Knowledge and News

လူ့ဘဝရဲ့တကယ့်အနှစ်အရသာ

Thinking

တစ်နေ့မှာချမ်းသာတဲ့ဖခင်တစ်ယောက်က သားဖြစ်သူကို ခရီးတစ်ခုကိုခေါ်သွားတယ်။ တချို့သောလူတွေ ဘယ်လောက်ဆင်းရဲနေတယ်ဆိုတာ ပြသဖို့ပေါ့။ သူတို့ဟာ ဆင်းရဲတဲ့မိသားစုတစ်ခုရဲ့ယာခင်းထဲမှာအချိန်အတော်ကြာအောင် နေခဲ့ကြတယ်။

အိမ်ပြန်တဲ့လမ်းမှာ ဖခင်ကပြောတယ်။
“သူတို့ဘယ်လောက်ဆင်းရဲတယ်ဆိုတာ သား သိပြီမဟုတ်လား။ သား ဘာတွေသင်ယူသလဲ”သားဖြစ်သူကပြန်ပြောတယ်။
“ကျွန်တော့်မှာခွေးတစ်ကောင်ရှိတယ်၊ သူတို့မှာလေးကောင်ရှိတယ်။ ကျွန်တော်တို့မှာရေကူးကန်ရှိတယ်။ သူတို့မှာမြစ်ပြင်ကြီးရှိတယ်။ ကျွန်တော်တို့မှာ အိပ်ခါနီးရင် ညအိပ်မီးတွေရှိတယ်၊ သူတို့မှာကောင်းကင်က ကြယ်တွေအများကြီးရှိတယ်။ ကျွန်တော်တို့ကအစားအသောက်တွေဝယ်စားရတယ်။
သူတို့ကသူတို့ဖာသာ စိုက်ပျိုးပြီးစားတယ်။ ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အဆောက်အအုံ နံရံတွေလုပ်ထားတယ်။ သူတို့မှာ သူတို့ကိုကာကွယ်ဖို့ သူငယ်ချင်းတွေရှိတယ်။ တရားစာအုပ်တွေရှိတယ်၊ ဗဟုသုတအသိအမြင်တွေရှိတယ်။

“ကျွန်တော်တို့ကိုတကယ်ချမ်းသာအောင်လုပ်ပေးနေတာ ငွေကြေးတွေမဟုတ်ပါဘူး။ တကယ်တော့ဘုရားသခင် ဖန်ဆင်းထားတဲ့ ရိုးရှင်းတဲ့ လူနေမှုဘဝတွေကသာ ကျွန်တော်တို့တကယ်ချမ်းသာ ပိုင်ဆိုင်တဲ့အရာတွေပါ။ ကိုယ်ဟာဆင်းရဲနေပေမယ့် စိတ်ဓာတ်ကျဖို့မလိုပါဘူး။ ကိုယ့်မှာအိပ်စက်စရာ ကမ္ဘာမြေကြီးရှိတယ်။ လုံခြုံတဲ့ကောင်းကင်ကြီးရှိတယ်။ ညဘက်ဆိုရင်ညအိပ်မီး ကြယ်ကလေးတွေရှိတယ်။ လေအေးပေးစက်ထက်ကောင်းတဲ့လေနုအေးလေးတွေရှိတယ်။ ချမ်းသာအောင်၊ လူနေမှုအဆင့်အတန်းမြင့်မားအောင် ကြိုးစားကြရမယ်ဆိုတာမှန်ပေမယ့်လည်း လူ့ဘဝရဲ့တကယ့်အနှစ်သာရကိုတော့ ကျွန်တော်တို့သိဖို့လိုတယ်။
Credit: သက်တန့်ချို