Knowledge and News

ထူဆန်းတဲ့ တံခါးခေါင်းပုရွက်ဆိတ်

Knowledge

‘တံခါးခေါင်းပုရွက်ဆိတ်’ လို့ ခေါ်တဲ့ စစ်သားပုရွက်ဆိတ်များက အသိုက်များသို့ ဝင်ပေါက်ရဲ့ ပုံသဏ္ဍာန်နဲ့ အရွယ်အစား ကိုက်ညီတဲ့ သံချပ်ကာခေါင်းများပါတဲ့ စစ်သားပုရွက်ဆိတ်များ ဖြစ်ပါတယ် ။

၎င်းတို့က အသိုက်ကို ပိတ်ရန်အတွက် ၎င်းတို့ရဲ့ ဦးခေါင်းများကိုအသုံးပြုပြီး သက်ရှိတံခါးများအဖြစ် လုပ်ဆောင်ကြပြီး မလိုလားအပ်တဲ့ ဧည့်သည်များကို ဝင်ရောက်ခွင့် မပြုပါ ။

Cephalotes နဲ့ Carebara အပါအဝင် ပုရွက်ဆိတ် မျိုးစိတ်များစွာမှာ တံခါးခေါင်းပုရွက်ဆိတ်များကို တွေ့ရှိနိုင်ပါတယ် ။

Cephalotes (သို့) လိပ်ပုရွက်ဆိတ်များက သစ်ပင်များမှာ ကျန်ခဲ့တဲ့ အပေါက်များရဲ့ ပုံသဏ္ဍာန်နဲ့ အရွယ်အစား ကိုက်ညီတဲ့ ကြီးမားသော အဝိုင်းနဲ့ အနည်းငယ် ရှိုက်နေသော ခေါင်းများ ရှိပါတယ် ။

 

 

ထိုလိုဏ်ခေါင်းများက ပုရွက်ဆိတ် အသိုက်အတွက် ကောင်းမွန်သော နေရာတစ်ခု ဖန်တီးပေးသော်လည်း ၎င်းတို့က ပြဿနာများစွာကို ဆွဲဆောင်နိုင်ပြီး ကျူးကျော် ဝင်ရောက်လာတဲ့

အခြားပုရွက်ဆိတ်များ၊ သားကောင်များနဲ့ ကပ်ပါးကောင်များကို ဖယ်ရှားရန် တံခါးခေါင်းပုရွက်ဆိတ်များရဲ့ အလုပ် ဖြစ်ပါတယ် ။

Credit: JRose (KB Chimmy one)