Knowledge and News

အမြုတေ (၉) ပါးအကြောင်း

Knowledge

အမြုတေ (၉) ပါး

၁။ ရဇတ မုတ္တာအမြူတေ – ငွေအဆင်းကဲ့သို့ဖြူသော အရောင်ရှိ၏၊ စားကောင်းသောက်ဖွယ် ကျေးဇူးပြု၏။

၂။ သုဝဏ္ဏ မုတ္တာအမြုတေ – ရွှေနီ အဆင်းကဲ့သို့ နီသော အရောင်ရှိ၏၊ နှစ်သက်ဖွယ် အဆင်းသဏ္ဌာန် ကျေးဇူးပြု၏။

၃။ ဂံသုတ္တာ အမြုတေ – ကြေးနီ မရမ်းစေ့ အဆင်းကဲ့သို့ နီသောအရောင်ရှိ၏၊ ကြောက်လန့်ဖွယ်သော အသံကိုကျေးဇူးပြု၏။

၄။ လောဟိတမုတ္တာအမြုတေ – အောင်မည်းညို အပွင့်ကဲ့သို့ အဆင်းအရောင်ရှိ၏၊ အခြွေအရံကျေးဇူးပြု၏။

၅။ နီလမုတ္တာအမြုတေ – ညိုမောင်းသော အဆင်းအရောင်ရှိ၏၊ အဝတ်ပုဆိုးကို ကျေးဇူးပြု၏။

၆။ ပီတမုတ္တာ အမြုတေ – မြသားမြရည် အဆင်းကဲ့သို့ စိမ်းသောအရောင်ရှိ၏၊ ဥယျာဉ် သစ်သီးသစ်ပွင့် တို့ကိုကျေးဇူးပြု၏။

၇။ ကာဠမုတ္တာ အမြုတေ – မင်သွေးကဲ့သို့ မည်းနက်သောအရောင်ရှိ၏၊ ရှိန်းဆာယာကွယ်ကာစေတတ်ခြင်းဖြင့် ကျေးဇူးပြု၏။

၈။ ပဘဿရမုတ္တာ အမြုတေ – အနီ အဝါ အပြာ အစိမ်း အဖြူ အမောင်း ခြောက်သွယ်သော အရောင်ရှိ၏။ အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း ကွယ်ပျောက်စေခြင်း၊နှစ်သက်ဖွယ် အသံသာယာခြင်း၊ ရန်သူကို အောင်ခြင်း၊ ဘီလူး သစ် ကျား မြွေအဆိပ်သင့်သော အောက်များကို ပယ်ရှားခြင်း ကျေးဇူးပြု၏။

၉။ ဝယောဇနမုတ္တာ အမြုတေ – နဝရတ်ကိုးပါးအဆင်းကဲ့သို့ ပြိုးပြိုးပြက် တစ်ခဲနက် ဝင်းဝင်းပြောင်ပြောင် ဆီမီးရောင် ထွန်းပခြင်းရှိ၏။ ကောင်းကင်ပျံခြင်း၊ မြေလျှိုးခြင်း၊ လူတို့နှစ်သက်ခြင်း၊ ရန်သူအပေါင်း ကြောက်ရွံ့ခြင်း။

အထူးထူးသော နာနာရုပ်တို့ကို ဖန်ဆင်းနိုင်ခြင်း၊ သေနတ် သစ်ချွန် ဓား လှံ လက်နက် မစူးရှနိုင်ခြင်း၊ ခွန်အားကြီးခြင်း၊ ရွှေငွေရတနာတို့နှင့် တကွ အသုံးအဆောင်မျိုးဟူသမျှ အကျိုးပြုစေတတ်၏။

Credit: အရှင်စန္ဒဇောတိ – သာသနာနွယ်ဖောင်ဒေးရှင်း