Knowledge and News

ကမ္ဘာမြေကြီးရဲ့ အပူစွမ်းအင်ကနေ လျှပ်စစ်မီးပေးဖို့ကြိုးစားနေတဲ့ အမေရိကန်

Sciences & technology

အမေရိကန် စွမ်းအင် ဝန်ကြီးဌာနက Geothermal လို့ ခေါ်တဲ့ ကမ္ဘာမြေကြီးရဲ့ အပူစွမ်းအင်ကနေ 60 GigaWatts (GW) လျှပ်စစ် စွမ်းအင် ထုတ်လုပ်ဖို့ ကြိုးစားနေကြပါတယ်။

အဲဒီ နည်းပညာကို ဖန်တီးနိုင်သူကို ဒေါ်လာ ၃ သန်းကျော် ဆုငွေ ပေးအပ်မယ်လို့ ဌာနက ကြေညာထားပါတယ်။

နာမည်အတိုင်းပဲ Geothermal ဟာ အပူ အနေနဲ့ ကမ္ဘာကြီးရဲ့အတွင်းပိုင်းမှာ တည်ရှိနေတဲ့ စွမ်းအင် ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေက ကမ္ဘာကြီးရဲ့အတွင်းပိုင်း အလယ်ဗဟိုဟာ နေ မျက်နှာပြင်လောက် အပူချိန် မြင့်မားမယ်လို့ ခန့်မှန်းထားကြပါတယ်။

ကမ္ဘာကြီးရဲ့ အလယ်ဗဟိုကနေ မျက်နှာပြင်ပေါ် အပူ ရောက်ရှိလာချိန်မှာတော့ အပူချိန် လျော့နည်းသွားပါတယ်။

ဒါပေမယ့် ၆၀၀ ဒီဂရီ ဖာရင်ဟိုက်ဟာ ရေနွေးတည်ဖို့နဲ့ ရေနွေးငွေ့ အဖြစ် ပြောင်းလဲဖို့ လုံလောက်ပါတယ်။

Geothermal စွမ်းအင်ကို ရယူနိုင်ဖို့အတွက် ကမ္ဘာမြေ မျက်နှာပြင်အောက် ၂ မိုင်ကို တွင်းတူးဖို့ လိုအပ်ပါတယ်။ အဲဒီ အနက်မှာ Geothermal စွမ်းအင်ကို ဆားငံ ရေပူတွေကနေ ထုတ်ယူနိုင်ပါတယ်။

 

ဒါပေမယ့် ထင်သလောက်မလွယ်တဲ့အတွက် နည်းလမ်းတွေကို အမေရိကန် စွမ်းအင် ဝန်ကြီးဌာနက ရှာဖွေနေပါတယ်။

Geothermal စွမ်းအင်ကနေ အမေရိကန်က နေအိမ် ၁၂၉ သန်းကို လျှပ်စစ်မီးပေးနိုင်မယ်လို့ တွက်ချက်ထားကြပါတယ်။

Credit: DigitalTimes