Knowledge and News

ပင်လယ်သေ ( Dead Sea ) မှာ ဘာကြောင့် လူတွေ ရေပေါ် ပေါ်နေနိုင်သလဲ

Knowledge, Sciences & technology

Dead Sea လို့ သိကြတဲ့ ပင်လယ်သေဟာ ကုန်းတွင်းပင်လယ် ဒါမှမဟုတ် အိုင်ကြီး တစ်အိုင်ပဲ ဆိုပါတော့။ အိုင်ကြီးဟာ ထူးခြားစွာပဲ ပင်လယ်ရေမှတ် Sea Level အောက် မီတာ ၄၀၀ ကျော် နိမ့်ပြီး တည်ရှိနေတဲ့ ကမ႓ာ့အနိမ့်ဆုံးနေရာလည်း ဖြစ်ပါတယ်။ ရေငန်နှုန်း အရမ်းမြင့်မားပြီး သူ့ဆီ စီးဝင်တဲ့ ပင်မ မြစ်ချောင်းအင်းအိုင်ပင်လယ်သမုဒ္ဒရာတွေ မရှိဘဲ၊ သီးသန့် ဖြစ်တည်နေတဲ့ ထူးခြားတဲ့ အိုင်ကြီးပါ။ ပင်လယ်သေမှာ ထူးခြားမှုတွေ များစွာပေါင်းစပ်နေတယ်။ သူ့ရဲ့ အငန်နှုန်း အရမ်းမြင့်မားတာကြောင့် ရေပေါ်မှာ အလိုလို ပေါလောပေါ်နေနိုင်တာပါပဲ။ ဒါကြောင့် ရေကူးတတ်တတ် မတတ်တတ်၊ အဲ့ဒီမှာ ရေဆင်းကူးရင် ရေပေါ် အလိုလို ပေါလောပေါ်နေတာကို တွေ့ကြုံရကြမှာပါ။ Life Jacket ဝတ်ထားသလို ဖြစ်နေပြီး သူ့ရေက လူတစ်ကိုယ်လုံးကို ရေပေါ် ကိုယ်ဖော့ထားသလို ပေါ်နေစွမ်းပါတယ်။ ဒါကြောင့်လည်း အထူးနာမည်ကြီးပါတယ်။

နောက်တစ်ချက်က သူ့ဆီကထွက်တဲ့ အမည်းရောင်ရွှံ့ ကြောင့်လည်း အထူးနာမည်ကျော်ပါတယ်။ အဲ့ဒီရွှံ့တွေကို တခုတ်တရ လာရောက်ပြီး တစ်ကိုယ်လုံးလူးတယ်။ မျက်နှာကအစ မျက်စိနှစ်ကွင်းကို ချန်လှပ်ပြီး လူးလို့ သဘာဝအတိုင်း ပေါင်းတင်ကြတယ်။ အသားအရေကို ချောပြီး လှပစေတယ်လို့ ယူဆကြတယ်။ ပင်လယ်သေဒေသဟာ ပူပြင်းလွန်းတယ် (တစ်နှစ် ရဲ့ ပျှမ်းမျှ အပူချိန် က ၂၅ ဒီဂရီ စင်တီဂရိတ်မှာ ရှိတယ်)။ ရေငွေ့ပျံနှုန်း များတယ်။ ရေထဲမှာပါဝင်တဲ့ ဆားဓာတ် က ၂၅%-၃ဝ% ရှိ တယ်။ ဆားဓာတ် ပါဝင်မှုမြင့် လို့ ပိုးမွှား တချို့ကလွဲပြီး တခြား ရေသတ္တဝါ တွေ ဟာ ပင်လယ်သေ မှာ မရှင်သန်နိုင်ကြဘူး။ ပင်လယ်သေက ပေါင်းအိုးတစ်လုံးနဲ့တူတယ်။ ရေငွေ့တွေ အဆက်မပြတ်ပျံပြီး ဆားတွေကိုသာ ရေကန်ထဲ ကျန်စေခဲ့လို့ အခုအချိန် တချို့နေရာ မှာ ရေထဲ ဆားဓာတ် ပါဝင်မှု က ပိုများလာပြီး သာမန် ပင်လယ်ရေထက် ဆားဓာတ် ပါဝင်နှုန်း ၈.၆ဆရှိခဲ့တယ်။

ဆားဓာတ် ပါဝင်နှုန်းများလို့ ဆက်စပ် သိပ်သည်းမှုလည်း များ ခဲ့တယ်။ ရေသိပ်သည်းမှု၁.၂ ခန့်က သာမန်လူတစ်ယောက်ရဲ့ ၁.၁ လောက်သာရှိတဲ့ သိပ်သည်းမှုထက် ပိုများနေခဲ့လို့ လူတွေဟာ ရေထဲနစ်မြှုပ်မသွားဘဲ ရေပေါ်ဘောလော ပေါ်နေတာဖြစ်တယ်။ ရေမကူးတတ်လည်း ပင်လယ်သေထဲမှာ သင်ဟာ ကုတင် ပေါ်လဲ နေသလို စာဖတ်၊ အပန်းဖြေနိုင်ပါတယ်။ ပင်လယ်သေဟာ ဂျော်ဒန်နိုင်ငံအရှေ့ဘက်၊ ပါလက်စတိုင်း အနောက်ဘက်ကမ်းနဲ့ အစ္စရေးနိုင်ငံကြားမှာ တည်ရှိတယ်။ ပင်လယ်သေထဲ အဓိကစီးဝင်တဲ့မြစ်က ဂျော်ဒန်မြစ်ဖြစ်တယ်။

Credit – ရေးသားသူ : Eaint Myat Chel