Knowledge and News

စေတနာရှင် သူဌေးမကြီး မကြီးကြီး

History

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းတွင် မကြီးကြီးလမ်း ဟု ခေါ်သော အထင် ကရ လမ်းမကြီး တစ်လမ်း တည်ရှိပါသည်။
မကြီးကြီးလမ်းသည် ပြည်လမ်းနှင့် ရှမ်းလမ်း ကို ဆက်သွယ်ထားသည့် လမ်းမကြီးလည်း ဖြစ်ပါသည်။
မကြီးကြီးလမ်း ဟု ဂုဏ်ပြုမှည့်ခေါ် ခံခဲ့ရခြင်းမှာ မိမိပိုင်မြေများထဲမှ လမ်းဖောက်လုပ်ရန် မြေလှူဒါန်း ခဲ့သောကြောင့် ဖြစ်သည်။
မကြီးကြီးသည် မိဘ ဘိုးဘွားများ လက်ထက်ကပင် ချမ်းသာကြွယ်ဝခဲ့သူ ဖြစ်သည်။

မကြီးကြီး
မကြီးကြီး

၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလ တွင် ဦးရိုး၊ ဒေါ်ရွှေသီး တို့မှ ဖွားမြင်သည်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် အတွင်း ထင်ရှားသည့် ဦးကြွယ်ဟိုးလမ်း ဟု ဂုဏ်ပြုခေါ်ခံရသူ သင်္ကန်း ပရိက္ခရာ တိုက်ပိုင်ရှင် ဦးကြွယ်ဟိုး နှင့် ဒေါ်စုံ တို့မှာ မကြီးကြီး ၏ ဘိုးဘွားများ ဖြစ်သည်။

ပိုင်ဆိုင်သော မြေဧက ၄၀ ခန့်ပင် ရှိသည်။ မုန့်လုပ်ဆောင်းကုန်း၊ ဝေဠုဝန်၊ စိန့်မေရီကျောင်း၊ ပြည်တော်သာ တိုက်ခန်း၊ ကမာရွတ် အထိ ပိုင်ဆိုင်သည်။ မြေယာ အများအပြား ပိုင်ဆိုင်သော် လည်း အများအကျိုးအတွက် လှူဒါန်းခဲ့သူ ဖြစ်သည်။ ရွှေတိဂုံ စေတီတော်ကို ၁၀ ဧက လှူဒါန်း ဖူးသော်လည်း စေတီတော် နှင့် ဝေးကွာသည့် အတွက် လူနေရပ်ကွက်များ ဖြစ်သွားခဲ့သည်။
ဟံသာဝတီ ဘူတာ ဘက်တွင် အင်္ဂလိပ်စာသင်ကျောင်းနဲ့ အပြိုင် စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းပြီး ကျောင်းအုပ် အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့သလို ကိုယ်တိုင် စာသင်ခဲ့သူဖြစ်သည်။
သံပုံချိုင့် ဟုခေါ်သည့် ရွှေတိဂုံခြေရင်းမှ မြေကို ဝယ်ယူကာ သိဂုင်္တ္တရ ပန်းခြံကို ဖြစ်လာစေခဲ့သူလည်းဖြစ်သည်။
ယခုပြည်လမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်း ထောင့်တွင် ရှိသည့် ရန်ကုန်တက္ကသိုလ်ကို စတင် ဖွင့်လှစ်ခဲ့ရာနေရာသည်လည်း မကြီးကြီး ပိုင်ဆိုင်သည့်မြေဖြစ်ပြီး ပြန်လည် ဝယ်ယူခဲ့ကြခြင်းဖြစ် သည်။

ဦးကြာညွန့် နှင့် လက်ဆက်ကာ ဦးကျော်စိန်၊ ဆာမောင်ကြီး ကတော် ဖြစ်လာပြီး လေဒီမောင်ကြီး ဟု ထင်ရှားသူ ဒေါ်ဧရီ နှင့် ဒေါ်ထားတင် တို့ကို ဖွားမြင်ခဲ့သည်။
ဒေါ်ကြီးကြီးသည် အသက် (၈၂)နှစ် အရွယ် ၁၉၅၂-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။
သမီး ဒေါ်ဧရီနှင့် ခင်ပွန်း ဆာမောင်ကြီး တို့မှ ဒေါ်ခင်ဆွေအေး၊ ဦးမျိုးအောင်၊ ဒေါ်ခင်ဆွေတင့်၊ ဒေါ်ခင်ဆွေစစ် တို့ကို ဖွားမြင်ခဲ့ပါသည်။
သမီးများဖြစ်ကြသော ဒေါ်ခင်ဆွေအေး သည် ဦးသန်းတင်နှင့် ၎င်း၊ ဒေါ်ခင်ဆွေတင့် သည် ဒေါက်တာကြည်ပေါနှင့်၎င်း၊ ဒေါ်ခင်ဆွေစစ် သည် ဆေးတပ်မှူးကြီး ဒေါက်တာကျော်စိန်ထွန်းနှင့်၎င်း လက်ထပ်ခဲ့ကြသည်။

Credit: Wikipedia