Knowledge and News

ကာယသိဒ္ဓိပြီးတဲ့ ဝက်စွယ်ဂင်းပိတ်

Knowledge

ဝက်စွယ်ဂင်းပိတ် (ခေါ်) ဝက်မာန်စွယ်သည် အမောင်းအဟန့် အလွှဲအဖယ် အကွယ်အကာ ကောင်းလှ၏။

ထူးခြား ဆန်းကြယ်သော တောတောင်ထဲမှ ပစ္စည်းဆန်း တစ်မျိုးဖြစ်သည်။တောတောင်ထဲတွင် တောဝက်တို့ သဘာဝ ကျင်လည် ကျက်စား နေထိုင်သွားလာလေ့ ရှိသည်။

တောဝက်အုပ် တစ်အုပ်တွင် သင်းအုပ် ခေါင်းဆောင် ဝက်တောင်းကြီး တစ်ကောင် ရှိတတ်သည်။ထို ခေါင်းဆောင်ဝက်ကြီးသည် အုပ်စု၏ အန္တရာယ် ကင်းစေရေးအတွက် အသက်စွန့်၍ ကာကွယ်တတ်သည်။

အန္တရာယ် တစ်စုံတရာ ကျလာပါက မိမိအုပ်စုအတွက် ရှေ့ဆုံးမှ ရပ်တည်၍ မိမိအုပ်စုကို လွတ်ရာသို့ ပြေးစေသည်။တချိန်တည်းမှာပဲ ရန်သူ၏ အငွေ့အသက်ကို ရှုရှိုက်ပြီး ရန်သူရှိရာ အရပ်သို့ တဟုန်တိုး ပြေးဝင်၍ အစွယ်ဖြင့် ဝင်အောင်းလေ့ ရှိသည်။

ထိုသို့ ဝက်ကြီး ဝင်အောင်းရာတွင် ရန်သူက လျင်မြန်၍ သစ်ပင် တခုခုနောက်သို့ ဝင်လိုက်လျှင်လည်းကောင်း၊ သစ်ပင်ကြီး တခုခုကို ရန်သူအမှတ်ဖြင့် ဝင်အောင်း၍ လည်းကောင်း ဝက်အစွယ်သည် သစ်ပင်တွင် စိုက်ဝင်နေတတ်သည်။

စိုက်ဝင်နေသော အစွယ်ကို ရုတ်တရက် ပြန်နှုတ် မရပဲ မာန်ရစ်ပြီး ချိုးပစ်တတ်လေ့ ရှိသည်။သစ်ပင်၌ ကျိုးကျန် စိုက်ဝင်နေသော အစွယ်သည် ဝက်မာန်စွယ်ပင် ဖြစ်လေသည်။

၎င်းဝက်မာန်စွယ်တွင် ခရုသင်း ရစ်ထားသလို အရစ်လေးများ ပါနေပါက ဝက်စွယ်ဂင်းပိတ်အစွမ်း အမြင့်ဆုံး ဖြစ်၏။ဝက်စွယ်ခေါင်းပွမှာ ဝက်စွယ်ဂင်းပိတ်လောက် အာနိသင် မထက်မြက်ပေ။

ထိုအတူ ဝက်များ မိတ်လိုက်လို၍ မုန်ထန်နေသော အချိန်၌ လည်း သစ်ပင်ကို ပြေးအောင်းတတ်သေးသည်။ထိုသို့ ဖြစ်တည်လာသော ဝက်စွယ်ဂင်းပိတ်သည် ရန်သူကို တိုက်ခိုက်၍ ဖြစ်တည်သော ဝက်စွယ်ဂင်းပိတ်လောက် အာနိသင် အစွမ်းမကြီး။

ရရှိလာသော ဝက်စွယ်ဂင်းပိတ်ကို ဂဝံမျက်နှာဖုံးပုံ ထုလုပ်၍ ဆောင်ပါက အလွှဲအဖယ် အကွယ်အကာ ကောင်း၏။ရှင်သီဝလိ ယပ်ထမ်းဟန် ထုလုပ်၍ သဗ္ဗဇယ မင်္ဂလာဂါထာ တစ်ထောင်စုတ်ပြီး ဆောင်ပါက လာဘ်လာဘ ရွှင်လန်း၏ဝက်စွယ်ဂင်းပိတ် အစစ်ရလျှင် ကာယသိဒ္ဓိပြီး၍ ဒုတ်ဒါး ပြီး၏။

ဝက်စွယ်ဂင်းပိတ်ကို အိတ်ထဲထည့်၍ ယင်းအိတ်ကို သနတ်ဖြင့် ပစ်လျှင် မီးမကူး ကျည်မထွက်ပါက အစစ်ဟု ဆိုနိုင်ပါသည်။
ရှားပါး ဂမ္ဘီရ ပစ္စည်းတခု ဖြစ်ပြီး အစစ်ရလျှင် သိန်းထောင်ချီ တန်ဖိုး ရှိတယ်လို့ သိရပါတယ်။