Knowledge and News

လျှပ်စစ်မော်တာ တစ်လုံးမှမပါဘဲ ရေပေးဝေနေသောဂျိုးဖြူရေကန်

History, Knowledge, Sciences & technology

ဂျိုးဖြူ ပင်မရေလှောင်ကန်ကြီးက ပင်လယ်ရေ မျက်နှာပြင်ထက် အမြင့်ပေ ၂၁၅ ပေ အောက် ရေစစ်ကန်က ပင်လယ် ရေမျက်နှာပြင် အထက် ၁၈၉ ပေရှိပါတယ်။

အဲ့ရေစစ်ကန် ကနေ ရန်ကုန်မြို့ ထဲထိ အဆင့်ဆင့် ရေပေးဝေတာ လျှပ်စစ် မလိုပါဘူးတဲ့ သဘာဝအတိုင်း အနိမ့် ကို စီးဆင်းသွားတဲ့ နည်း သုံးထားတာပါ။

အရှေ့တောင်အာရှ မှာ တစ်ကန်ထဲ သော ဓါတ်အား မလိုသော ရေပေးဝေရေး စနစ် နဲ့ သေသေချာချာ ရေမြေသဘာဝ တွေ ကို တွက်ချက် ဆောက်လုပ်ထား တဲ့ ကန်ကြီးပါမီးပျက်လဲ ရန်ကုန် မြို့ကို ရေဖြန့်တာ ရပ်မသွားပါဘူးတဲ့။ ဝန်ထမ်း လိုင်းခန်းတွေ အထိ တွက်ချက် ဆောက်လုပ်ထားတာ ရေကို လျှပ်စစ် မပါပဲ ဖြန့်ဝေပေးနိုင်အောင် ဂျိုးဖြူ ကန်ကြီးကို ၁၉၃၇ ခုနှစ်မှာ အင်္ဂလန်က ပညာရှင်တွေက ဆောက်လုပ် ခဲ့တာပါ ။

ရေမြေ သဘာဝတွေ အကုန် တိုင်းတာ တွက်ချက်ပြီး အင်္ဂလန်မှာ ဒီဇိုင်း calculation တွေ ပြန်လုပ်ပြီး မှ ပြန်လာဆောက်ပေးသွား တာပါ အဲ့ဒါကြောင့် ခုချိန်ထိ နိုင်ငံ တကာက လာလေ့လာကြပါတယ် ။

၂၀၀၃ ငလျင်ဒါဏ်ကြောင့် အပေါ်ကန် ရေ နည်းနည်း စိမ့်ဘူး တာက လွဲရင် ၄ ပေထုထည် ရှိတဲ့ လှိုင်ဂူက ရေထုတ်ပေါက် ၃ ပေါက်ကို ကောင်းကောင်းကြီး ကြံ့ခိုင်မှု့ပေးပါတယ်။

ရေလှောင်ကန်ကြီးက ချောင်း ၅ ချောင်း ပေါင်းဆုံ တာဖြစ်ပြီး ရေကျော် လာရင် လှိုင်မြစ်ထဲကို စီးဆင်း ဖို့ ရေကျော် လဲရှိပါတယ်။

အနည်ထုတ်ဖို့ အောက်ဖက်မှာ လဲ စိမ်းစိုတဲ့ သစ်တောထဲ ကို ရေချိုတွေ စီးဆင်းဖို့ ချောင်းတစ်ခု ရှိပါတယ်။

ရှေးတုန်းက ပုံတွေ ကြည့်ရင်း မြေတူး မြေသယ် တာတောင် ဆင်တွေ နဲ့ လုပ်ခဲ့ ကြတာ … အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ် Drawing တွေတော့ ရှိမရှိ မသိဘူးပေါ့ ။

ကိုယ်စိတ်ဝင် အစားဆုံးက ၁၉၃၇ တုန်းက တွက်ချက်ထားတဲ့ Structure တွေ ကိုပဲ ခုထိ တောင့်တင်း ခိုင်မာ နေတဲ့ ကန်ဘောင်တွေ ရန်ကုန်မြို့ထဲထိ စီးဆင်းသွားစေမယ့် Water flow slope calculations တွေ တကယ်ကို တော်တဲ့ ပညာရှင် တွေကို ကျေးဇူးတင်မိတယ် ။

ရှင်းပြတာတွေ ကတော့ အများကြီးပဲ နားလည်တာတွေ ပြန်လာ ရေးပြတာ အရှေ့တောင် အာရှမှာ တစ်ကန်ထဲသော ဓါတ်အား မလိုပဲ ရေဖြန့်ဝေ တဲ့ ကန်နော်။

Credit – U Ye Gyi

ဂျိုးဖြူကန်

တည်နေရာ-တိုက်ကြီးမြို့နယ်တွင်ရှိသည်။

မျက်နှာပြင်-ဧရိယာ ၂.၈ စတုရန်းမိုင်

ရေထုထည်-၁၆၆၀၀ ဂါလန်သန်း၊

ပင်လယ်ရေ မျက်နှာပြင်အမြင့်-၂၁၅ ပေ

သမိုင်းကြောင်း

ဂျိုးဖြူကန်ကို အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၃၇ခုနှစ်က စတင်၍ တည်ဆောက်ခဲ့ပြီး ၁၉၄၀ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ရေကန်သည် တိုက်ကြီးမြို့နယ် ချောင်းမကြီးလေးခုဆုံရာနေရာတွင် တည်ရှိသည်။

တည်ဆောက်မှု ကုန်ကျစရိတ်သည် ၁၇၅ သိန်း ရှိခဲ့သည်။ ရေသယ်ယူပို့ဆောင်သည့် လမ်းကြောင်းမှာ ဂျိုးဖြူကန်မှ ကုက္ကိုင်းအထိ ပိုက်လိုင်းအရှည်သည် ၄၃ မိုင် ရှိသည်။ ထိုသို့ သယ်ယူပို့ဆောင်သည့် ပိုက်လိုင်းများသည် အချင်း ၅၆ လက်မ ရှိကာ သံမဏိပိုက်များ ဖြစ်သည်။

ရေပေးဝေမှု

ဂျိုးဖြူကန်သည် ရေဂါလန်သန်းပေါင်း ၁၆၆၀၀ ကို သိုလှောင်ထားနိုင်သည်။ တစ်နေ့လျှင် ရေဂါလန်သန်းပေါင်း ၂၇ သန်း ပေးဝေနိုင်သည်။​

ပြုပြင်ထိန်းသိမ်းခြင်း

ဂျိုးဖြူရေကန်သည် တိုက်ကြီးမြို့နယ်တွင် တည်ရှိ၍ သွားရောက်မည်ဆိုပါက ရန်ကုန် – ပြည်လမ်း ၄၉ မိုင်အရောက် ညာဘက် ၇ မိုင်အကွာတွင်တည်ရှိသည်။

အတိုင်းအတာများ

စတင်တည်ဆောက်သောခုနှစ် – ၁၉၃၆ ခုနှစ် ပြီးစီးသောခုနှစ် – ၁၉၄၀ ခုနှစ်

ရေဝေရေလဲဧရိယာ ၁၂.၇ စတုရန်းမိုင်
ကန်ရေပြည့်ရေပြင်ဧရိယာ – ၂.၈ စတုရန်းမိုင်

ရေသိုလှောင်နိုင်အား – ၁၆၆၀၀ ဂါလန်သန်း

အသုံးပြုနိုင်သော ပမာဏ – ၈၄၀၀ ဂါလန်သန်း

အမြင့်ဆုံးကန်ရေချိန် – ၂၁၅ ပေ
အနိမ့်ဆုံးကန်ရေချိန် – ၁၃၈ ပေ
ပထမ ရေယူပေါက် – ၂၀၁ ပေ
ဒုတိယရေယူပေါက် – ၁၈၀ ပေ
တတိယ ရေယူပေါက် – ၁၃၈ ပေ
တစ်နေ့ရေပေးဝေနိုင်မှုပမာဏ – ၂၇ ဂါလန်သန်း
အကွာအဝေး – ၄၃ မိုင်

ကိုးကား
↑ ၁.၀ ၁.၁ ၁.၂ Yangon City Myanmar
↑ ၂.၀ ၂.၁ ၂.၂ ၂.၃ စီးပွားရေးမြို့တော်ရဲ့ ရေအရင်းအမြစ် ဂျိုးဖြူ | The Myanmar Times
↑ ၃.၀ ၃.၁ ၃.၂ ၃.၃ THE VOICE – News Myanmar။

Cedit.. ဝီကီပီးဒီးယား