Knowledge and News

သေးသေးလေးကစလိုက်ပါ

Knowledge, Thinking

လူတိုင်း အောင်မြင်ချင်ကြပါတယ်။ဖြစ်နိုင်ရင် ချက်ခြင်းကြီးကို အောင်မြင်ချင်တာပါ။ဒီနေ့လုပ် မ နက်ဖန်လောက် ဝင်ငွေတွေတိုးပြီး အောင် မြင်ချင်ကြတာပါ။မှားလားဆိုရင်တော့… မမှားပါဘူး။ လူပဲဗျာ… ချက်ခြင်းဖြစ်ချင်ကြတာပေါ့။ ဒါပေမယ့်.. သဘာဝအရတော့ ဒီလိုဖြစ်နိုင်ဖို့ နည်းပါ တယ်။အင်မတန်နည်းပါတယ်လို့ ပြောပါရစေ။ဘယ်မိခင်ကမှာ ဒီနေ့ကိုယ်ဝန်ဆောင်ပြီး နောက် နေ့ကို ကျန်းကျန်းမာမာနဲ့ ရင်သွေးငယ်တဦးမွေးဖွားလို့မရပါဘူး။ ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခက သေးမှာမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် သူတို့လည်း ချက်ခြင်းမွေးချင်ရှာမှာပါ.ဒါပေမယ့်… ဒီလို ကိုး လ လွယ်ထားမှပဲ မွေးဖွားမယ့် ရင်သွေးဟာ မျှတတဲ့ အာဟာရနဲ့ ဖွံ့ဖြိုးမှုရမှာပါ။လေယာဉ် တစ်စီး အမြင့်ကို ပျံ သန်းဖို့၊ ပေ ၁ထောင် ပေ ၁သောင်း အထိရောက်ဖို့ဆိုတာ ချက်ခြင်းကြီးမဖြစ် နိုင် ပါ ဘူး။

မြေပြင်ကနေ စပြီး အရှိန်ယူရပါတယ်။ ပြီးတော့မှ အရှိန်ယူပြီး လေထုအမြင့်ကိုထိုးဖောက် တက် နိုင်ပါတယ်။ ကိုယ်က အောင်မြင်ဖို့ အ ရမ်း လောနေပြီလား၊ ဒါမှမဟုတ် ကြိုးစားသလောက် ချက် ခြင်းမအောင်မြင်သေးလို့ စိတ်ညစ်နေတာလား…ဒါဆိုရင်… တခုတော့ သတိ ပေးပါရစေ..ကိုယ် ဘယ်လောက် အရှိန်ယူပြီးပြီလဲ… ဘယ်လောက်ရော အချိန်ယူပြီးပြီလဲ.အရှိန်ယူတာမပြည့်သေး သ၍ အမြင့်ကို မတက်နိုင်သလို၊ အချိန်ယူတာ မပြည့်သေးရင်လည်း မရနိုင်ပါဘူး ၊ ဒီတော့.. ဘယ်ဟာကိုပဲလုပ်လုပ် အောင်မြင်ချင်ရင် စောင့်ရတဲ့အချိန်လေးရှိပါတယ်။ ဒါကို ကိုယ်က အ သေးအဖွဲလေးပဲရှိသေးတယ်၊ အကြီးအမားမဖြစ်သေးဘူးဆိုပြီး စိတ်ဓာတ်မကျပါနဲ့။လေယာဉ် အရှိန်မရခင်မှာ ဘီးကို တလိမ့်ချင်း လှိမ့်ရပါတယ်။လူတွေ မပြေးနိုင်ခင်မှာ လေးဘက်တွားရပါ တယ်။သစ်ပင်ကြီးမဖြစ်ခင်မှာ အညှောင့်လေးအဖြစ်နဲ့ ရပ် တည်ရပါတယ်။လုပ်ငန်း ကြီးမဖြစ် ခင်မှာ လုပ်ငန်းသေးလေးအနေနဲ့ စရပါတယ်။ဒီအလုပ်လေးတွေကို သေးငယ်တယ်ဆိုပြီး မျက် ကွယ်ပြု၊ မလေးစား မဖြစ်မိပါစေနဲ့…အလုပ်သေးတိုင်းဟာ အရေးကြီးပါတယ်.. သေးသေး လေး ကစလိုက်ပါ.။