Knowledge and News

ရန်ကုန်မြစ်အောက် နစ်မြုပ်နေသော ကိုနင်းဒေးဗစ် သင်္ဘောကြီး

History

ရန်ကုန်မြစ် အောက်ခြေတစ်နေရာတွင် “ကိုနင်းဒေးဗစ်” အမည်ရ အရှေ့အိန္ဒိယကုမ္ပဏီပိုင် ဒတ်ချ်သင်္ဘောတစ်စီး နစ်မြုပ်နေလျက် ရှိပါသည်။


ဂွတ်ဟုပ်အငူမှ ဘတ္တားဗီယားမြို့သို့ ရွက်လွှင့်ခဲ့ပြီး ထိုမှတစ်ဆင့် ပဲခူးသို့ ဆက်လက်ထွက်ခွာလာရာလမ်းတွင် သင်္ဘောကြီး နစ်မြုပ်သွားခဲ့ခြင်းဖြစ်ပြီး ၁၆၆၁ ခုနှစ် ဧပြီလက ဖြစ်သည်။ နစ်မြုပ်သည့်နေရာမှာ ကမ်းစပ်နှင့်မလှမ်းမကမ်း ယနေ့ရန်ကုန်မြို့နေရာတွင် ဖြစ်သည်။

 


Verenigde Oostindische Compagnie အမည်ရ ဒတ်ချ် အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘောဖြစ်ပြီး သင်္ဘောကပ္ပတိန်မှာ အမ်စတာဒန်မြို့မှ ကော်နယ်လိစ်ရော့ဘ် (Kornelis Rob) အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထိုခေတ်က မြန်မာပြည်တွင် လာရောက်လုပ်ကိုင်သည့် ဒတ်ချ်စီးပွားရေးလုပ်ငန်း အရေအတွက်မှာ များများစားစား ရှိခဲ့သည်။ အင်းဝ၊ ပဲခူး၊ သန်လျင်တို့တွင်သာမက အာရကန်ပြည်တွင်လည်း ရုံးခန်းများ အတည်အကျဖွင့်ကာ လည်ပတ်ခဲ့သော ဒတ်ချ်ကုမ္ပဏီများ ရှိခဲ့သည်။ ဒတ်ချ်တို့သည် တောင်အိန္ဒိယမှ အထည်အလိပ်၊ ငွေဝယ်ကျွန်၊ သေနတ်၊ ဟင်းခတ်အမွှေးအကြိုင် စသည့် ကုန်စည်များကို ကူးသန်းရောင်းဝယ်ခဲ့ကြသည်။ ၁၇ ရာစု မြန်မာတို့သည် (ယနေ့နယူးယောက်မြို့) ဟက်ဒဆန်တောင်ကြားမှ ဘီဘာ (Beaver) သားမွေး ဦးထုပ်ကိုပင် ဒတ်ချ်ကုန်သည်များထံမှ ဝယ်ယူဝတ်ဆင်ခဲ့ကြသည်။

 


ယခင်တလောတွင် ရန်ကုန်မြစ်အောက်ခြေတွင် ရှိနေသည့် ဒဏ္ဍာရီလာ “ဓမ္မစေတီခေါင်းလောင်းကြီး”ကို ပြန်လည်ရှာဖွေဆယ်ယူရန် ကြိုးပမ်းရှိကြသည်။ သို့သော် ခေါင်းလောင်းကြီးအပြင် စူးစမ်းရှာဖွေစရာ ရန်ကုန်မြစ်အောက် စုန်းစုန်းမြုပ်နေသည့် အရာများစွာ ရှိနေသည်။ ထိုအထဲတွင် ကိုနင်းဒေးဗစ်သင်္ဘောကြီးလည်း အပါအဝင်ဖြစ်သည်။ သင်္ဘောပေါ်ရှိ ရတနာများလည်း ပကတိတိုင်း ရှိနေကောင်း ရှိနေနိုင်ပေသည်။

credited: lost footsteps

De Vereenigde Oost-Indische Compagnie
https://www.bol.com/nl/nl/p/de-vereenigde-oost-indische-compagnie/666783805/