Knowledge and News

Video Graphic Card များဝယ်ယူလျှင်သိထားသင့်သောအချက်များ

Sciences & technology
Graphic လို့ပြောရရင် 2D ကော 3D ပါ,ပါတယ်။ Graphic Card တွေကို 3D rendering အတွက် ရည်ရွယ်ပြီး ထုတ်ခဲ့တာပါ။3D image တွေဟာ polygon တွေနဲ့ ဖွဲ့စည်းထားပါတယ်။GPU က 3D image တွေကို ဖော်ပြပေးရန်လိုအပ်တဲ့ pixel တွေကို ဘယ်လို ordering လုပ်မလဲဆိုတာ တွက်ချက်ပေးရပါတယ်။3D rendering ကောင်းကောင်းလုပ်မယ်ဆိုရင် CPU ကော GPU ပါ performance ကောင်းမို့ လိုအပ်ပါတယ်။ဘာလို့လဲဆိုတော့ image အတွက်
imformation(binary data) ကို CPU က GPU ကို ပို့ပေးရပီး GPU က ရလာတဲ့ information(binary data) တွေကို rendering လုပ်ပေးရပါတယ်။
Graphic Card တခုမှာ အခြေခံအားဖြင့်
1. GPU
2. vRAM
GPU (Graphic Processing Unit) က rendering အပိုင်း လုပ်ပါတယ်။ အချို့ GPU တွေမှာ ပါတဲ့ Transistor အရေအတွက်ဟာ CPU မှာပါတဲ့ Transistor ထက်တောင် ပိုများပါတယ်။ဒီတော့ အပူပို ထွက်တဲ့အတွက် Heat Sink. or Fan တွေ သုံးပေးထားရပါတယ်။ vRAM က Rendering လုပ်ပီး ထွက်လာတဲ့ data (pixel or complete image) ကို temporary store ထားပေးပါတယ်။
Image Quality ကောင်းရန် GPU တွေဟာ အောက်ပါ process တွေနဲ့ အလုပ်လုပ်ပါတယ်။
1. Full Sense Anti Aliasing (FSAA)
3D object ရဲ့ အနားစွန်းလေးကို smoothes အောင် လုပ်ပေးပါတယ်။
2. Anisotropic Filtering (AF)
သူက ပုံရိပ်တွေကို ပြတ်သားထင်ရှားအောင် လုပ်ပေးပါတယ်။
GPU က rendering လုပ်နေချိန်မှာ data တွေ temporary store လုပ်ရန် vRAM ကို အသုံးပြုပါတယ်။
Rendering လုပ်နေတဲ့ image complete မဖြစ်ခင်မှာ ရလာတဲ့ uncompleted data တွေကို vRAM ထဲမှာ store လုပ်တဲ့အတွက် vRAM ကို Frame Buffer လို့လည်း ခေါ်ပါတယ်။vRAM က high speed နဲ့ အလုပ်လုပ်နိုင်ပြီး read & write တပြိုင်နက်လုပ်နိုင်တဲ့ Dual ported technology ကို အသုံးပြုထားပါတယ်။ထို့နောက် vRAM မှာရှိတဲ့ complete image တွေကို Monitor ဆီပို့ပေးနိုင်ရန် DAC (Digital to Analog Converter) ကို အသုံးပြုပါတယ်။ vRAM နဲ့ DAC တိုက်ရိုက်ချိတ်ဆက်ထားပြီး Monitor ဆီ image တွေ မပို့ခင် Analog signal (VGA or DVI-A) ပြောင်းပေးရပါတယ်။
DAC ကို RAMDAC လို့လည်း ခေါ်ကြပါတယ်။ RAMDAC တခုထက်ပိုပါတဲ့ Graphic Card တွေဟာ Monitor တခုထက်ပိုပီး အသုံးပြုလို့ရပါတယ်။
The Evolution of Graphic
Monochrome Display Adapter (MDA)
1981 မှာ IBM က Monochrome Display Adapter လို့ခေါ်တဲ့ Graphic Card ကို introduce လုပ်ခဲ့ပါတယ်။ သူက text only သာ ပြပေးနိုင်ပြီး green or white color text တွေကို black screen ပေါ်မှာ ဖော်ပြပေးတာ ဖြစ်ပါတယ်။
Video Graphic Array (VGA)
color ပေါင်း 256 color ထိ အလုပ်လုပ်နိုင်ပါတယ်။
Quantam Extended Graphic Array (QXGA)
QXGA graphic card တွေဟာ high resolution (up to 2040 x 1536) တွေပဲ ဖြစ်ပါတယ်။
Graphic Card တွေ
1. PCI (old technology)
2. AGP (old technology)
3. PCIe (present)
စသည့် slot တွေမှာ စိုက်ပီး အသုံးပြုခဲ့ကြပါတယ်။
Graphic Card တွေမှာ Monitor connector နှစ်ခုပါတတ်ကြပါတယ်။ Monitor ကတော့ တလုံးပဲ ချိတ်ပီး သုံးရပါတယ်။ အကယ်၍ Graphic Card တစ်ကဒ် ကို Monitor နှစ်လုံးနှင့် ချိတ်ချင်ရင် Dual Head Capabilities ပါတဲ့ ကဒ်ဝယ်ရမှာ ဖြစ်ပါတယ်။ PCIe တွေမှာတော့ Monitor လေးလုံးအထိ ချိတ်ဆက်နိုင်ပါတယ်။Graphic Card တွေကို APIs (Open GL or DirectX) library file တွေက manipulate လုပ်ပေးပါတယ်။
Open GL (OpeN Graphic Library) – for cross plateform
Graphic Card တွေကို Frame rate (FPs) နဲ့ တိုင်းတာပါတယ်။ FPS ဆိုတာ 1 စက္ကန့်မှာ Graphic Card က ပြပေးနိုင်တဲ့ Frame အရေအတွက်ဖြစ်ပါတယ်။ Human Eye က 1စက္ကန့်မှာ 25FPS အထိ အလုပ်လုပ်နိုင်ပါတယ်။ fast action တခု smooth animation and scrolling ဖြစ်မို့ 1စက္ကန်မှာ 60FPS လိုအပ်ပါတယ်။
Frame Rate မှာ
1. Triangles or Vertices Per Second (for 3D)
2. Pixel Full Rate တို့ ပါဝင်ပါတယ်။
Graphic Card ရွေးမယ်ဆိုရင်
1. GPU clock speed (MHz)
2. Amount of available memory (MB)
3. Memory clock rate (MHz)
4. Size of the memory bus (bits)
5. Memory bandwidth (GB/s)
တို့ဖြင့် ရွေးချယ်နိုင်ပါတယ်။
Graphic Cards တွေကို
1. Nvidia
2. AMD တို့က ထုတ်လုပ်ပါတယ်။
Nvidia
Nvidia card တွေကိုကြည့်မယ်ဆိုလို့ရှိရင်gt နဲ့ gtx ဆိုပြီးတော့နှစ်မျိုးတွေ့ရမှာပါ။ သူ့မော်ဒယ်နံပါတ်တွေကိုgt xxx , gtx xxx ပုံစံမျိုးနဲ့ဖော်ပြထားလေ့ရှိပါတယ်။ ရှေ့ဆုံးနံပါတ်ကတော့သူ့ရဲ့generationကိုဖော်ပြပါတယ်။ နောက်ကနံပါတ်နှစ်လုံးကတော့modelနံပါတ်ပေါ့ example gtx 560 နဲ့ gtx 660 ကgeneration မတူပါဘူး။ gtx 1060 နဲ့ gtx 1070 ကတော့generationတူပါတယ်model မတူပါဘူး။ model နံပါတ် x10, x20,x30,x40 တွေကိုgt လို့သတ်မှတ်ထားပြီးသူ့ထက်modelပိုမြင့်တဲ့x50,x60,x70,x80 တွေကိုတော့gtxလို့သတ်မှတ်ထားပါတယ်။ gt နဲ့ gtx နဲ့ဘာကွာလဲဆိုတော့gtx ကgame ဆော့ဖို့အတွက်ထုတ်လုပ်ထားတဲ့ graphic card ဖြစ်ပြီး gt ကတော့graphic ပိုင်းသိပ်မလိုတဲ့သာမန်အိမ်သုံးရုံးသုံးလုပ်ဆောင်မှုတွေအတွက်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် gt က not for gaming and entry level ပေါ့အဲ့card တွေဖြစ်တဲ့ gt 610,gt 620,gt 630,gt 640,gt 710,gt 720,gt 730,gt 740 အစရှိတဲ့cardတွေကတချို့သိပ်မကြီးတဲ့game eg. dota 2 လိုgameမျိုးကိုတော့ graphic setting medium highလောက်ချိန်းပြီးတော့ run ကောင်းrunန်ိုင်ပါရဲ့gameအကြီးကြီးတွေကိုတော့run လို့အဆင်မပြေနိုင်ပါဘူး။ သူတို့မှာလဲ 2GB တို့ 4GBတို့ရှိတာဘဲဒါပေမဲ့ game အတွက်ထုတ်ထားတာမဟုတ်လို့run လို့အဆင်မပြေပါဘူး။
အဲ့တော့ game အတွက် graphic card ဝယ်မယ်ဆိုရင်အနည်းဆုံးgtx 750ti,gtx 950, gtx 1050 ကစဝယ်ပေါ့အမြင့်ဆုံးဝယ်ချင်တယ်ဆိုရင်တော့ gtx 1080 ဝယ်ပေါ့။ သူ့ထက်မြင့်တာရှိသေးတယ်။ gtx 1080ti ပါ သူကgtx 1080 ကိုclock speed တွေဘာတွေပိုမြန်အောင်လုပ်ပေးထားတာဖြစ်တယ်ဆိုတော့ gtx 1080ထက်ပိုမြန်တာပေါ့။ gtx 1080မှာဘဲထွက်တာမဟုတ်ပါဘူး။ gtx 1050ti တို့gtx 980ti တို့ gtx 950ti တို့လဲရှိပါတယ်။ သူတို့လဲထိုနည်းလည်းကောင်းပါဘဲ gtx 1050,gtx 980,gtx950တို့ထက်ပိုမြန်ပါတယ်။ gtx 800 series ထွက်လိုက်ပါသေးတယ်။ ဒါပေမဲ့ pc အတွက်မထုတ်ဘဲ laptop အတွက်ဘဲထုတ်ခဲ့တာပါ။ nvidia က laptop အတွက်ထုတ်တဲ့ graphic cardတွေတော်တော်များများရဲ့နောက်ဆုံးမှာ M ဆိုတဲ့စာလုံးလေးရေးထားပါတယ်။ အဲ့ဒါကအလှထည့်ရေးထားတာမဟုတ်ပါဘူး။ အဲ့ laptop တွေအတွက်ထုတ်လုပ်ထားတဲ့ graphic card တွေဖြစ်တဲ့ဥပမာအနေနဲ့ပြောရရင် gtx 960 M,gtx 970 M အစရှိတဲ့ card တွေကသူတို့နဲ့ generation တူ model လဲတူတဲ့ gtx 960,gtx 970 card တွေလောက်မမြန်ပါဘူး။ သူတို့ထက်နှေးပါတယ်။ ဒါပေမဲ့အခုနောက်ဆုံးထွက်ရှိထားတဲ့ gtx 1000 series မှာတော့ nvidia က laptop တွေအတွက် gtx 1060 တွေ gtx 1070 တွေ gtx 1080 တွေထုတ်ပေးခဲ့ပါတယ်။ နောက်ဆုံးမှာ M ဆိုတဲ့စာလုံးလေးမပါဝင်တော့သလို အဲ့ laptop မှာသုံးတဲ့ card တွေကလဲ desktop မှာသုံးcardတွေနီးနီးစွမ်းဆောင်ရည်ကောင်းမွန်လာခဲ့ပါတယ်။
AMD
AMD graphic card တွေကိုကြည့်မယ်ဆိုရင်လဲပဲ သူတို့ရဲ့ generation တွေmodel တွေကိုဖော်ပြတဲ့ပုံစံတွေကလဲ nvidia နဲ့တော်တော်လေးတူပါတယ်။ gt, gtx နေရာတွေမှာ R7,R9 ဆိုတဲ့စာလုံးလေးတွေအစားထိုးသွားတာပါပဲ။အဲ့R5,R7,R9 စတဲ့စာလုံးတွေကို AMD က300 series အထိဘဲအသုံးပြုခဲ့ပါတယ်။ 400 series ကစပြီး ရှေ့ဆုံးမှာRXဆိုတဲ့စာလုံးတစ်မျိုးထဲကိုပဲသုံးခဲ့တာပါ။ nvidia card တွေလိုမျိုးဘဲရှေ့နံပါတ်ကသူ့ရဲ့ generation ပါ။ နောက်ကနံပါတ်နှစ်လုံးကတော့modelပေါ့၊  R9 290 နဲ့ R9 390 နဲ့ generationမတူပါဘူး။ RX 470 နဲ့ RX 480 နဲ့ကgenerationတူပေမဲ့ model မတူပါဘူး။ gaming အတွက် AMD card တွေဝယ်မယ်ဆိုရင်တော့ RX 460 လောက်ကစဝယ်ပေါ့၊ တခြားအသေးစားလုပ်ငန်းလုပ်ဆောင်မှုတွေအတွက်လဲထုတ်ပါသေးတယ်။ R7 240, R7 250တို့ပေါ့ AMD ကတော့လုပ်ငန်းသုံးအတွက် 200 series အထိပဲထုတ်ခဲ့ပါတယ်။ nvidia ကgtx 1050ti,gtx 1080tiထုတ်သလိုမျိုးပဲ၊ R9 280x တို့R9 290x တို့ထုတ်ပါသေးတယ် AMD card တွေကိုတော့ laptop မှာအသုံးပြုတာတော်တော်လေးရှားပါတယ်။ အမြင့်ပိုင်းမှာပေါ့။ဟိုးအရင်တုန်းကR9 200 series တုန်းကတော့ msi ရဲ့laptopတွေမှာအသုံးပြုခဲ့ပါသေးတယ်။ အဆင်မပြေလို့နဲ့တူပါရဲ့နောက်ပိုင်းမတွေ့ရတော့ပါဘူး။အချို့သော performance မြင့် graphic တွေမှာ power သီးသန့် ပေးမို့ လိုအပ်ပါတယ်။
Nvidia က SLI (Scalable Link Inteface) ကိုသုံးပြီးAMD က CrossFire ကို အသုံးပြီးပါတယ်။
Credit…. Original Writer