Knowledge and News

လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း

Knowledge

(၁) ဒီပင်္ကရာ ဘုရားပွင့်ရာ ကမ္ဘာကြီးဆုံးသောအခါ ကမ္ဘာကြီး တစ်ခုပေါ်လာ၏။ ထိုကမ္ဘာမှာ ဘုရားမပွင့်သော သုညကမ္ဘာဖြစ်၏။ ထိုကဲ့ သို့သော သုညကမ္ဘာပေါင်းမည်မျှဟု ရေတွက်မရအောင် များလှ၏။ ထို့နောက် ကမ္ဘာတစ်ခုပေါ် လာ၏။ ထိုကမ္ဘာ၌ ကောဏ္ဍညဗုဒ္ဓ ပွင့်တော်မူ၏။ ထိုဘုရားပွင့်ရာ ကမ္ဘာကို အသုညကမ္ဘာဟုခေါ်၏။ ထို ဒီပင်္ကရာဗုဒ္ဓပွင့်ရာ ကမ္ဘာနှင့် ကောဏ္ဍညဗုဒ္ဓပွင့်တော်မှုရာ ကမ္ဘာနှစ်ခု တို့၏ အကြားကာလ၌ ပေါ်ခဲ့သော သုညကမ္ဘာကြီးပေါင်း အသင်္ချေသည် အလောင်းတော်ပါရမီ ဖြည့်ကျင့်ရာ ဗုဒ္ဓန ္တရအသေင်္ချေ တစ်ခုဖြစ်၏။

(၂) ထိုကောဏ္ဍညဗုဒ္ဓပွင့်ရာ ကမ္ဘာကုန်ဆုံးသောအခါ ဘုရား မပွင့်သည့် သုည ကမ္ဘာပေါင်း အသင်္ချေလာပြန်၏။ ထို့နောက် ကမ္ဘာတစ်ခု ပေါ်လာ၏။ ထိုကမ္ဘာ၌ မင်္ဂလဗုဒ္ဓ ၊ သုမနဗုဒ္ဓ ၊ ရေဝတဗုဒ္ဓ ၊ သောဘိတဗုဒ္ဓ ဟူသော ဗုဒ္ဓလေးဆူပွင့်တော်မူ ၏။ ထိုကောဏ္ဍညဗုဒ္ဓပွင့်ရာ ကမ္ဘာနှင့်မင်္ဂလဗုဒ္ဓတို့ပွင့်ရာ ကမ္ဘာတို့အကြား ကာလ၌ ပေါ်ခဲ့သော သုညကမ္ဘာကြီးပေါင်း အသင်္ချေသည် အလောင်းတော် ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန ္တရအသင်္ချေတစ်ခု ဖြစ် ၏။

(၃) ထိုဘုရားလေးဆူပွင့်တော်မူရာ ကမ္ဘာကုန်ဆုံးသောအခါ သုည ကမ္ဘာကြီးပေါင်း အသင်္ချေ လာပြန်၏။ ထို့နောက် ကမ္ဘာတစ်ခုပေါ်လာ၏။ ထိုကမ္ဘာ၌ အနောမဒဿီ ၊ ပဒုမဗုဒ္ဓ ၊ နာဒရဗုဒ္ဓ ဟူသော ဘုရားသုံးဆူ ပွင့်တော်မူ၏။ ထို သောဘိတဗုဒ္ဓ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာနှင့် အနောမဿီ ဘုရားရှင်တို့ပွင့်ရာ ကမ္ဘာတို့၏ အကြား၌ဖြစ်ပေါ်ခဲ့သော သုညကမ္ဘာ ကြီးပေါင်း အသင်္ချေသည် အလောင်းတော်ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန ္တရအသေင်္ချေတစ်ခု ဖြစ်၏။

(၄) နာဒရဗုဒ္ဓပွင့်ရာ ကမ္ဘာကုန်ဆုံးသောအခါ သုညကမ္ဘာပေါင်း အသင်္ချေလာပြန်၏။ ထို့နောက် ကမ္ဘာတစ်ခုပေါ်လာ ၏။ ထိုကမ္ဘာ၌ပဒုမုတ္တရဗုဒ္ဓပွင့်တော်မူ၏။ နာဒရဘုရားရှင်တို့ပွင့်တော်မူရာ ကမ္ဘာနှင့် ပဒုမုတ္တရဗုဒ္ဓပွင့်တော်မူရာ ကမ္ဘာတို့၏ အကြား၌ ဖြစ်ပေါ်ခဲ့သော သုညကမ္ဘာပေါင်း အသင်္ချေသည် အလောင်းတော်ပါရမီဖြည့်ကျင့်ရာ ဗုဒ္ဓန ္တရအသေင်္ချေတစ်ခု ဖြစ်၏။

ကမ္ဘာတစ်သိန်း
ထို့နောက် ပဒုမုတ္တရဗုဒ္ဓပွင့်ရာ ကမ္ဘာမှ သိခီဗုဒ္ဓနှင့် ဝေဿဘူဗုဒ္ဓနှစ်ဆူပွင့်တော်မူရာ ကမ္ဘာအထိ ကမ္ဘာပေါင်းတစ်သိန်းနှစ်ကမ္ဘာရှိ၏။ ကမ္ဘာတစ်သိန်း ဟူ၍သာ အလွယ်ခေါ်ကြ၏။ ထို ကမ္ဘာများ အတွင်း၌ ဘုရား ၁၂ ဆူပွင့်တော်မူကြ၏။ အလောင်းတော်သည် ထိုကမ္ဘာတစ်သိန်း ကာလပတ်လုံးလည်း ပါရမီဆယ်ပါး တို့ကို ဖြည့်ကျင့်တော်မူခဲ့ ၏။

Credit:  အရှုံးမရှိသော ဒဿန စာအုပ်