Knowledge and News

Enigma – အင်နစ်ဂမာ

History, Knowledge

စစ်ပွဲတစ်ပွဲမှာ သတင်းလုံခြုံရေးဟာ စစ်ပွဲအောင်နိုင်ရေးအတွက် အများကြီးအထောက်အကူပြုတဲ့ အရာဖြစ်ပါတယ်။ မိမိရဲ့တပ်တည်၊ တပ်လှုပ်တွေ၊ စစ်ရေးစီမံချက်တွေကို မပေါက်ကြားအောင်ထိန်းသိမ်းနိုင်ရင် တစ်ဖက်ရန်သူအဖို့ မိမိလှုပ်ရှားမှုကို ခန့်မှန်းဖို့ခက်ခဲမှာဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတိုင်းရဲ့တပ်မတော်တွေဟာ သတင်းစီးဆင်းမှုလမ်းကြောင်းတွေကို လုံခြုံမှုရှိအောင်ကြိုးစားလေ့ရှိပါတယ်။ ကြိုးမဲ့ကြေးနန်းစနစ်တွေဟာ တပ်မတော်တွေရဲ့ဆက်သွယ်ရေးဖြစ်လာတဲ့ ပထမကမ္ဘာစစ်နောက်ပိုင်းကာလတွေကစလို့ ဝှက်စာသွင်းကိရိယာတွေဟာအရေးပါလာပါတယ်။ ဒုတိယကမ္ဘာစစ်ကာလမှာတော့ ပုံစံမျိုးစုံအသုံးပြုခဲ့ကြပြီ းအားလုံးထဲမှ ာထူးထူးခြားခြားဖြစ်ခဲ့တာကတော့ နာဇီဂျာမန်တပ်မတော်ရဲ့”အင်နစ်ဂမာ”ပဲဖြစ်ပါတယ်။

ဂျာမန်ဘာသာ စကားမဟုတ်ဘဲ အင်္ဂလိပ်လိုနာမည်ပေးထားတဲ့ Enigma ကိုဘာသာပြန်ကြည့်ရင်”ပဟေဋ္ဌိ”လို့အဓိပ္ပါယ်ရပါတယ်။ ဂျာမန်တို့အနေနဲ့ ဒီအင်နစ်ဂမာဝှက်စာသွင်းစက်တွေကို ၁၉၂၀ လောက်ကတည်းက ဖန်တီးအသုံးပြုနေတာဖြစ်ပါတယ်။ ဖန်တီးခါစမှာလိုအပ်ချက်တွေကြောင့် ပေးပို့တဲ့အချက်အလက်တွေကို ပြိုင်ဖက်တွေကအလွယ်တကူဝှက်စာဖော်နိုင်ခဲ့ပေမယ့် နောက်ပိုင်းအဆင့်မြင့်လာတဲ့အခါမှာတော့ အင်နစ်ဂမာဟာ ချိုးဖောက်လို့မရတဲ့ လုံခြုံရေးစနစ်တစ်ခုဖြစ်လာပါတယ်။

အင်နစ်ဂမာဝှက်စာစက်တွေကို စက်မှုပိုင်းဆိုင်ရာနဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေနဲ့အဓိက ဖွဲ့စည်းတာဖြစ်ပါတယ်။ စက်မှုပိုင်းဆိုင်ရာမှာ လက်နှိပ်စက်ပုံစံစာရိုက်သွင်းရတဲ့ခလုပ်တွေ၊ အက္ခရာတွေဖော်ပြပေးမယ့် ဘီးတွေနဲ့ အခြားအစိတ်အပိုင်းလေးတွေပါဝင်ပြီး လျှပ်စစ်ပိုင်းမှာတော့ ဘက်ထရီ၊မီးလုံးငယ်တွေနဲ့ လျှပ်စီးပတ်လမ်းတွေ ပါဝင်တည်ဆောက်ထားပါတယ်။

လုပ်ဆောင်ပုံကို အကြမ်းဖျင်းရှင်းလင်းရရင် ဝှက်စာသွင်းသူက A ခလုပ်ကိုနှိပ်လိုက်ရင် စက်အတွင်းကဘီးဟာ ပုံသေမဟုတ်တဲ့လည်ပတ်နှုန်းနဲ့လည်ပတ်ပြီး တခြားအက္ခရာတစ်ခုအဖြစ်ပုံဖော်ပေးမှာပါ။ အင်နစ်ဂမာစက်တွေမှာလို ဘီးမျိုးအနည်းဆုံး(၃)ခုထိတပ်ဆင်ထားလေ့ရှိပါတယ်။ ဘီးတွေရဲ့လည်ပတ်နှုန်းဟာရရှိတဲ့ရရှိတဲ့ လျှပ်စစ်အားပေါ်မူတည်ကာ တစ်ခုနဲ့တစ်ခုမတူညီဘဲလည်ပတ်မှာဖြစ်တဲ့အတွက်မူရင်းစကားလုံးဟာ(၃)ကြိမ်အထိ ပုံစံအပြောင်းခံရပြီးမှ မီးလုံးငယ်တွေမှာဖော်ပြခံရမှာဖြစ်ပါတယ်။ ဒီအတွက်ပထမအကြိမ်နှိပ်တဲ့ A အက္ခရာဟာ D လို့ဖော်ပြပေမယ့်နောက်တစ်ကြိမ်မှာ Z လို့ဖော်ပြနိုင်သလို တခြားအက္ခရာတွေလဲဖြစ်နေနိုင်တာပါ။ နောက်ပိုင်းမှာဝှက်စာရဲ့လုံခြုံမှုကောင်းအောင် ပလပ်ဘောက်တွေပါထပ်ထည့်လာကြပါတယ်။ လုပ်ဆောင်ပုံအနေနဲ့မူရင်းထည့်သွင်းတဲ့အက္ခရာကို စက်အတွင်းကဘီးတွေဆီမရောက်ခင်မှာတင် တခြားအက္ခရာအဖြစ်ပြောင်းပေးလိုက်တာဖြစ်ပါတယ်။ ဒီအတွက်ထည့်သွင်းတဲ့အက္ခရာဟာသင်္ချာနည်းနဲ့ဖြေရှင်းဖို့ အတော်လေးခက်ခဲတဲ့အနေအထားဖြစ်သွားပါတယ်။ (ကျွမ်းကျင်သူမဟုတ်၍မှားယွင်းနိုင်ပါတယ်။)

အင်နစ်ဂမာစက်အချင်းချင်းဝှက်စာအသွင်း/အဖော်အဆင်ပြေဖို့အတွက်တော့ကြိုတင်သတ်မှတ်ထားတဲ့ Setting များအတိုင်းစက်ကိုချိန်ညှိသွားဖို့လိုပြီးနေ့အလိုက်ပြောင်းလဲအသုံးပြုသွားရမယ့်သတ်မှတ်ချက်တွေကိုတော့အလွယ်တကူဖျက်ဆီးနိုင်တဲ့စာရွက်များနဲ့ဖန်တီးထုတ်လုပ်အသုံးပြုခဲ့ကြပါတယ်။

အင်နစ်ဂမာရဲ့ရှုပ်ထွေးတဲ့စနစ်ကြောင့်မဟာမိတ်တွေဟာဂျာမန်ရဲ့သတင်းအချက်အလက်တွေကိုဖမ်းယူဖို့အချိန်ကာလတစ်ခုအထိအခက်ကြုံခဲ့ရပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာဗြိတိန်သချၤာပညာရှင် Allan Turing ရဲ့အားထုတ်မှုနဲ့ Ultra Code ကိုဖန်တီးနိုင်ခဲ့ပြီး Enigma ရဲ့ဝှက်စာစနစ်ကိုထိုးဖောက်နိုင်ခဲ့ပါတယ်။ အင်နစ်ဂမာကိုချိုးဖောက်နိုင်မှုဟာမဟာမိတ်တပ်တွေအဖို့နာဇီဂျာမနီတို့အပေါ်စစ်ရေးအရအရေးသာစေခဲ့ပြီးစစ်ကြီးရဲ့အလှည့်အပြောင်းတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။

မဟာမိတ်တပ်တွေဟာ ဂျာမန်တို့ရဲ့သတင်းတွေကိုကြားဖြတ်ဖမ်းယူနိုင်ခဲ့ပေမယ့် လျှို့ဝှက်ထားခဲ့ပြီးစစ်ပွဲချိန်ခွင်လျှာကိုပြောင်းလဲသွားစေနိုင်တဲ့ သတင်းအချက်အလက်တွေကိုပဲ အသုံးပြုခဲ့တာဖြစ်ပါတယ်။ သူတို့ဟာတိုက်ပွဲငယ်တွေမှာတချို့တပ်ဖွဲ့တွေကိုထိုးကျွေးပြီး လျှို့ဝှက်ချက်ကိုထိန်းသိမ်းခဲ့တာဖြစ်တဲ့အတွက် ဂျာမန်တွေကအင်နစ်ဂမာစနစ်ဟာချိုးဖောက်ခံရခြင်းမရှိဘူးရယ်လို့ အထင်ရောက်ခဲ့တာဖြစ်ပါတယ်။

အင်နစ်ဂမာကိုချိုးဖောက်နိုင်ခဲ့တဲ့ Allan Turing ရဲ့ဖန်တီးမှုဟာ ကနေ့ခေတ်ကွန်ပျုတာတွေရဲ့အစလည်းဖြစ်ခဲ့ပြီး နည်းပညာလောကကိုတခေတ်ဆန်းစေခဲ့ပါတယ်။

ဗြိတိန် ထောက်လှမ်းရေးကနှစ်နဲ့ချီလေ့လာပြီးမှ တီထွင်နိုင်ခဲ့ရတယ်ဂျာမန်စကားဝှက်ကိုဖေါ်နိုင်ပေမဲ့ ဂျာမန်တွေကိုအင်္ဂလိပ်ကသူတို့ဖေါ်တတ်ကြောင်းမပြခဲ့ဘူးဘယ် သင်္ဘောတွေကို ဂျာမန်တွေတိုက်မယ်၊ ဘယ်ကုန်တင်သင်္ဘောဘာတွေကို ဂျာမန်တွဖြတ်တိုက်မယ် ၊ ဘယ်ကိုဗုံးကြဲမယ် စသဖြင့် ဂျာမန်တွေပြောတာကိုသူတို့ကြိုသိနေတယ် ဒါပေမဲ့ အင်္ဂလိပ်ထောက်လှမ်းရေးရဲ့စိတ်ရှည်သည်းခံချက်ကတော်တော်လေးလေးစားဖို့ကောင်းပါတယ်။

သူတို့ဖေါ်ထုတ်လို့ရတဲ့သတင်းတွေထဲကအရေးကြီးတဲ့ ဟာလောက်ကိုပဲသူတို့ပြန်ကစားတယ် ဥပမာ ဘယ်ဗြိတိန်ကုန်တင်သငေ်္ဘာကိုဂျာမန်ရေငုတ်သင်္ဘောတွေတိုက်မယ်ဆိုတဲ့ သတင်းမျိုးရလဲ အဲဒီသင်္ဘောအုပ်စုကို..သတင်းမပေးဘူး ဆိုက်ဆိုက်မြိုက်မြိုက်အတိုက်ခံလိုပ်ပါတယ် အင်္ဂလိပ်ဘက်ကလူတွေသေတယ် သင်္ဘောတွဆုံးရှုံးရတယ် ဘယ်ဒေသမှာဂျာမန်တပ်တွေလှုပ်ရှားမယ် ဆိုတာမျိုးသတင်းကြိုသိလဲ..ဂျာမန်တွေလှုပ်ရှားပစေ အဲဒီမှာရှိတဲ့မဟာမိတ်တပ်တွေကိုကြိုအသိမပေးဘူး၊ အငိုက်ခံရလဲခံတော့ပဲ ဒါပေမဲ့ ဂျာမန်တွေစကားဝှက်ကိုဖေါ်လို့ရတာတွေထဲက သတင်း ဆယ်ခုမှာ အရေးအကြီးဆုံးတစ်ခုနှစ်ခုလောက်ကိုပဲ အင်္ဂလိပ်က အလေးထားခဲ့တာ အရေးအရမ်းကြီးတာတွေဆိုရင်တော့ ဂျာမန်တွေဆီကသတင်းရတာနဲ့
တစ်ဘက်မှာ ကြိုတင်ပြောင်းလည်းပစ်တယ်။

ဘာ့ကြောင့်ဒီလိုလုပ်ရတာလဲဆိုတော့ ဂျာမန်တွေဟာ သူတို့ရဲ့နည်းကို အင်္ဂလိပ်တွေဖေါ်တတ်နေတယ်လို့သာသိသွားရင်သူတို့ရဲ့နည်းကိုချက်ချင်းပြောင်းလည်းပစ်နိုင်တဲ့အတွက် ဒါကိုဖေါ်ဖို့နောက်ထပ်နှစ်နဲ့ချီကြာနိုင်တာကို အင်္ဂလိပ်ကမဖြစ်ချင်တာ တကယ်လို့သာ ဂျာမန်တွေက သူတို့ရဲ့နည်းပညာကိုဗြိတိန်က ဖေါ်ထုတ်နိုင်နေတယ်လို့သာသိသွားလို့ သူတို့စနစ်ကိုပြောင်းလည်းလိုက်ရင် ဗြိတိန်တွေဒီနည်းကိုဖေါ်ဖို့ နောက်ဘယ်နှစ်နှစ်အထိ ထပ်ကြာမလဲဆိုတာမပြောနိုင်ဘူး အဲဒါဆိုရင် စစ်ပွဲအဆုံးအဖြတ်က ပြောင်းသွားနိုင်တယ် ဗြိတိန်နဲ့မဟာမိတ်တွေစစ်ရှုံးမယ် ဒါ့ကြောင့်ဂျာမန်တွေကို သူတို့ရဲ့နည်းပညာကို ပိုပြီးယုံကြည်လာအောင် အင်္ဂလိပ်က တမင်ကိုလုပ်ပြခဲ့တယ် သူ့ရဲ့သင်္ဘောတစ်ချို့နဲ့တပ်တစ်ချို့ကိုရင်းနှီးပြီး လုပ်ခဲ့ရတယ် ဘာမှမသိတဲ့ပုံစံမျိုး သရုပ်ဆောက်ပြီး စတေးစရာရှိတာ တစ်ချို့ကိုစတေးပြခဲ့တယ် တစ်ဘက်မှာတော့ ၈ျာမန်တွေဆီကရတဲ့အရေးကြီးတဲ့သတင်းတွေကို မဟာမိတ်တပ်တွေကို မျှဝေနိုင်ခဲ့တယ် ၈ျာမန်တွေဟာ လုံးဝကိုမရိပ်မိခဲ့ပဲ သူတို့ရဲ့ဆက်သွယ်ရေးစကားဝှက်စနစ်ကို လုံးဝကို..ယုံကြည်ခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ ဂျာမန်တွေဟာ သူတို့ကိုအင်္ဂလိပ်က ယုံကြည်မှုလွန်ကဲအောင်လုပ်ပြီး တဖက်လှည့်နဲ့ပညာပြသွားတာကို စစ်ရှုံးပြီးမှသာသိသွားလေပါတယ်။

# Okkar Kyaw
# ကိုပရစ်
# Smithsonian Channel