြင်း တတ်ပါတယ်။ ဒါပေမဲ့ ညအခါမှာ အအေးလွန်ကဲပြီး ရေခဲမှတ်အောက်အထိ ကျရောက်သွားတတ်ပြန်တယ်။ အပူအအေးလွန်ကဲကွာခြားတာကြောင့် ကျောက် ဆောင်၊ ကျောက်သားတွေဟာ အပူအအေးအပြောင်း အလဲဒဏ်ကို မခံနိုင်ကြသဖြင့် ကွဲအက်ပြီး သဲမှုန်များ ဖြစ်လာကြရပါတယ်။ ဒါ့အပြင် အပူလှိုင်း၊ သဲမုန်တိုင်း၊ ကင်းမြီးကောက်တွေရဲ့ အန္တရာယ်ကလံ ရှိနေပါသေးတယ်။

Atacama Desert

ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံး သဲကန္တာရ အဖြစ် သတ်မှတ်ခံထားရတာကတော့ Atacama ကန္တာရပဲဖြစ်ပါတယ်။ တည်နေရာကတော့ ချီလီ နိုင်ငံ မြောက်ဘက်ပိုင်း၊ အင်ဒီးစ်တောင်တန်းတွေရဲ့ အနောက်ဘက်မှာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အခြောက် သွေ့ဆုံးကန္တာရဖြစ်ပြီး ဒီကန္တာရထဲက တချို့နေရာတွေ ဆိုရင် လွန်ခဲ့တဲ့နှစ်သန်းချီကတည်းက မိုးအနည်းငယ် မျှပင် ရွာသွန်းမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ဒီကန္တာရမှာ ၁၅၇၀ ပြည့်နှစ်မှ ၁၉၇၁ ခုနှစ် အထိ နှစ်ပေါင်း ၄ဝဝ ကျော်လောက်ကို မိုးမရွာနဲ့ ဘူးလို့သိရပြီး ၂၀၁၅ ခုနှစ်မှာတော့ မိုးအသင့်အတင့် ရွာသွန်းမှုကြောင့် တချို့သစ်ပင်၊ ပန်းပင်တွေ ပေါက် ရောက်လာကြပါတယ်။ နှစ်စဉ် ပျမ်းမျှမိုးရေချိန်အနေ နဲ့ ဝ ဒသမ ၆ လက်မသာ ရှိပါတယ်။ ဒီကန္တာရရဲ့ လေထုနဲ့ ရာသီဥတုအခြေအနေဟာ မားစ်ဂြိုဟ်နဲ့ ယှဉ်နိုင်လောက်အောင်ကို ဆိုးရွားပါတယ်။ မားစ်ဂြိုဟ် ရဲ့ရာသီဥတုနဲ့ဆင်တာကြောင့် နာဆာရဲ့ စမ်းသပ်မှု တွေကို ဒီနေရာမှာ ပြုလုပ်ကြပါတယ်။အခြားသဲကန္တာရတွေလို အလွန်ပူပြင်းမှုမရှိဘဲ ပျမ်းမျှချိန်ကတော့ ၂၇ ဒီဂရီစင်တီဂရိတ်ဝန်းကျင် သာရှိတတ်ပေမဲ့ အပူချိန်ကျဆင်းချိန်မှာတော့ အနုတ် ၁၅ ဒီဂရီစင်တီဂရိတ်အထိ ရောက်သွားတတ်ပါတယ်။ ဒါ့အင် အောက်ဆီဂျင်နည်းပါးပြီး အသက်ရှူခက်ခဲ မှုတွေလဲရှိနေပါသေးတယ်။ ဒါပေမဲ့ ဒီလိုအခြေအနေ မျိုးတွေကို စမ်းသပ်ချင်သူတွေလဲရှိနေတာကြောင့် ဒီသံ ကန္တာရဟာ ချီလီနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားတွေ စိတ် ဝင်စားစရာနေရာတစ်ခုလဲ ဖြစ်နေပါသေးတယ်။