Knowledge and News

ခေတ်မီ ရေစွမ်းအင်သုံးမော်တော်ဆိုင်ကယ်

Sciences & technology

ဘရာဇီးနိုင်ငံ၊ Sao Paulo မှအရာရှိ Ricardo Azevedo ဟာ သူ့ရဲ့ ၁၉၉၃ Honda NX 200 ကို ရေစွမ်းအားနဲ့ စီးနိုင်တဲ့ မော်တော်ဆိုင်ကယ် တစ်စီးအဖြစ် တီထွင် ခဲ့ပါတယ်။ ဒီ ပရောဂျက်ကို “ Motor Power H20 ” လို့အမည်ပေးထားပြီးတီထွင်ထားတဲ့ မော်တော်ဆိုင်ကယ်မှာ ရေတစ်လီတာထည့်ပြီးမောင်းနှင်လျှင် မိုင် ၅၀၀ အထိ ခရီးရောက်နိုင်ခဲ့ပါတယ်။

“ဒီပစ္စည်းတွေက ရေမော်လီကျူးကို ကွဲစေပြီး အဲဒီမော်လီကျူးကို အောက်ဆီဂျင်နဲ့ ဟိုက်ဒရိုဂျင်အဖြစ် ပြောင်းလဲပေးပါတယ်။ ဟိုက်ဒရိုဂျင်ပမာဏ ပိုထွက်လာပြီး မော်တော်ဆိုင်ကယ်အင်ဂျင်ကို လည်ပတ်ဖို့အတွက် အသုံးပြုပါတယ်” ဟု Ricardo Azevedo က ရှင်းပြပါသည်။

ဤသဘောတရားကို ခြောက်လအကြာ စမ်းသပ်မှုများပြုလုပ်ပြီးနောက် ပရောဂျက်သည် လေထုညစ်ညမ်းမှုအဆင့်ကို လျှော့ချနိုင်သည်ဟု Ricardo Azevedo က ယုံကြည်ခဲ့ပါသည်။

“ဒီမော်တော်ဆိုင်ကယ်ကို ရေထဲက ဟိုက်ဒရိုဂျင်နဲ့ မောင်းနှင်ထားပြီး ဟိုက်ဘရစ်စမ်းသပ်မှုတွေမှာ ရေတစ်လီတာနဲ့ ကီလိုမီတာ ၅၀၀ အကွာအဝေးကို ရောက်နိုင်ပါတယ်” ဟု တီထွင်သူမှ ပြောကြားခဲ့သည်။

Azevedo က ဒီမော်တော်ဆိုင်ကယ်ထဲကို သောက်ရေသန့် ဖြစ်ဖြစ်၊ ညစ်ညမ်းတဲ့ရေ ဖြစ်ဖြစ် ဘယ်လို ရေအမျိုးအစား ကို မဆို အသုံးပြုနိုင်တယ်လို့ ဆို ပါ တယ် ။

Ricardo Azevedo မှ ဖန်တီးထားသော မော်တော်ဆိုင်ကယ်သည် လေထုညစ်ညမ်းမှု နည်းပါးသော်လည်း ဟိုက်ဒရိုဂျင်သည် မီးလောင်လွယ်သောကြောင့် ဖြစ်ပေါ်လာသော ဘေးကင်းရေး ပြဿနာများကို ဖြေရှင်းရန် ဆက်လက်အဖြေရှာရန် လိုအပ်ကြောင်းပြောပါတယ်။

ဒီတီထွင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်အတွက် တစ်ခုတည်းသော အဖြေမဟုတ်တာ သေချာပါတယ်၊ ဒါပေမယ့် ဒါဟာ အနည်းဆုံး ရုပ်ကြွင်းလောင်စာအတွက် ဖြစ်နိုင်ချေရှိတဲ့ အစားထိုးရွေးချယ်မှုတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။