Knowledge and News

မြန်မာ့ငွေကြေးသမိုင်း

Knowledge

သမိုင်းမှတ်တမ်းများအရ မင်းတုန်းမင်းကြီးလက်ထက် ၁၈၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မန္တလေး-ရတနာပုံနေပြည်တော်တွင် အိမ်ရှေ့စံ ကနောင်မင်းသားကြီးသည် ပြင်သစ်နိုင်ငံသို့ ဒင်္ဂါးသွန်းပညာတော်သင်များ စေလွှတ်၍ ဒင်္ဂါးသွန်းစက်များ ဝယ်ယူကာ ရတနာဒေါင်းဒင်္ဂါးများ ထုတ်ဝေသုံးစွဲခဲ့ကြောင်း တွေ့ရပါသည်။

ဝေသာလီခေတ်တွင် ဝေသာလီဒင်္ဂါး ၊ ပျူခေတ်တွင် ပျူဒင်္ဂါး ၊ ၁၈၈၅တွင် ဗြိတိသျှကိုလိုနီ အင်္ဂလိပ်နယ်ချဲ့တို့က မြန်မာနိုင်ငံကို သိမ်းပြီးနောက် အိန္ဒိယနိုင်ငံထုတ် ရူပီးငွေဒင်္ဂါးများ သုံးစွဲခဲ့သည် ။ ၁၉၃၉ တွင် ရူပီးငွေစက္ကူကို စတင်သုံးစွဲခဲ့သည်။ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာငွေစက္ကူကို စတင်ထုတ်ဝေ သုံးစွဲခဲ့သည် ။

၁၉၇၂ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ ဝါဇီတွင် ငွေစက္ကူများ စတင်ရိုက်နှိပ်ခဲ့သည် ။ မြန်မာနိုင်ငံတွင် လက်ရှိသုံးစွဲနေသော /ယခင်သုံးစွဲခဲ့သော ငွေစက္ကူအမျိုးအစား ( ၁၅) မျိုးရှိသည် ။ ၅၀ ပြား ၊ ၁ ကျပ် ၊ ၅ ကျပ် ၊ ၁၀ ကျပ် ၊ ၁၅ ကျပ် ၊ ၂၀ ကျပ် ၊ ၄၅ ကျပ် ၊ ၅၀ ကျပ် ၊ ၉၀ ကျပ် ၊ ၁၀၀ ကျပ် ၊ ၂၀၀ ကျပ် ၊ ၅၀၀ ကျပ် ၊ ၁၀၀၀ ကျပ် ၊ ၅၀၀၀ ကျပ် ၊ ၁၀၀၀၀ ကျပ် ဆိုပြီး သုံးစွဲခဲ့ကြသည်။

၉၀ တန်ငွေစက္ကူကို ( ၂၂-၉-၈၇) တွင်စတင်ထုတ်ဝေခဲ့ပြီး ၂၀၀တန်ငွေစက္ကူအကြီးကို ( ၁-၃-၁၉၉၀) ၊ ၅၀၀ တန်ငွေစက္ကူအကြီးကို ( ၂၇-၃-၁၉၉၄) ၊ ၁၀၀၀ တန်ငွေစက္ကူအကြီးကို ( ၂၅-၁၁-၁၉၉၈ )၊ ၂၀၀ တန်ငွေစက္ကူအသေး ( ၃၀-၁၀-၂၀၀၃) ၊ ၅၀၀ တန် ငွေစက္ကူအသေးကို ( ၃၀-၁၀-၂၀၀၄) ၊ ၁၀၀၀တန် ငွေစက္ကူအသေးကို ( ၃၀-၁၀-၂၀၀၄) ၊ ၅၀၀၀တန်ငွေစက္ကူကို ( ၁-၁၀-၂၀၀၉) ၊ ၁၀၀၀၀တန်ငွေစက္ကူကို ( ၁၅-၆-၂၀၁၂) ဆိုပြီးထုတ်ဝေသုံးစွဲခဲ့သည်။

Crd#အောင်ကောင်းစုံ
အထွေထွေဗဟုသုတမှတ်စု