Knowledge and News

အထီးအမ ပြောင်းနိုင်သော ငါး

Knowledge

Clownfish ခေါ်တဲ့ သန္တာကျောက်တန်းနေ ရွှေငါးမျိုး Amphiprioninae ဟာ မွေးကတည်းက အထီးပဲဖြစ်ပါတယ်။ အားလုံးအထီးချည်းပါပဲ။ ဒါဆို သူတို့ကို မွေးတာ ဘယ်သူလည်းလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ဒီလို ရှိပါတယ်။

မွေးကတည်းက အထီးများသာ ဖြစ်တဲ့ Clownfish ဟာ ကိုယ့်မျိုးစိတ်မပျက်သုန်းဖို့အတွက် အမအဖြစ်သို့ ကိုယ်တိုင် ပြောင်းယူကြပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ ၁၀ ကောင်လောက်မှာ တစ်ကောင်လောက်က အမအဖြစ်သို့ ပြောင်းလဲ စတေးပြီး ကျန်သော Clownfish များနဲ့ မိတ်လိုက်ပါတယ်၊ ပြီးတော့ ကိုယ်ဝန်ဆောင်ပါတယ်၊ သားဥများ မွေးဖွားပေးပါတယ်။
အကယ်၍ ယင်း ငါးက သေပြီဆိုရင် သူ့အစား အခြား ခေါင်းဆောင်ငါး Clownfish တစ်ကောင်က အမအဖြစ်သို့ ထပ်မံပြောင်းလဲပေးပါတယ်၊ တန်ခိုးရှင်တော့မဟုတ်ပါဘူး။ သို့ပေမယ့် ကိုယ်တိုင် အမအဖြစ်သို့ပြောင်းနိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်ပါတယ်။

၃ လက်မကျော်ကနေ ၇ လက်မ အထိ အရွယ်အစားရှိတဲ့ ငါးမျိုးဖြစ်ပြီး အိန္ဒိယနဲ့ ပစိဖိတ် သမုဒ္ဒရာတို့ရှိ သန္တာကျော်တနးများနှာ နေထိုင်တဲ့ ရွှေငါး တစ်မျိုးဖြစ်ကြောင်းသိရပါတယ်။
Credit: International News for Myanmar