Knowledge and News

စိတ်နဲ့တင်ထိန်းချုပ်အသုံးပြုနိုင်မယ်ဆိုတဲ့ Tesla ဖုန်း

Sciences & technology

၂၀၀၃ ခုနှစ်ကတည်းက တက်စလာ ကုမ္ပဏီကို စတင် တည်ထောင်ခဲ့ပြီး အဓိက လျှပ်စစ်မော်တော်ကားတွေကို ထုတ်လုပ် ရောင်းချနေတဲ့ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မက်စ်ဟာ Trademark ပေါင်းများစွာ အောက်ကနေ တခြားပစ္စည်း အမျိုးအမည်တွေကိုပါ ထုတ်လုပ်ဖို့ စီစဉ်နေသူတစ်ဦးပါ။

လက်ရှိ သူလုပ်ကိုင်အောင်မြင်နေတဲ့ လုပ်ငန်းတွေကြားမှာ တက်စလာပြီးရင် နာမည်အကြီးဆုံးက စတားလင့်ခ် အင်တာနက် ဝန်ဆောင်မှုပါ။

စတားလင့်ခ်ဟာ ပုံမှန်ဖိုင်ဘာကြိုးတွေကနေ အင်တာနက်ယူတာ မဟုတ်ပဲ ကမ္ဘာ့အပြင် ဂြိုလ်တုကလွှင့်တဲ့ အင်တာနက်ကိုယူရတာမလို့ ကမ္ဘာ့အနှံ့အပြားကနေ ဖမ်းယူ အသုံးပြုနိုင်ပါတယ်။

Tesla Phone ဟာ ကမ္ဘာပေါ်က မည်သည့်နေရာဒေသ မဆို Internet ကို Star Link နဲ့ ဖမ်းယူ ချိတ်ဆက်ပြီး အသုံးပြုနိင်မှာ ဖြစ်ပြီး လျှပ်စစ်မီး မရရှိသေးတဲ့ဒေသတွေနဲ့ တောထဲ တောင်ထဲနေရာတွေမှာလည်း Solar နေရောင်ခြည် စွမ်းအင်ကို အသုံးပြုပြီး Charging ပြုလုပ်နိုင်ပါတယ် ။

နောက်ထပ် သူစမ်းသပ်နေတဲ့ နည်းပညာတစ်ခုကတော့ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ ဦးနှောက်ထဲ ချပ်စ်ပြားတစ်ခု ထည့်ပြီး လျှပ်စစ်ပစ္စည်းတွေကို ချိတ်ဆက်စေခိုင်းလို့ ရနိုင်မယ့် နျူရာလင့်ခ် ဆိုတဲ့ နည်းပညာ ဖြစ်ပါတယ်။

အီလွန်မက်စ် တီထွင်နေသမျှထဲမှာ လူစိတ်အဝင်စားဆုံး နောက်တစ်ခုကတော့ တက်စလာဖုန်းပါ။ မော်ဒယ်ကို Pi (π) လို့ အမည်ပေးထားတဲ့ ဒီဖုန်းရဲ့ လုပ်ဆောင်ချက်တွေထဲမှာ စတားလင့်ခ်အင်တာနက်ကို ကမ္ဘာပေါ်မှာ ဘယ်နေရာရောက်ရောက် ချိတ်သုံးနိုင်တာတွေ၊ ဖုန်းထဲမှာ Build-in ဆိုလာပါလို့ နေပူထဲမှာ အားပြန်သွင်းနိုင်တာတွေ၊ တက်စလာကားတွေကို ထိန်းချုပ် မောင်းနှင်နိုင်တာတွေ ပါဝင်ပါတယ်။

ဂြိုလ်တုနဲ့ ချိတ်ဆက်နိုင်မှာ ဖြစ်တဲ့အတွက် ဆင်းကဒ်တွေ၊ eSIM တွေ မလိုတော့ပဲ ဖုန်းကို အလွတ် အသုံးပြုနိုင်မှာပါ။

အထူးခြားဆုံးကတော့ နျူရာလင့်ခ် ချပ်စ်ပြားတွေကို ဦးနှောက်ထဲ ထည့်ထားသူတွေဆို ဖုန်းကို စိတ်နဲ့တင် ထိန်းချုပ်နိုင်မှာကြောင့် မသန်စွမ်းသူတွေအတွက် တော်တော် အဆင်ပြေသွားမှာပါ။

Google Assistance,Siri တို့လိုမျိုး ပါးစပ်က ပြောစရာမလိုပဲ အတွေးနဲ့တင်ထိန်းချုပ်နိုင်တာကြောင့် သက်ကြီးရွယ်အိုတွေ၊ လုံးဝ မလှုပ်ရှားနိုင်သူတွေအတွက် ပိုတောင် အဆင်ပြေနိုင်ပါတယ်။

Tesla Phone ဟာ ယနေ့ ကမ္ဘာပေါ်မှာ နံပါတ်တစ် လူကြိုက်များနေတဲ့ I Phone 13 X ထက် သာလွန်တဲ့ စွမ်းဆောင်ရည် များစွာ ပါရှိနေပါတယ်။

ဖုန်း Camera ဟာ ၃ လုံးပါရှိထားပြီး 108 MP ထိ ပါရှိပါတယ် ။ ဖုန်း Body ဟာ နေရောင်ခြည်ကို လိုက်ပြီး Colour အမျိုးမျိုး ပြောင်းလဲနေမှာလည်း ဖြစ်ပါတယ် ။

ညအချိန်တွေမှာလည်း Light ကို ချိန်ညှိပေးနေစရာ မလိုပဲ သူ့အလိုလို ရှင်းလင်းစွာ အဆင်ပြေစွာနဲ့ ပုံတွေ ရိုက်ကူးလို့ ရနေမှာဖြစ်ပါတယ် ။

Tesla Phone ဟာ Video နဲ့ Photo ၂ မျိုးကို တပြိုင်တည်း ရယူ ရိုက်ကူးလို့ ရရှိမှာ ဖြစ်သလို Elon Muck ထုတ်လုပ်လိုက်တဲ့ နည်းပညာ အဆင်မြင့် Tesla Phone ကြောင့် ဖုန်းလောကမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ် ။

တက်စလာဖုန်းဟာ ၂၀၂၃ ခုနှစ်လောက်မှာ ထွက်လာနိုင်တယ်လို့ တော်တော်များများက ခန့်မှန်းထားကြပါတယ်။

ခန့်မှန်းခြေ ဈေးနှုန်းကတော့ ဒေါ်လာ ၈၀၀ နဲ့ ၁၀၀၀ ကြားမှာ ရှိနိုင်ပြီး မြန်မာငွေ ၁၆ သိန်းနဲ့ သိန်း ၂၁ ကြားလောက်မှာ ရှိနိုင်ပါတယ်။

Credit… ထူးခြားဆန်းပြားကမ္ဘာတစ်လွှား