Knowledge and News

ကျန်းမာရေးအတွက်ကောင်းတဲ့ ကဖင်းဓာတ်

Health

ဟိုးအရင်တုန်းကတော့ လက်ဖက်ရည်တွေ၊ ကော်ဖီတွေသောက်ရင် နှလုံးရောဂါဖြစ်နိုင်တယ်ဆိုပြီးတော့ ကဖင်းကို လုံးဝရှောင်ခိုင်းလေ့ရှိပါတယ်။ ဒါပေမဲ့ မကြာသေးခင်နှစ်တွေကစပြီး ကဖင်းဓာတ်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာကို သိခဲ့ကြပါတယ်။

ကဖင်းဓာတ်ဟာ အန်တီအောက်ဆီဒန့်ဂုဏ်သတ္တိရှိလို့ ကင်ဆာရောဂါဖြစ်နိုင်ခြေ၊ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါ့အပြင် အသင့်အတင့်ပမာဏလောက်ပဲ သောက်သုံးမယ်ဆိုရင် ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းမွန်စေလို့ မှတ်ဉာဏ်ကောင်းစေ၊ စိတ်ခံစားချက်ကောင်းမွန်စေပြီး အားအင်ပြည့်သလို ခံစားရစေပါတယ်။
ဒါပေမဲ့ ကဖင်းဓာတ်ဟာ စိုးရိမ်ပူပန်ခြင်း၊ အိပ်မပျော်ခြင်း၊ လက်တုန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိတတ်လို့ အလွန်အကျွံမသောက်ဖို့ကိုတော့ သတိပြုသင့်ပါတယ်။

အရွယ်ရောက်ပြီးသူတစ်ယောက်အနေနဲ့ သူသောက်သုံးတဲ့ ကဖင်းပမာဏဟာ တစ်နေ့ကို ၄၀၀ မီလီဂရမ် မကျော်ရင် ဒါဟာ အသင့်အတင့်ပမာဏဖြစ်လို့ ဘေးထွက်ဆိုးကျိုးနည်းပြီး စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။ မှတ်ရလွယ်အောင်ပြောရရင်တော့ ကော်ဖီတစ်ခွက်ဟာ ကဖင်းပမာဏ ၆၀-၁၈၀ မီလီဂရမ်နဲ့ ညီမျှပြီး လက်ဖက်ရည်တစ်ခွက်ကတော့ ၁၄-၇၀ မီလီဂရမ်နဲ့ ညီမျှပါတယ်။

Credit: https://www.drmyanmar.com