Knowledge and News

အလွယ်ကူဆုံး ကြို့ထိုးပျောက်စေသောနည်း

Knowledge

ကြို့ထိုးတာဟာ လူတိုင်းသိတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ရောဂါကြီးမဟုတ်ပေမယ့် ထိုးတဲ့အခါ နေရထိုင်ရခက်ပြီး ကသိကအောက်ဖြစ်ရပါတယ်။ အစာတွေခပ်မြန်မြန် စားမိတာ၊ အစပ်တွေလို ကိုယ်မစားနိုင်တဲ့ဟာတွေကို စားမိတာ နဲ့ အခြားအကြောင်းအရာတချို့ကြောင့် ကြို့ထိုးတာမျိုးဖြစ်တက်ပါတယ်။

ဒီလိုဖြစ်တဲ့အခါမှာ နည်းမျိုးစုံနဲ့ ကုသကြတက်ပါတယ်။ ရေများများသောက်ခိုင်းတာ၊ ထမင်းလုံးဝါးခိုင်းတာ၊ စိတ်ဆိုးအောင် လန့်အောင် လုပ်တာ၊ မြေပဲစားခိုင်းတာ စသဖြင့် နည်းမျိုးတွေ သုံးကြပါတယ်။ တချို့ကြို့တွေက ခဏနေရင် သူ့အလိုလိုပျောက်သွားတက်ပေမယ့် တချို့ကျတော့ ရှားပါးစွာ ရက်ချီပြီး ထိုးတာတွေဖြစ်တက်ပါတယ်။
နည်းလမ်းကတော့ ..

” သောက်ရေ တစ်ငုံကို ငုံလိုက်ပါ၊ ငုံပြီးရင် နားနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ တင်းတင်းပိတ်ပါ၊ မျက်လုံးစုံမှတ်ထားပါ၊ အသက်ကိုအောင့်ထားပြီး ၁ ကနေ ၇ အထိရည်တွက်ပါ၊ ပြီးတာနှင့် ငုံထားတဲ့ရေကို မျိုချလိုက်ပါ၊ ကြို့ထိုးတာချက်ချင်းပျောက်သွားပါပြီ ”

Credit: သုတဇုံ