Knowledge and News

အရသာရှိတဲ့ ဝက်သားလုံးကြော်

Food

တစ်ရက် တစ်ရက် ဘာချက်ရမှန်းမသိဘူးဆိုတဲ့ အိမ်ရှင်မတွေအတွက် ထမင်းစားမကောင်းတဲ့နေ့တွေဆိုရင် အခုလို ဝက်သားလုံးကြော်ကြွပ်မွလေး လုပ်စားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်သား ၃၀၀ ဂရမ် (နုပ်နုပ်စဥ်းထားပါ)
  • ကြက်သွန်နီ ၈၀ ဂရမ် (နုပ်နုပ်စဥ်းထားပါ)
  • ပေါင်မုန့်ကြွပ်မှုန့် ၅၀ ဂရမ်
  • ခနောဆန်ပြုတ် တစ်ထုပ်
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (လှီးထားပါ)
  • ချင်း ၁လက်မရဲ့ လေးပုံတစ်ပုံ
  • ငရုတ်သီးစိမ်း ၃ တောင့် (အစပ်ကြိုက်လျှင်)
  • စပါးလင် ၃ ပင် (အစိမ်းရောင်အပိုင်းတွေကို ဖယ်ပြီး အဖြူအပိုင်းကိုပဲ လှီးထားပေးပါ)
  • ငံပြာရည် ထမင်းစားဇွန်း ၂ ဇွန်း
  • အုန်းနို့ခရင်မ် ထမင်းစားဇွန်း ၂ ဇွန်း
  • နံနံပင် ၂၀ ဂရမ် (လှီးထားပါ)
  • ကြက်ဥ ၁ လုံး
  • ရေ ထမင်းစားဇွန်း ၂ ဇွန်း

ချက်ပြုတ်ပြင်ဆင်ပုံ

  1. စပါးလင်၊ ကြက်သွန်ဖြူ၊ ချင်းနဲ့ ငရုတ်သီးစိမ်းတွေကို ထောင်းထားပါ။

  2. ငံပြာရည်ထည့်ပြီး အနှစ်ရတဲ့အထိ အားလုံးရောထောင်းထားပါ။

  3. ပန်းကန်လုံးတစ်ခုထဲမှာ ဝက်သားကို ထည့်ပါ။ ငရုတ်သီးအရောင်တင်မှုန့်၊ ကြက်သွန်နီ၊ နံနံပင်၊ အုန်းနို့ ခရင်မ်တွေကို ထည့်ပါ။ ထောင်းထားတဲ့ အနှစ်ကို ထည့်ပါ။

  4. လက် ဒါမှမဟုတ် ဇွန်းကို အသုံးပြုပြီး ဝက်သားကို နှံ့အောင်နယ်ပြီး အလုံးလေးတွေ လုံးထားပါ။

  5. ပန်းကန်ပြား ဒါမှဟုတ် အကင်ဗန်းတစ်ခုထဲ ပေါင်မုန့်ကြွပ်မှုန့်နဲ့ ခနောဆန်ပြုတ်မှုန့်တွေ လောင်းထည့်ပြီး သမအောင် မွှေပါ။

  6. ပန်းကန်လုံးတစ်ခုထဲမှာ ကြက်ဥဖောက်ထည့်၊ ရေထည့်ပြီး မွှေထားပါ။ လုံးထားတဲ့ ဝက်သားလုံးလေးတွေကို ကြက်ဥနှစ်ကပ်ပြီး မုန့်ကြွပ်မှုန့် + ခနောဆန်ပြုတ်မှုန့် ရောထားတာနဲ့ ကပ်ပါ။

  7. ဆီပူထဲမှာ ရွှေရောင်သမ်းတဲ့အထိကြော်ပြီး ဆီစစ်ပြီး သုံးဆောင်နိုင်ပါပြီ။

    Credit: https://www.howtocook.com.mm