Knowledge and News

ဝံပုလွေတွေရဲ့ အမူအကျင့်နဲ့ ဒသန

Knowledge, Thinking

(၁) ဝံပုလွေတွေဟာ ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့ အနေနဲ့ဆိုပြီး ကိုယ်ငယ်ရွယ်အားပျော့ချိန်မှာ ကိုယ့်ထက်အင်အားကြီးမားသူကို မတိုက်ခိုက်ဘူး။

(၂) တကယ်လို့ မဖြစ်မနေ ကိုယ့်ထက်အင်အားကြီးသူကို တိုက်ခိုက်ရတော့မယ်ဆိုရင် အုပ်စုအင်အားနဲ့ပဲ တိုက်ခိုက်တယ်။

(၃) ဝံပုလွေလည်း တောဘုရင်ဖြစ်ချင်တာပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုတော့ ဝံပုလွေဆိုတာကို သူတို့သိတယ်။

(၄) ဝံပုလွေတွေက ကုန်ကျမှုနည်းနည်းနဲ့ အကျိုးအမြတ်များများအတွက် ဘယ်လိုလုပ်ရမယ်ဆိုတာကို သိတယ်။

(၅) ဝံပုလွေတွေဟာ တစ်ကိုယ်တည်းလှုပ်ရှားတတ်တယ်ဆိုပေမယ့် သူတို့ဟာ စည်းရုံးမှုအကောင်းဆုံး တိရစ္ဆာန်ဖြစ်တယ်။ ထိခိုက်ဒဏ်ရာရတဲ့ ကိုယ့်အဖော်ကို တစ်ကောင်တည်းထားပြီး သူတို့ထွက်မပြေးတတ်ဘူး။

(၆) ဝံပုလွေတွေလည်း ရိုးသားဖြူစင်တဲ့ တိရစ္ဆာန်ဖြစ်ချင်ကြတယ်။ ဒါပေမယ့် သူတို့ရဲ့အစာအိမ်က အသားငါးတွေကိုပဲ အစာခြေနိုင်ခဲ့တယ်။ ဒါကြောင့် သူတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဖမ်းမိတဲ့သားကောင်ကို ပြောင်ပြောင်စင်စင် စားလိုက်တာပါပဲ။ ရိုးသားဖြူစင်တယ်လို့ ကိုယ့်ကိုယ်ကိုထင်သူတချို့က မမြင်ကွယ်ရာမှာ မရိုးသား၊ မဖြူစင်တဲ့အလုပ်တွေ လုပ်နေတတ်ကြပါတယ်။

(၇) ဝံပုလွေတွေဟာ ကိုယ့်ပြိုင်ဖက်ကို အလေးထား၊ လေးစားတယ်။ ကိုယ့်ပြိုင်ဖက်နဲ့ မတိုက်ခိုက်ခင် ပြိုင်ဖက်အကြောင်းကို လေ့လာထားတတ်တယ်။ ပြိုင်ဖက်ကို ဘယ်တော့မှ ပေါ့ပေါ့မတွက်ဘူး။ ဒါကြောင့် ဝံပုလွေတွေဟာ တိုက်ခိုက်တိုင်း ရှုံးနိမ့်သလောက် မရှိခဲ့ပါဘူး။

(၈) ဝံပုလွေအဖိုဟာ ဝံပုလွေအမ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ဝံပုလွေမကို စောင့်ရှောက်တော့တယ်။ ရင်သွေးငယ်မွေးဖွားပြီး ရင်သွေးငယ်ကိုယ်တိုင် လမ်းလျှောက်နိုင်၊ အစာရှာနိုင်တဲ့အထိ စောင့်ရှောက်တယ်။ ဝံပုလွေတွေဟာ သာမန်အားဖြင့် တလင်တမယားကို ပိုအသားပေးတယ်။ ကိုယ့်အဖော်အသက်ရှင်နေသရွေ့ သက်ဆုံးတိုင်အတူနေတယ်။ ကိုယ့်အဖော်သေဆုံးသွားပြီဆိုမှ တခြားအကောင်နဲ့ နေတတ်တယ်။ ဝံပုလွေတွေဟာ သစ္စာရှိတယ်။ ဒါကြောင့် ရက်စက်တဲ့အသဲနှလုံးရှိသူတွေကို ဝံပုလွေနဲ့မနှိုင်းစေချင်ဘူး။

(၉) ဝံပုလွေမိဘတွေဟာ ကိုယ့်ကလေးတွေ ကိုယ်တိုင်အစာရှာနိုင်၊ ကိုယ့်ကိုယ်ကိုအားကိုးနိုင်ပြီဆို သူတို့အနားကခွာတယ်။ တကယ်လို့ ဝံပုလွေဟာ ဝံပုလွေလို မကျင့်ကြံရင် သိုးပဲဖြစ်မယ်ဆိုတာကို ဝံပုလွေတွေသိလို့ဖြစ်တယ်။

(၁ဝ) ဝံပုလွေတွေဟာ အစာလို့လို ကိုယ့်သိက္ခာကိုတောင်မငဲ့ဘဲ သခင်ကို အမြီးနှံ့ပြတတ်သူ မဟုတ်ဘူး။ ဝံပုလွေတွေဟာ မာနထောင်လွှား စိတ်ကြီးဝင်တာကို မကောင်းဘူးဆိုတာသိတယ်။ ဒါပေမဲ့ ကိုယ့်ဂုဏ်သိက္ခာနဲ့ ကိုယ်နေရတယ်ဆိုတာကိုတော့သိတယ်။

ဒါတွေကတော့ ဝံပုလွေတွေရဲ့ အမူအကျင့်အချို့နဲ့ဒသနတွေပါပဲ..

Credit- Original Writer