Knowledge and News

နာမည်ကြီးနေတဲ့ ထိုင်းနိုင်ငံကသူယောင်မယ်ပင်

Knowledge

ဒဏ္ဍာရီ ပုံပြင်တွေထဲမှာသာမက အပြင်မှာပါ တကယ်ရှိတဲ့ သူယောင်မယ်ပင်ကို ထိုင်းနိုင်ငံမှာ ပေါက်ရောက်လျှက် ရှိတဲ့ သစ်ပင်တစ်ပင်ကနေ တွေ့ရှိခဲ့ပါတယ်။ အမျိုးသမီး တစ်ယောက်ရဲ့ပုံစံ အသီးတွေ သီးနေတဲ့ သတင်းဟာ တခဏအတွင်းနာမည်ကြီးသွားခဲ့ပါတယ်။

ဒီလိုအပင်မျိုးကို မြန်မာ့ဒဏ္ဍာရီ ပုံပြင်တွေထဲမှာလည်း ရှိခဲ့ဖူးပြီး သူယောင်မယ်အပင်လို့ ခေါ်ခဲ့ပါတယ်။ ဒီအပင်ကို ထိုင်းဘာသာစကားနဲ့ (နရီဖန်) Nariphon လို့ ခေါ်ကြပြီး သူ့မှာလည်း ဒဏ္ဍာရီတွေ ရှိခဲ့ပါတယ်။

ဒီအပင်ဟာ ထိုင်းရိုးရာ ဒဏ္ဍာရီပုံပြင်တွေထဲမှာ ပါလေ့ရှိတဲ့ ဒဏ္ဍာရီဆန်ဆန် (ဟင်းမဖန်) Himaphan ဆိုတဲ့ တောအုပ်ကြီး ပေါက်ရောက်ခဲ့တယ်လို့ လူတွေက ပါးစပ်ရာဇဝင် ပြောခဲ့ကြပြီး ဒီမတိုင်ခင်အထိတော့ ဘယ်သူမှ တိတိကျကျ မမြင်ဖူးခဲ့ပါဘူး။

ထိုင်းရိုးရာ ပုံပြင်ထဲမှာတော့ နတ်ဘုရားတစ်ပါး ဖြစ်တဲ့ (အင်ဒရာ) Indra နဲ့ သူ့ဇနီး (ဗက်ဆင်တာရာ) Vessantara တို့ဟာ တောနက်ထဲက အိမ်တစ်လုံးမှာ ကလေးနှစ်ယောက်နဲ့အတူ နေထိုင်ခဲ့ကြပါတယ်။

တစ်ရက်မှာ ဇနီးဖြစ်သူ (ဗက်ဆင်တာရာ) Vessantara ဟာ တောထဲမှာ အစာရှာသွားရင်း အစွမ်းထက်တဲ့ ယောက်ျား မိစ္ဆာတွေရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပြီး အစာတွေကို စွန့်ချကာ ထွက်ပြေးခဲ့ရပါတယ်။

အဲဒီအခါမှာ (အင်ဒရာ) Indra က ယခုကဲ့သို့သော လူမိန်းမပုံစံ သီးတဲ့အပင် (၁၂)ပင်ကို ဖန်းဆင်းပြီး ဇနီးဖြစ်သူကို လိုက်လံ တိုက်ခိုက်တဲ့ အမျိုးသားတွေကို ဖျားယောင်းခဲ့ပါတယ်။

အဲဒီအမျိုးသားတွေဟာ (အင်ဒရာ) Indra ဖန်ဆင်းပေးလိုက်တဲ့ အပင်တွေကို သယ်သွားပြီး အသီးကနေ ဖြစ်ပေါ်လာတဲ့ အမျိုးသမီးတွေနဲ့ ကာမဂုဏ်အာရုံ ခံစားကာ လေးလအထိ အိပ်ပျော်သွားခဲ့ပါတယ်။

အဲဒီနောက် အိပ်ယာက ပြန်နိုးတဲ့အခါ မိစ္ဆာ ယောက်ျားတွေမှာ အစွမ်းသတ္တိတွေ လုံး၀ မရှိတော့ဘဲ ပကတိ လူသားအတိုင်း ဖြစ်သွာခဲ့တယ်လို့ ပုံပြင်က ဆိုပါတယ်။

ထိုင်းလူမျိုးတွေဟာ (အင်ဒရာ) Indra နဲ့ သူ့ဇနီး (ဗက်ဆင်တာရာ) Vessantara တို့ ကွယ်လွန်သွားပေမယ့် အဲဒီထူးဆန်းတဲ့ အပင်တွေဟာ ဆက်လက် ရှင်သန်ပြီး မိန်းမပုံစံ အသီးတွေကို သီးနေသေးတယ်လို့ ခေတ်အဆက်ဆက်က ယူဆခဲ့ကြပါတယ်။