Knowledge and News

ရွှေတွင်းတူးလုပ်ငန်း စတင်ခဲ့ပုံ

Knowledge

အချိန်ကာလကို အတိအကျမဖော်ထုတ်နိုင်ပေမယ့် လွန်ခဲ့သော နှစ်ပေါင်း ( ၅၀၀၀ ) လောက်က ရွှေတွင်းတွေ ကျယ်ကျယ်ပြန့်ပြန့်တူးဖော်ခဲ့တယ်လို့ ယုံကြည်ခဲ့ကြတယ်။

ပထမဆုံးရွှေတွင်းကို အီဂျစ်မှာစတူးခဲ့တယ်။
ရွှေတွင်းတွေကို နည်းအမျိုးမျိုးနဲ့ တူးဖော်ထုတ်လုပ်ခဲ့တယ်ဆိုတာကို နံရံဆေးရေးပန်းချီတွေကဖော်ပြကြတယ်။ ရွှေကို မြစ်ရေကနေကျင်ပြီးထုတ်ယူခဲ့ကြတယ်။ ရေထဲက သဲမွမွကို ဆန်ခါချစစ်ထုတ်ခဲ့တယ်။ ရွှေမှုန်လေးတွေကျန်ခဲ့တာပေါ့။

ဘီစီ ( ၃၀၀၀ ) လောက်ကငွေပေးချေတဲ့ပုံစံတစ်ရပ်အဖြစ် ရွှေလက်စွပ်တွေကိုအသုံးပြုခဲ့တယ်။ ဒင်္ဂါးတွေပြုလုပ်ခဲ့တာကလွဲရင် ရွှေကိုအလှဆင်ဖို့အတွက်ပဲအသုံးပြုခဲ့ကြတယ်။ ဘီစီ ( ၂၀၀၀ ) ဝန်းကျင်လောက်က သတ္တုတွင်းတွေတည်ဆောက်ပြီး မြေကြီးထဲကို နက်နက်ရှိုင်းရှိုင်းတူးဖော်ကြသလို ရွှေတွေရလာခဲ့တယ်။ အထူးသဖြင့် ဂရိနဲ့ ရောမလူမျိုးတွေက ရွှေတူးတဲ့လုပ်ငန်းမှာကောင်းကောင်းအလုပ်ဖြစ်ကြတယ်။