Knowledge and News

ပုဂံရာဇဝင်ထဲက အလောင်းစည်သူမင်း ဖောင်စကြာ (သို့မဟုတ်) ပျောက်ဆုံးနေသော ယာဉ်ပျံအကြောင်း

History, Knowledge

ပုဂံမင်းဆက်များထဲတွင်အလောင်းစည်သူမင်းသည်အလွန်ဘုန်းကြီးသော မင်းဖြစ်ပါတယ်။ အိမ်နီးချင်း တွေဖြစ်တဲ့ အိန္ဒိယ ခမာနဲ့ထိုင်းတို့ကအလောင်းစည်သူမင်းကိုနတ်ဘုရားတစ်ပါးလို့တင်စားကြပါတယ်။အလောင်းစည်သူ မင်းကြီးဟာတိုင်ခန်းလှည့်လည်တဲ့အခါမှာဖောင်စကြာဆိုသည့်ယာဉ်ပျံကိုအသုံးပြုကာလှည့်လည်ခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အလောင်းစည်သူမင်း နတ်ရွာစံပြီးနောက်မှာတော့ ထို ဖောင်စကြာဆိုတဲ့ ယာဉ်ပျံ အကြောင်းကိုရေးသားထားခြင်းကို မတွေ့ရှိတော့ပါဘူး။


ထိုဖောင်စကြာဆိုသည့်ယာဉ်ပျံမှာအဘယ်သို့ရောက်ရှိသွားပါသနည်း အလောင်းစည်သူမင်း၏ဘုန်းကံကြောင့်ရရှိခဲ့သောဖောင်စကြာယာဉ်ပျံမှာအလောင်းစည်သူမင်းနတ်ရွာစံချိန်မှာရုတ်တရက် ပျောက်ကွယ်သွားခြင်းလား ?ထို့ အလောင်းစည်သူမင်း၏ ဘဝနေဝင်ချိန်မှာအံသြဖွယ်ကောင်းလှသည်။မိမိ၏သားအရင်းဖြစ်သော နရသူမင်း၏ခေါင်းအုံးနှင့်ဖိသတ်ခြင်းကိုခံခဲ့ရခြင်းဖြစ်သည်။ နရသူမင်း သည် ဖခင်အရင်း ကိုကိုယ်တိုင်သတ်မိသည့်အတွက်ကြောင့်မိမိ၏အပြစ်ကိဆေးကြောရန်အတွက်ထုထည်ကြီးမားပြီးလှသောဓမ္မံရံကြီးဘုရားကိုအကြီးအကျယ်တည်ဆောက်စေသည်။


အုတ်တစ်ခုနှင့်တစ်ခုကြားအပ်ထိုးလိုမရအောင်တည်ဆောက်စေသည်။ထိုနောက်ဓမ္မရံကြီးဘုရား၏အတွင်းဘက်အခန်းနံရံများအားအသေပိတ်ပစ်စေပြီးထိုအခန်များအားတာဝန်ယူတည်ဆောက်စေသောဗိသုကာပညာရှင်များအားလည်နူတ်ပိတ်သည့်အနေဖြင့်သေဒဏ်ပေးသည်။ဓမ္မရံကြီးဘုရားသည် မြန်မာသာမက ကမ္ဘ္ဘ္ဘာကျော်သောဘုရားတစ်ဆူဖြစ်သည်။ ထိုအပြင် အာကာသပညာရှင်များ ၏ စိတ်ဝင်စား စေသော ဘုရားတစ်ဆူဖြစ်သည်။
ဓမ္မရံကြီး ဘုရား၏ တည်ဆောက်ပုံသည်အီဂျစ်ဘုရင်များ တည်ဆောက်ခဲ့သော ပိရမစ် များနှင့် များစွာ ဆင်တူသောကြောင့် အီဂျစ်တို့၏ဗိသုကာ ပညာနှင့် ပုဂံနိူင်ငံသားတို့၏ ဗိသုကာပညာ သည် ဆက်စပ်မူ ရှိနိူင်သည်ဟု အာကာသသိပ္ပံပညာရှင်များ ရှေးဟောင်းသုတေသန များကမှတ်ချက်ချကြသည်။ ထိုအပြင် အီဂျစ် တို့ ကိုးကွယ်သော နတ်ဘုရား တံဆိပ်များ နဂါး များ အားပုဂံဘုရားအခိူ့၌တွေ့ရှိရမူနှင့်တစ်ချိန်ကပုဂံဒေသကကိုးကွယ်ခဲ့သောနတ်နဂါးအရည်းကြီးကိုးကွယ်မူတို့သည်ဘုံဝါဒ တစ်ခုတည်းဖြစ်နိူင်သည်ဟုထင်ကြေးပေးကြပြီး သုတေသနများ လုပ်ကာရှာဖွေကြသည်။


ထိုအပြင် ပုဂံဒေသက ဗုဒ္ဓဘာသာအဆောက်အဦးတို့သည်အရည်းကြီးတို့၏သာသနာနိကအဆောက်အဦးများ ဖြစ်နိူင်ခြေ ရှိသည်။ အဘယ်ကြောင့်ဆိုသော်ပုဂံမင်းဆက်ပေါင်းများစွာအပေါ်အုပ်စိုးခဲ့သောအရည်းကြီးသာသနာသည်ှဗုဒ္ဓသာသနာထွန်းကားလာချိန်တွင်ပျောက်ကွယ်သွားခဲ့သော်လည်းသက်သေပြစရာအဖြစ်နတ်ရုပ်များနဂါးရုပ်များနှင့်အရည်းကြီးတို့ကိုးကွယ်သောနတ်ဘုရားကျောင်းမှာ အဘယ်ကြောင့် မကြွင်းကျန်ရစ်သနည်း။သမိုင်းသုတေသန အခိူ့က ထိုနတ်ဘုရား ကျောင်းများ အပေါ်တွင် ဗုဒ္ဓဘာသာဝင်တို့က ပြန်လည်မွန်းမံ ဖြည့်စွက်ပြီးဘုရားစေတီတည်ခဲ့သည်ဟုယူဆကြသည် ( ဤအယူအဆမမှန်နိူင် ) ဓမ္မံရံကြီး ဘုရားအားအာကာသသိပ္ပံပညာရှင်များပိုမိုစိတ်ဝင်သွား စေသည့် အချက်မှာ နာမည်ကျော်အာကာသအဖွဲ့အစည်းဖြစ်သည့်နာဆာအဖွဲ့အစည်းထံမှလျိုဝှက်စွာပေါက်ကြားလာသော ဓါတ်ပုံ များထဲ့ တွင် ဓမ္မံရံကြီးဘုရားဓါတ်ပုံလဲပါဝင်လာသည်။

ထို ဓါတ်ပုံ ကြောင့် အာကာသ သိပ္ပံပညာရှင်များမှာဓမ္မရံကြီးဘုရားအား ပိုမိုစိတ်ဝင်စားလာခဲ့သည်။ဓမ္မရံကြီးဘုရားသည်လည်းစိတ်ဝင်စားရာကောင်းလောက်အောင် ပဟေဌိ များနှင့်ပြည့် နေသည်။ိနရသူမင်းသည် အဘယ်ကြောင့် ဘုရားအတွင်းဘက်ခန်းရှိ နံရံများ အား အသေပိတ်ပစ်စေခဲ့သနည်း?တာဝန်ယူတည်ဆောက်သောပန်းရံပညာရှင်များအဘယ်ကြောင့် နူတ်ပိတ်ပစ်စေခဲ့သနည်း?သုသေနသမားများ ရတနာသိုက် မုဆိုးများ ၏ပြောကြားချက် များ၌ ဓမ္မရံကြီးဘုရား၏ ဌာပနာတိုက်သည် သာမန်ဘုရားများ၏ ဌာပနတိုက်ထက်အလွန်ကျယ်ဝန်းသော အခန်းနှစ်ခန်း ဖြစ်ပုံရပြီးတစ်ခန်း၌ အလောင်းစည်သူမင်း ၏ ပိုင်ဆိုင်သောပစ္စည်းများနှင့်ရတနာများဌာပနာထားပုံရသည်ဟုထင်ကြေးပေးကြသည်။
ထိုပညာရှင်များ၏ မှတ်ချက်အရအလောင်းသည်စည်သူမင်း ပိုင်ဆိုင်သော ပစ္စည်းများထဲတွင် ဖောင်စကြာယာဉ်ပျံလဲ ပါနိုင်လောက်သည်။အလောင်းစည်သူမင်းသည်မဟာသမုဒ္ဒရာအားသွားရာ၌ဖောင်စကြာဆိုသည့်ယာဉ်ပျံအားအသုံးပြုခဲ့သည်ဟုဆိုရာတွင်ယခုခေတ်တွင်မဟာသမုဒ္ဒရာအားစကြာဝဋ္ဌာဟုသတ်မှတ်လျင်အလောင်းစည်သူမင်း၏ ဖောင်စကြာဆိုသည်မှာ အာကာသယာဉ်တစ်ခုဖြစ်နိုင်ပေသည်။
ထို အယုူအဆအားခိုင်မာအောင်ထောက်ပံပေးနေသည်မှာUFoများနှင့်Alienတို့အကြောင်းအားအသည်းအသန်လေ့လာနေသောနာဆာအဖွဲ့အစည်းထံမှဓမ္မံရံကြီးဘုရားအားရူထောင့်အမိူးမိူးက ရိုက်ထားသောဓါတ်ပုံများကြောင့်ဖြစ်သည်။ထိုအပြင် ပုဂံဒေသ ဘုရား စေတီ များ အပေါ်၌ ပျံဝဲနေသော UFO ယာဉ်ပျံ အခိူ့ အကြောင့်ပုဂံဒေသ၏ဘုရားစေတီအခိူ့သည် အာကာသသီအိုရီများ Alien Theory များ နှင့် ဆက်နွယ်မူရှိသည်ဟုကောက်ချချနိူင်ပေသည်။
ထိုအပြင်ပုဂံဒေသ ဘုရားစေတီ များ၏ပတ်ဝန်းကျင်၌ကွင်းပြင်အကျယ်ကြီးများ၊ ပုဂံဘုရားအခိူ့အား လူတစ်ရစ်နတ်တစ်ရစ် တည်ဆောက်ခဲံသည်ဟုသော အယူအဆများ၊နာဆာအဖွဲ့အစည်းထံမှပုဂံဘုရား အခိူ့၏ ဓါတ်ပုံများကြောင့် ပုဂံဒေသသည် UFoများ Alien များနှင့် ပတ်သတ်မူရှိခဲ့လေ သလား ဟု ယူဆရသောသက်သေများဖြစ်သည်။
Credit – ရေးသားသူ :H.H