Knowledge and News

ကမ္ဘာ့အကြီးဆုံး Power Bank

Sciences & technology

ဟောင်ကောင်က Handy Geng ဆိုတဲ့ အမျိုးသားဟာ ၂၇,ဝဝဝ,ဝဝဝ mAh အထိ သိုလှောင်နိုင်တဲ့ Power Bank ကို ဖန်တီးခဲ့တယ်လို့ သူ့ရဲ့ Weibo နဲ့ YouTube ကနေ ပြောဆိုလိုက်ပါတယ်။

ဗီဒီယိုထဲမှာတော့ သူဟာ သူငယ်ချင်းတွေကို ပိုမိုကြီးမားတဲ့ Power Bank ကို ပိုင်ဆိုင်ထားတယ်ဆိုတာ ပြသချင်တာကြောင့် ဖန်တီးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အားလုံးထက် ပိုမိုကြီးမားပြီးတော့ အချိန်အကြာဆုံး အသုံးပြုနိုင်မဲ့ဘက်ထရီကို ပိုင်ဆိုင်ထားတယ် ဆိုတာလဲ သိစေချင်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

သူဟာ Power Bank ကို အထွက် အားသွင်းပေါက် ၆ဝ အထိ ပါဝင်အောင် ဖန်တီးထားပြီး အားသွင်းဖို့အတွက်တော့ ၁ ခုသာ ပါဝင်ကာ ၂၂ဝ ဗို့အားနဲ့ အသုံးပြုနိုင်မှာလဲ ဖြစ်ပါတယ်။

Power Bank ရဲ့ မြင့်မားတဲ့ ၂၂ဝ ဗို့အားကြောင့် တီဗီ၊ အဝတ်လျှော်စက်နဲ့ ထမင်းဟင်းတွေကိုပါ တစ်ပြိုင်နက်တည်း ချက်ပြုတ်နိုင်မှာလဲ ဖြစ်ပြီး ဘယ်လိုကြီးကြီးမားမား ပြဿနာမျိုးမှလဲ မဖြစ်ဘူးလို့ ဆိုပါတယ်။

ဒီ Power Bank ဟာ ဖုန်းအလုံးပေါင်း ၅ဝဝဝ အထိကို အားသွင်းနိုင်မှာလဲ ဖြစ်တယ်လို့ Kotaku ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

သတ္တုဖရိန်နဲ့ ကိုယ်ထည်ကို ပြုလုပ်ထားပြီး ပုံမှန် အရွယ်အစားရှိတဲ့ Power Bank တွေရဲ့ အဆပေါင်း ၉ဝဝ အထိ ကြီးမားတာလဲ ဖြစ်ပါတယ်။

သူ့ရဲ့ အရွယ်အစားဟာ ၅ ဒသမ ၉ ပေ × ၃ ဒသမ ၉ ပေ ရှိပြီး တော်တော်လေးတော့ ကြီးမားတာ ဖြစ်ပါတယ်။

အဆိုပါ Power Bank ကြီးဟာ သာမန်ဖုန်း အလုံး ၅၀၀၀ လောက်ကို တပြိုင်တည်း အားသွင်းနိုင်ပြီး၊ လျှပ်စစ်ဆိုင်ကယ် တစ်စီး၊ တီဗီတစ်လုံး၊ အဝတ်လျှော်စက် တစ်ခုနဲ့ လျှပ်စစ်ဟင်းချက်အိုး တစ်ခုတို့ကိုလဲ တပြိုင်တည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ Power Bank ကြီးကို လျှပ်စစ်ကားတွေမှာ အသုံးပြုတဲ့ ကား Battery ကို အသုံးပြုကာ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Power Bank ရဲ့အရွယ်အစားဟာ ပုံမှာ မြင်ရတဲ့အတိုင်း အတော်ကြီးမားပြီး၊ လေးလဲ လေးတာကြောင့်သာမန် Power Bank တွေလို လွယ်လွယ်ကူကူ သယ်ဆောင်သွားလို့ ရမယ့်အမျိုးအစားတော့ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒါကို သယ်ဆောင်ဖို့အတွက် ဆိုရင်တော့ ကြိုးတစ်ချောင်း သေချာပေါက် လိုအပ်မှာ ဖြစ်ပြီး ပခုံးပေါ်ကြိုးတင်ကာ ဆွဲယူရပါလိမ့်မယ်။