Knowledge and News

ဝါးပျံအကြောင်း သိကောင်းစရာ

Agriculture, Knowledge
ဝါးပျံ ဆိုသည်မှာ ဝါးပင်တစ်ပင်အပေါ်၌ အခြားတစ်ပင် အသစ်ထပ်မံ ပေါက်ရောက်ခြင်းကိုသော်လည်းကောင်း
အမျိုးမတူသော အခြားအပင်ပေါ်၌ ဝါးပင် ထပ်မံပေါက်နေခြင်းကိုသော်လည်းကောင်း ဝါးပျံဟု ခေါ်ဆိုကြကြောင်း လေ့လာ မှတ်သားမိပါ၏။
ဆင်ဦးကင်းလွတ်ခန့် အမြင့်ရှိသော ဝါးပျံ မှသာသိဒ္ဓိလမ်း အသုံးဝင်ကြောင်း သိရှိရပါသည် ..ရှားပါးပစ္စည်းမျိုးဖြစ်၍ အစောင့်အရှောက်များကကွယ်ဝှက် ထားတတ်သောကြောင့်တွေ့ရှိပါက အချိန်မဆိုင်းပဲ အရယူသင့်လှပါသည်..
ဥာဏ်ချဲ့သုံးရသည့် သိဒ္ဓိဝင်အမျိုးအစားဖြစ်ပြီးလဆန်းရက် တွေ့ရှိရယူထားသော ဝါးပျံသည်လာဘ်ပွင့်အစီအရင်၌ အစွမ်းထက်၍လဆုတ်ရက် တွေ့ရှိရယူထားသော ဝါးပျံသည်အန္တရာယ်ကင်း အစီအရင်ကောင်းကြောင်းဆိုပါ၏။
ဝါးပျံသည် ဝါးနက်မျိုးဖြစ်နေပါကမည်သည့်အစီအရင်မျှ မစီရင်ပဲ ဆောင်ထားလျှင်ပင်တုတ်ပြီးဓားပြီးကြောင်း အဆိုရှိသည် ..ပျံ ,ဖောက် ,ကြိတ် ,ပေါင်း , စွယ်ကာကောင်း ..နင်လည်း ပြန်ထိပ် လိုအင်တိတ် ဟုဆိုရိုးရှိပါကြောင်း
လက်လှမ်းမှီသမျှ ဝါးပျံ အကြောင်း သိကောင်းစရာများဝေငှလိုက်ရပါသည်။
မီးကွင်းသည်ဟု သိရသည်။ကာယ သိဒ္ဓိပြီးသည်ဟုလည်း ဆိုသည်။ အလောင်းမင်းတရားကြီး ယိုးဒယားကို ဝါးရင်းတုတ်နှင့်သိမ်းရာတွင် ဝါးပျံကို အသုံးပြုသည်ဟု စာပေအချိ့က ဆိုသည်။
Credit:  ဆရာ ဇနက