Knowledge and News

၁၉၄၁ ခုနှစ် ခရစ္စမတ်နေ့တွင် ဂျပန်အင်ပါယာတပ်များသည် ရန်ကုန်ကို ဒုတိယအကြိမ် ဗုံးကြဲ

History, Knowledge

၁၉၄၁ ခုနှစ် ခရစ္စမတ်နေ့တွင် ဂျပန်အင်ပါယာတပ်များသည် ရန်ကုန်ကို ဒုတိယအကြိမ် ဗုံးကြဲရာ လူပေါင်း ၂၀၀၀ ခန့် သေကြေခဲ့ရသည်။

ထိုရက်သတ္တပတ်အတွင်း (ထိုစဉ်က ရန်ကုန်မြို့နေ စုစုပေါင်းလူဦးရေ ငါးသိန်းအောက် ရှိရာမှ) လူ ၄၀၀၀ ခန့် သေဆုံးခဲ့သည်ဟု ခန့်မှန်းရသည်။ မြို့နေ လူတစ်သိန်းကျော်သည် ရေကြောင်းဖြင့်သော်လည်းကောင်း၊ တတ်နိုင်ပါက (စထရင်းဟိုတယ်ရှေ့မှ စီးရသော ရေပေါ်လျှပ်ပြေး လေယာဉ်များ အပါအဝင်) လေကြောင်းဖြင့်သော်လည်းကောင်း၊ အာသံပြည်သို့ ကုန်းကြောင်းဖြင့်သော်လည်းကောင်း ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။ နောက်ထပ် ရာထောင်ချီသော လူများသည် ထိုနည်းလမ်းများအတိုင်း ထွက်ပြေးကြရပြီး လမ်းတစ်လေ ျှာက်တွင် လူထောင်သောင်းချီ သေကြေပျက်စီးကြရသည်။

သမိုင်းတစ်လျှောက် အကြီးမားဆုံးနှင့် အဆိုးဝါးဆုံး လူသားအစုလိုက်အပြုံလိုက် စစ်ပြေးကြရခြင်း ဖြစ်ရပ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းများနှင့် ဆီစက်များ အလုံးစုံ ပျက်ဆီးကုန်သော်လည်း မြို့မှာမူ အကောင်းအတိုင်း ကျန်ခဲ့သေးသည်။ မန္တလေးမှာမူ မေလမတိုင်မီ ချွတ်ခြုံကျသွားခဲ့သည်။ ဖော်ပြပါပုံမှာ အင်အားချင်း မမျှသော်လည်း ရန်ကုန်ကောင်းကင်တွင် ရန်သူ့လေယာဉ်အစီး ၅၀ ခန့်ကို ပစ်ချနိုင်ခဲ့သည့် အမေရိကန် “ကျားပျံ (Flying Tigers)” လေယာဉ်များ ဖြစ်သည်။

credit# အမေ့ခံအတိတ်