Knowledge and News

ငွေနောက်လိုက်ရင်း လမ်းမပျောက်ပါစေနဲ့

Thinking

လမ်းဆုံးရောက်မှ လေးလေးပင်ပင်ကြီးနဲ့ သယ်လာတာက အမှိုက်ကြီး ဖြစ်နေမှန်း သိလိုက်ကြတယ်။

သုံးသင့်သလောက် သုံး။ရှာသင့်သလောက် ရှာ။ပိုက်ဆံရှာရင်း ပျော်တတ်ပါစေ။ငွေဆိုတာ ပျော်ရွှင်မှုအတွက်ကြားခံပစ္စည်း တစ်ခုပါ။ငွေကို ကိုးကွယ်သွားရင်တော့အရူးတစ်ယောက်လို အလုပ်လုပ်ပေတော့. .ငွေကြောင့် လူဖြစ်လာတယ်လို့ယူဆရင် ငွေက နတ်ဘုရား။လူကြောင့် ငွေဖြစ်လာတယ်လို့ ယူဆရင်ကိုယ်ကငွေရဲ့အရှင်သခင်။

ဂျပန်နိုင်ငံမှာ အလုပ်ကြိုးစားလွန်းလို့သေတဲ့သူတွေ ရှိပါတယ်။စင်္ကာပူမှာလည်း နေ့ညမအား ဘဝပျောက်နေတဲ့ ခွဲစိတ်ဆရာဝန်တွေ ရှိပါတယ်။

ဒေါ်လာသန်းချီတန်တဲ့ ကွန်ဒိုဝယ်ပြီးညအိပ်ချိန်သာ အိမ်ပြန် အိပ်ရသူတွေ ရှိပါတယ်။ အိမ်ဖော်လေးတွေကသာ ကွန်ဒိုမှာနေ၊ဒေါ်လာသောင်းချီတဲ့ ဆိုဖာပေါ်ထိုင်၊ လက္မ၁၀၀ Ultra HD တီဗွီနဲ့ အဲကွန်းအောက်မှာ နှပ်နေရတာတွေ ရှိပါတယ်။

ဘယ်လောက် ငွေကြေးချမ်းသာ နေပါစေ မကျန်းမာရင် ကျန်းမာတဲ့ဆင်းရဲသူထက် ဘဝဆိုးပါတယ်။ မကျန်းမာတဲ့ ခန္ဓာကိုယ်ဟာ ဘယ်အရာကိုမှ သာသာယာယာ ခံစားနိုင်စွမ်း မရှိပါဘူး။

ကျန်းမာတဲ့ ခန္ဓာကိုယ်ကသာ အရာရာကို ခံစားနိုင်စွမ်း ရှိတာပါ။ဒါကြောင့် ငွေကြေးဘယ်လောက်ချမ်းသာပါစေ။ကိုယ့်ကျန်းမာရေး အတွက်ကတော့ တစ်နေ့ကို အနည်းဆုံးအချိန် တစ်နာရီ လောက်တော့ ပေးရမှာပါ။

မကြိုးစားရဘူးလို့ ပြောတာမဟုတ်ပါဘူး။ ငွေကိုလည်းရှာရမယ်။ဘဝမှာ လုပ်သင့်လုပ်ထိုက်တာတွေလည်းလုပ်ရမယ်။လူ့ဘဝဆိုတာ ရခဲတာမို့လို့ပါ ကိုယ့်ကြိုးစားမှုရဲ့ အကျိုးကိုလည်းခံစားပါ။ငွေရှာတဲ့ အလုပ်တစ်ခုတည်းမှာပဲ ဘဝကို မကုန်ဆုံးလိုက်ပါနဲ့။

မိသားစုအတွက် အချိန်ပေးပါ။ချစ်သောသူတွေအတွက် အချိန်ပေးပါ။မိတ်ဆွေတွေအတွက် အချိန်ပေးပါ။ပျော်ရွှင်ကျေနပ်စရာ ဘဝကို ပိုင်ဆိုင်ရပါလိမ့်မယ် ။ငွေနောက်လိုက်ရင်း လမ်းပျောက်သူတွေ မဖြစ်ကြစေဖို့ . . ။

credit – မူရင်းရေးသူ

credit – thutazone