Knowledge and News

သရဲရှိတဲ့အိမ်ဖြစ်ကြောင်းသိနိုင်တဲ့ လက္ခဏာ(၁၂)ချက်

Knowledge

သရဲရှိတဲ့အိမ်ဖြစ်ကြောင်းသိနိုင်တဲ့ လက္ခဏာ(၁၂)ချက်

အောက်ပါလက္ခဏာရပ်တွေ ပြနေပြီဆိုရင် အဲဒီအိမ်မှာ သရဲတစ္ဆေရှိနေတာ ဖြစ်နိုင်ပါတယ်။

၁။ တိရစ္ဆာန်လေးတွေ အကြောင်းမဲ့ မာန်ဖီခြင်း
သင့်ခွေးက အခန်းတစ်ခန်းကိုပဲ အကြောင်းမဲ့ ထိုးဟောင်းနေသလား။ အိမ်မွေးတိရစ္ဆာန်လေးတွေက အကြောင်းမဲ့ မာန်ဖီခြင်းတွေနဲ့ ထူးခြားတဲ့ အပြုအမူတွေ ပြုလုပ်လာပြီဆိုရင် သူတို့က သင်မမြင်နိုင်တဲ့ အရာတစ်ခုခုကို မြင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

၂။ နေရာတစ်နေရာတည်းမှာပဲ ကွက်ပြီး အေးစိမ့်နေခြင်း
ရုတ်တရက်ကြီး ချမ်းစိမ့်သွားတာမျိုးဆိုရင် အနီးအနားမှာ သရဲတစ္ဆေရှိနေလို့ ဖြစ်နိုင်ပါတယ်။

၃။ ဆူညံသံများ
တံခါးခေါက်သံ၊ ကုတ်ခြစ်သံ၊ တဒုန်းဒုန်းထုသံတွေ ကြားနေရပြီး လုပ်တဲ့သူကို ရှာမတွေ့ဘူး၊ ဒါမှမဟုတ် အိမ်ထဲမှာ တခြားသူမရှိဘဲ ဒီလိုအသံတွေကြားရရင်လည်း သရဲတစ္ဆေဖြစ်နိုင်ပါတယ်။

၄။ ပစ္စည်းတွေ ပျောက်သွားပြီး မမျှော်လင့်ဘဲ ပြန်ပြန်ပေါ်လာခြင်း
ပစ္စည်းတွေကို ကိုယ်ထားတဲ့နေရာမှာ ပြန်ရှာမတွေ့ဘဲ နောက်မှ တခြားတစ်နေရာရာမှာ ပြန်ရှာတွေ့ပြီဆိုရင်တော့ တစ်ဦးတစ်ယောက်က ယူသွားတာဖြစ်နိုင်ပါတယ်။ သင့်အိမ်မှာ အဲဒီလို ယူမယ့်သူ မရှိဘူးဆိုရင်တော့ အဖြေက ရှင်းနေပါပြီ။

၅။ လူမရှိဘဲ တံခါးတွေ ပိတ်သွားခြင်း
ဒီလိုအဖြစ်မျိုးကို ကိုယ်တိုင်မြင်တွေ့ရတာ ရှားပါတယ်။ ဒါပေမဲ့ တံခါးပိတ်သံကြားရပြီး သွားကြည့်လိုက်တော့ ဖွင့်ထားခဲ့တဲ့တံခါးက သူ့အလိုလို ပိတ်သွားတာမျိုးကိုတော့ လူတော်တော်များများ ကြုံတွေ့ဖူးတယ်လို့ ဆိုပါတယ်။

၆။ မီးတွေ အလိုလို ဖွင့်ပိတ်ခြင်း
တံခါးတွေဖြစ်သလိုမျိုးပါပဲ။ သင့်ရှေ့မှာ ဖွင့်ပိတ်သွားတာမျိုးတော့ မဖြစ်ပါဘူး။။ ဒါပေမဲ့ မီးကို ဖွင့်ထားခဲ့ပေမဲ့ ပြန်ဝင်လာတော့ မီးကပိတ်နေတာမျိုး ဖြစ်တာပါ။ အဲဒီလိုပဲ တီဗွီတို့၊ ရေဒီယိုတို့လည်း ဖြစ်တတ်ပါတယ်။

၇။ တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ခံစားရခြင်း
အထူးသဖြင့် အိမ်ရဲ့ နေရာတစ်နေရာကို ရောက်တိုင်း တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ခံစားရရင်ပေါ့။

၈။ ကြမ်းပြင်၊ နံရံနဲ့ ပရိဘောဂပစ္စည်းတွေမှာ အစွန်းအထင်းတွေ တွေ့ခြင်း
ဘယ်ကဘယ်လိုရောက်လာမှန်းမသိဘဲ တွေ့ရတဲ့ အမှတ်အသား၊ ခြေရာ၊ လက်ရာနဲ့ လက်ရေးလို ဆေးကွက်တွေကို သရဲခြောက်တဲ့ အိမ်တွေမှာ မြင်တွေ့ရတတ်ပါတယ်။

၉။ ထူးဆန်းတဲ့ အရိပ်တွေ
သရဲရှိတဲ့အိမ်တွေမှာ သင့်ရဲ့မျက်လုံးထောင်ကနေ အမည်းရောင်အရိပ်ကို ရိပ်ခနဲတွေ့တာမျိုးလည်း ဖြစ်တတ်ပါတယ်။

၁၀။ ကလေးငယ်တွေက လူမရှိဘဲ စကားပြောခြင်း
ကလေးတွေက လူမရှိဘဲနဲ့ တစ်ယောက်ယောက်ရှိနေသယောင် စကားပြောနေပြီဆိုရင် သူတို့ဟာ ဝိဉာဉ်တွေနဲ့ စကားပြောတာ ဖြစ်နိုင်ပါတယ်။

၁၁။ ကိုယ့်အသားကို ထိကိုင်တယ်လို့ ခံစားရခြင်း
တချို့ဆိုရင် ဆွဲစိတ်သလိုတောင် ခံစားရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးဖြစ်တာ ရှားပါးပါတယ်။

၁၂။ တီးတိုးသံ
မသဲမကွဲအသံတွေ ဒါမှမဟုတ် ဂီတသံတွေ ကြားရတယ်ဆိုရင် သင့်အိမ်ထဲကို ဝိဉာဉ်တွေဝင်လာပြီး သင်နဲ့ ဆက်သွယ်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်။