Knowledge and News

ဝါးပင်များပွင့်ခြင်း၊ သီးခြင်းဖြစ်လျှင် လူအများစုအတွက်နမိတ်ဆိုးဖြစ်သည်ဆိုခြင်းမှာ မှန်ကန်ပါသလား

Knowledge


“ပေတစ်သီး ကျီးတစ်သား” ဆိုသောစကားအရ ဝါးပင်သည်တစ်ကြိမ်ပွင့်ပြီးလျှင် အသီးသီးသည်။ သီးပြီးလျှင် ကြွေကျကာဝါးပင်များ သေဆုံးကြရသည်။ ဝါးပင်များသည်အမျိုးအစားအလိုက် သက်တမ်းရှိကြသည်။ အချို့က ၁ဝနှစ်၊ နှစ် ၆၀၊ နှစ် ၁၂၀၊ ၁၃၀ အထိရှိသည်။ မည်သည့်ဝါးမျိုးစိတ်မဆို တူညီသည်မှာ ပွင့်သီးကြပြီးလျှင် သက်တမ်းကုန်ဆုံးကာ သေဆုံးကြသည်။ ဝါးပဝါးပင်ပွင့်ရာတွင် ကွက်ကျားပွင့်ခြင်းနှင့် တစ်ပင်လုံးပွင့်ခြင်း နှစ်မျိုးရှိပြီး ပွင့်ချိန်မတူကြပေ။ အပွင့်မှာဝါဖြူဖြူရောင်ရှိပြီး ဝါးအဆစ်များမှအဖူးများထွက်ကာပွင့်ကြသည်။
အပွင့်မှာမျိုးအောင်သောအသီးများမှာ အခိုင်လိုက်သီးကြပြီး ကြွေကျကုန်သည်။ ထိုသို့ဖြစ်ရခြင်းကို ဝါးသုဉ်းခြင်းဟုခေါ်ကြသည်။ အပွင့်အသီးများလွန်းခြင်းကြောင့်ဝါးပင်၏ အဟာရဓာတ် လျော့နည်းကာ မူလဝါးပင်သေဆုံးခြင်းဖြစ်သည်။ ဝါးပးပင်များပွင့်ခြင်း၊ သီးခြင်းဖြစ်လျှင် မြို့ရွာပျက်ဆီးတတ်သည်ဆိုသည့်အယူမှာ သိပ္ပံနည်းကျအယူအဆမဟုတ်ပါ။ တိုက်ဆိုင်မှုသာဖြစ်သည်။ သဘာဝကျစွာတွေးရလျှင် ဝါးသုဉ်းသည့်ဝါးပင်မှ အသီးများကို တောတောင်ထဲရှိကြွက်အုပ်ကြီးများက လာရောက်စားသောက်ကြသည်။
သိန်းသန်းချီသောဝါးစေ့များကို သိန်းသန်းချီသောကြွက်အုပ်ကြီးက စားသောက်ကြရာ ကြွက်အုပ်ကြီးလာရာလမ်းရှိ စိုက်ခင်းများကိုပါ ဖျက်ဆီးစားသောက်တတ်ကြသည်။ ထိုကြွက်ကြီးများရန်ကြောင့် ရွာများကိုပင် စွန့်ခွာသွားရသည်များရှိသည်။ ထိုအခါလူများသည်။ လယ်ယာများပျက်စီးကာ ငတ်မွတ်ခေါင်းပါးသည့်ဘေးဆိုက်ရောက်သွားတတ်ကြသည်။ ထိုကဲ့သို့ပျက်စီးဆုံးရှုံးရသော ဖြစ်ရပ်များရှိခဲ့သဖြင့် ဝါးသီးလျှင် မြို့ရွာပျက်စီးတတ်သည်ဟူသော အယူပေါ်ပေါက်လာရခြင်းဖြစ်ပါသည်။
Credit: နေဘုန်းဝေ