Knowledge and News

ငွေကြေးကံကောင်းစေသော လှိမ့်ဝင်တည်သုံး‌အဆောင်

Knowledge

”လှိမ့်ဝင် တည်သုံး” စဉ့်အိုးလေးတွေ ဘယ်လို ဓာတ်ဆင်ရတာပါလဲ”

အဲဒီ လှိမ့်ဝင်တည်သုံး အရုပ်လေးတွေကဟို အရင် လောကီပညာရှင် (ဆန်းပညာရှင်) တွေ လုပ်သွားခဲ့တာပါ။ ပညတ်သွားရာ ဓါတ်သက်ပါဆိုသလို လူအများသုံးစကား လှိမ့်ဝင်ဆိုတာကို ယူပြီး လှိမ့်ဝင်နေတဲ့ အရုပ်ကလေးတွေကို စီရင်ပေးသွားတာပါ။

အဲဒီမှာ စဉ့်အိုးလေးကို လှိမ့်ဝင်နေတဲ့ ကောင်လေး (၂၄) ပုံလေးပါ ။ စဉ့်အိုးကိုဘာလို့ သုံးလဲ။ တစ်ခြားဟာ တစ်ခုခုကိုလည်း လှိမ့်ဝင်လို့ ရတာပဲလို့ တွေးမိတော့ … စဉ့်အိုး = ၃ ၁ ဆိုတာ အောင်စေ = အေးစေ = ၁ ၃ ကို ကက်ကင်း ရိုက်သွားတယ် ထင်ပါတယ်။

လှိမ့်ဝင် ဆိုတာကတော့ဗျာ လှိမ့်ဝင် = ၄ ၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့ … လှိမ့်ဝင် ပြီးတော့ ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေးတစ်ရုပ် လုပ်သွားပါတယ်။ လှိမ့်ဝင်လာတဲ့ ဟာတွေကို ဘုရားတည်။ ကျောင်းတည်။ ဇရပ်တည်။သာသနာ တည်နိုင်တဲ့အထိ သုံးနိုင်ဖို့ လောကီဝိဇ္ဇာ အဘများက စီရင်သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ။

“ဘယ်လို သုံးမလဲ ၊ ဘယ်လို ဆောင်မလဲ”

သနချေရပါတယ်။ အညံ့ ခြေရပါတယ်။ကိုယ့်စီးပွားအတွက် အထွဋ်အမြတ်ဆောင်မည့် ပစ္စည်းဟာ ကားနဲ့သယ်လာရင် အမျိုးသား အမျိုးသမီး ကလေးလူကြီး ကျော်ခွသွားတာမျိုး၊ ကားထိုင်ခုံအောက်ထဲ ထည့် သယ်လာတာမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီလို အညံ့ဓါတ်တွေ ကင်းဖို့ ဆားရည် (ရေ ၁ ဂါလံကို ဆား၂ ဇွန်းထည့်ပြီး) ကို ဇလုံထဲထည့်ပြီး လက်ဆယ်ချောင်းက ဆေးဖြစ်စေဆိုပြီး ၃ ခါပြောပြီး လက်နှစ်ဖက်ကို ဇလုံထဲထည့်ပြီး သနပ်ခါးသွေးသလို လက်ယာရစ်မွှေပြီး

ပါးစပ်မှလည်း ““ ဥုမ် သန သန သန အပေါင်း ထောင်သောင်း ကြေစရာ ကြေ ”” ဆိုပြီး ၃၇ ခေါက် ရွတ်ပြီးမှ အဲဒီအရုပ် များကို ၎င်းရေနဲ့ ဆေးပါ။ ပြီးမှ ၎င်းအရုပ်များကို ရေမွှေး (နဝင်းရေ) ရည်နဲ့ ပက်ဖြန်းပြီးမှာ အိမ်ဘက်သို့ အိုးလှိမ့် ဝင်နေတဲ့ ပုံ အိုးကို အိမ်ဘက်အတွင်းသို့ ထားပြီးအိမ်ရှေ့မှာ ထားလိုက်ပါ။

တည်သုံး အိုးလေးကိုတော့ အလုပ်စားပွဲ၊အိပ်ခန်းစားပွဲ၊ အိမ်ထဲမှာ ထားထားလိုက် ထူးထူးခြားခြား အဆင်ပြေလာတာကို တွေ့ရပါလိမ့်မယ် ခင်ဗျာ။

လှိမ့်ဝင်အိုးကို အိမ်အပြင်ကနေ အိမ်ထဲဖက်ကို လှည့်ထားရပါမယ်။ ဖြစ်နိုင်ရင်အိမ်အဝင် အမြင့်တနေရာမှာ ထားပါ။

တည်အိုးကို မိမိအိမ်ထဲမှ – ဂဟပတိအရပ်သို့ လှည့်ထားပေးပါ။ ဂဟပတိအရပ်ဟူသည်

တနင်္ဂနွေ (သား-သမီး အတွက်) အနောက်တောင် အရပ်ဟူ၍ မှတ်ပါလေ။

တနင်္လာ (သား-သမီး အတွက်) အနောက်စူးစူး အရပ်ဟူ၍ မှတ်ပါလေ။

အင်္ဂါ(သား-သမီး အတွက်) အနောက်မြောက် အရပ်ဟူ၍ မှတ်ပါလေ။

ဗုဒ္ဓဟူး (သား-သမီး အတွက်) -မြောက်အရပ် ဟူ၍ မှတ်ပါလေ။

ရာဟု – (သား-သမီး အတွက်) အရှေ့တောင် အရပ်ဟူ၍ မှတ်ပါလေ။

ကြာသပတေး – (သား-သမီး အတွက်) အရှေ့စူးစူး အရပ်ဟူ၍ မှတ်ပါလေ။

သောကြာ (သား-သမီး အတွက်) တောင်အရပ် ဟူ၍ မှတ်ပါလေ။

စနေ -(သား-သမီး အတွက်) အရှေ့မြောက် အရပ်ဟူ၍ မှတ်ပါလေ။

(လှိမ့်ဝင် = တည်သုံး) အိုးနှစ်လုံးကို မိမိမွေးနေ့မနက် ၆နာရီကနေ ၇ နာရီခွဲအတွင်း စတင်ပြီး ထားပါ။ နေ့စဉ် ရှင်သီဝလိ ၁၀ ဂါထာ ရွတ်ပေးပါ။ (နေ့စဉ် ရွတ်ဆိုပါရန်) လှိမ့်ဝင်အိုးမှာကော တည်သုံးအိုးမှာပါ ငွေ ၃၆၀၀ ကျပ်စီ ထည့်ပေးထားပါ။ သိသိသာသာ ငွေဝင်လာပါလိမ့်မည်။

ချေးထားပြီး ပြန်မရသော ငွေများ အရူံးပေါ်နေသော လုပ်ငန်းများ ငွေကြေးကိစ္စနဲ့ ပတ်သက်သော လုပ်ငန်းကိစ္စ မှန်သမျှ သိသိသာသာ အဆင်ပြေလာပါလိမ့်မည်။ ငွေကံပွင့်လာပါက မကြာခဏ ဒါနပြုပါ။ ပံ့သကူ ဒါနပစ်ပါ။ ငွေအိုးကြီး လှိမ့်ယူလာပြီ ရွှေတွေ တည်သုံးမည်။

လူမဝင်သောဆိုင်များ တည်းခိုခန်းများ ဟိုတယ်များ လူများ လှိမ့်ဝင်လာပါလိမ့်မယ်။ အရောင်းအဝယ် လုပ်ငန်းများ သိသိသာသာ တိုးတက်လာတာကို တွေ့ရပါလိမ့်မည်။ တစ်ပတ်လောက် လှိမ့်ဝင်နေပြီး နောက်ပိုင်း နည်းနည်းပါးသွားတာမျိုး ဖြစ်ခဲ့ရင်တော့ လှိမ့်ဝင်အရုပ်ကလေးကို မျက်နှာသစ်ပေးလိုက်ပါ။

ပြီးတော့ ရေမွှေးလေး ဖြန်ပေးလိုက်ပါ။ ပြီးတော့ ““ လာထား လာထား ”” ဆိုပြီး လက်ခုပ်တီးပြီး ပြောလိုက်ပါ။ ဝင်လာပါလိမ့်မယ်ဗျာ … ပထမဆုံးဝင်သော ငွေမှအနည်းအကျင်းကို ဘုရား လှူလိုက်ပါ။ ပြီးမှ ကျန်တဲ့ပိုက်ဆံကို သုံးပါလေ။

ပထမဆုံးဝင်တဲ့ ပိုက်ဆံကို အနိဌ ပစ္စည်းတွေ ဝယ်မသုံးလိုက်ပါနဲ့ ။ နောက်ပြီး လာဘ်တိတ်စေတဲ့ အကြောင်းတရားတွေကို ရှောင်ပေးရပါတယ်။

၁။ မနက် အိပ်ယာထလျှင် အိမ်သာထဲသို့ တန်းမသွားရ၊ မီးဖိုချောင်ထဲသို့ တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်ခြင်း တန်းမလုပ်ရပါ။ လာဘ်တိတ်တတ်ပါသည်။

၂။ ထမင်းစားလျှင် ဘေးမှာ ကျနေသော အမှိုက်များကို ထမင်းစားပြီးလျှင် မိမိပန်းကန်ထဲသို့ ထည့်ပြီး ဆေးဖို့ မယူသွားရပါ။

၃။ စားပြီး အိုးခွက် ပန်းကန်များကို မနက်မှ ဆေးတော့ပါမယ် ဆိုပြီး မီးဖိုချောင်ထဲမှာ မဆေးပဲ တစ်ညလုံး ပုံမထားသင့်ပါ။

၄။ အိမ်ထောင်ဦး အမျိုးသား၏ အင်္ကျီ ၊ စွတ်ကျယ် ၊တဘက်၊ ပုဆိုး အဟောင်းများကို ကြမ်းသုတ် လက်သုတ် ဖုန်သုတ် မလုပ်ရပါ။

၅။ လင်မယား အချင်းချင်း ၉ နာရီ မကျော်မီ စောစောစီးစီး စကားများ ရန်မဖြစ်ရ။ မငြူစူရ၊ ဒေါသ မဖြစ်ရပါ။ စောစောစီးစီး နိမိတ် မကောင်းသော အမင်္ဂလာ သီချင်းများ မဖွင့်ရပါ။

အဲဒီ ၅ ချက် ၂ ချက်လောက် လုပ်မိလျှင် လာဘ်တိတ်စေတတ်ပါတယ်။ ငွေဝင်ပါလျှင်လည်း အသလွတ် ပြန်ပြန် ထွက်သွားတတ်ပါသည်။ ထို့ကြောင့် အဲဒီ အချက်များကို ရှောင်သင့်ပါသည်။

အားလုံး ငွေကြေး ရတနာများ လုပ်ငန်းကောင်းများ လှိမ့်ဝင်ကြပြီး အလှူအတန်း ၊ဘာသာရေး၊ သာသာနာရေး ပရဟိတ အရေးအတွက် တည်သုံးနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သရင်း … ။

Credit To Original Uploader