Knowledge and News

လူတိုင်းကြိုက်တဲ့ ဂဏန်း မဆလာချက်

Food

လူတိုင်းကြိုက်တဲ့ ဂဏန်းမဆလာ ချက်နည်းလေးကို ဒီတစ်ပတ်အတွက် ဝေမျှပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း
  • ကြက်သွန်အနီ
  • ကြက်သွန်အဖြူ
  • အစိမ်းမှုန့်
  • နနွင်းမှုန့်
  • ငါးငံပြာရည်(သို့)ပဲငံပြာရည်အကျဲ
  • ခရုဆီ
  • မဆလာ
  • အရသာမှုန့်
  • နံနံပင်

ပြုလုပ်နည်း

သန့်စင်ပြီးသား ဂဏန်းတွေကို ခြေသည်းလေးတွေညှက်ထုတ်ပေးပြီး၊ဂဏန်းလက်မနဲ့ ခြေချောင်းများကိုအနည်းငယ်ထုပေးပါ။ဒါမှသာဂဏန်းအနှစ်ရဲ့အရသာက ဂဏန်းအထဲထိစိမ့်ဝင်ပြီး စားရတဲ့အခါမှာလဲ နူးနူးအိအိလေးဖြစ်နေမှာပါ။

အနှစ်ချက်ဖို့အတွက် ဆီပူအောင်တည်ထားပေးပါ။ကြက်သွန်အဖြူအနီထောင်းထားတာထည့်ပါ။နနွင်းမှုန့်နဲ့ အစိမ်းမှုန့်ထည့်ပြီးဆီသတ်ပေးပါ။ကြက်သွန်တွေကျက်ပြီဆိုတာနဲ့ ဂဏန်းတွေကိုထည့်ပြီးမွှေပေးပါ။ခရုဆီထည့်ပေးပါ။ငံပြာရည်ထည့်ပေးပါ။အဖုံးအုပ်ထားပေးပါ။ဂဏန်းကအကြာကြီးချက်စရာမလိုပါဘူးနော်။၁၅မိနစ်လောက်ဆိုရပါပြီ။ဟင်းအနှစ်ပျစ်ပျစ်လေးရစေဖို့အတွက် ပြောင်းဖူးမှုန့်လေးကိုရေဖျော်ပြီးထည့်ပေးပါနော်။ဟင်းအိုးချခါနီးမှမဆလာအုပ်ပေးပါ။ပြီးလျှင်နံနံပင်လေးအုပ်ပေးပါ။ဒါဆိုရင်တော့ ထမင်းနဲ့ပဲစားစား ပေါင်မုန့်လေးနဲ့ပဲတွဲစားစားအရမ်းကိုအရသာရှိတဲ့ ဂဏန်းမဆလာချက်လေးရပါပြီနော်။

Credit: https://www.marry.com.mm