Knowledge and News

ဘုရင့်နောင်အပေါ် ယိုးဒယားတို့အမြင်

History, Knowledge

အယုဒ္ဓယကို ဘုရင့်နောင် လက်ထက်တွင်ရရှိလိုက်သဖြင့် ယိုးဒယားတို့ အနေနဲ့ ဘုရင့်နောင်ကို စကြာဝတေးမင်း အဖြစ်လက်ခံခဲ့ကြသည်။ အယုဒ္ဓယ နေပြည်တော်ကျဆုံးပြီး နောက်ပြုစုခဲ့သောအယုဒ္ဓယ ရာဇဝင်များတွင် ခရစ်နစ် ၁၅၆၃ နင့် ၁၅၆၉ ခုနစ်များ၌ ဘုရင့်နောင်၏ အယုဒ္ဓယကိုသိမိးပိုက် ရန်ကြိုးပမ်းခဲ့တဲ့ စစ်ပွဲများအား အရပ်ဆယ်မျက်နာကို အောင်ပွဲခံနိင်သည့် ဘုရင်ကစစ်ဆင်သောစစ်ပွဲ များဟု ဖော်ပြခဲ့ကြသည်။ ယိုးဒယားရာဇဝင် များတွင် ဘုရင့်နောင်အားအလွန်ဘုန်းကြီးသော မင်းအဖြစ်ဖော်ပြခဲ့ကြသည်။ အယုဒ္ဓယအား တိုက်ခိုက်ရန် ချီတက်လာကြသော ဘုရင့်နောင်၏တပ်မ တော်အားလည်း စကြာဝ တေးမင်း၏ နောက်လိုက် ဗိုလ်ပါများအဖြစ် ဘန်ကောက် ရာဇဝင်များတွင် ဖော်ပြခဲ့ကြသည်။

ထို့အပြင် ဘုရင့်နောင်၏ စစ်သည်အင် အား ၉၀၀၀၀၀ ခန့် ရှိကြောင်း ဆင်၊ မြင်း စစ်သည်တို့ချီတက် လာသော အသံမှာ မိုးခြိမ်းသံကဲ့သို့မြည်ဟီးနေကြောင်းကိုလည်း ယိုးဒယားရာဇဝင်အများအပြားတွင် တင်စားဖော်ပြခဲ့ကြသည်ဘုရင့်နောင်၏ ဆင်ဖြူတော်ပိုင်ဆိုင်ရေးအတွက် ဆင်နွှဲသော ဆင်ဖြူတော်စစ်ပွဲသည် တရားသောစစ်ဖြစ်ကြောင်းဘုရင့်နောင် ကဲ့သို့သော စကြာဝတေးမင်းအဖို့ ဆင်ဖြူရတနာသည် မရှိမဖြစ်လိုအပ်သောရတနာတစ်ပါးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ပို၍ စိတ်ဝင် စားဖွယ်ကောင်းသည့်အချက် မှာယိုးဒယားရာဇဝင် များကပင် ခရစ်နစ် ၁၅၆၃ ခုနစ်တွင် စစ်ဖြစ်ပွားပြီးအယုဒ္ဓယ အရေးနိမ့်ရသည့် အကြောင်းအရာမှာ အယုဒ္ဓယ မင်းအနေဖြင့် ဘုရင့်နောင်က ဆင်ဖြူနစ်စီးတောင်းခံရသည်ကို ငြင်းပယ်လိုက်၍ ဖြစ်ရကြောင်းဖော်ပြခဲ့ ခြင်းဖြစ်သည်။

ထို့အပြင် အယုဒ္ဓယ ဘုရင်နင့် ဘုရင့်နောင်တို့ ယှဉ်ပြိုင် တိုက်ခိုက်သောစစ်ပွဲသည် စစ်ရေးအရပြိုင်ဆိုင်မှုသာမကဘဲ ထေရဝါဒဗုဒ္ဓ ဘာသာဝင် ဘုရင်များ၏ နိ်င်ငံရေးနင့် ဘာသာရေးအရ ယှဉ်ပြိုင်ပွဲ ဖြစ်သည်ဟုလည်း ဆိုခဲ့ ကြသည်။ ဘုရင့်နောင်က အနိင်ရခြင်းမှာ ယိုးဒယားဘုရင် ချက္ကရီဖတ်ထက်ပို၍ ဘုန်းကြီးသောကြောင့်ဖြစ်သည်ဟူ၍လည်း ဘန်ကောက်သမိုင်းဆရာများက စိတ်ဝင်စားဖွယ် ဖော်ပြခဲ့ကြသည်။ ဘုရင်ချင်းတူသော်လည်း ဘုန်းတန်ခိုးခြင်း မယှဉ်နိင်ဟု ဆိုလိုပါသည်။ ယိုးဒယားပြည်သူတို့ကလည်း ဘုရင့်နောင် အားအစွမ်းထက်သည့် စစ်သားကောင်းတစ်ဦးအဖြစ် လည်းကောင်း အမျိုးသမီးများလောကတွင် မျက်နာပွင့်သူတစ်ဦးအဖြစ်လည်းကောင်း သိရှိခဲ့ကြသည်။ ထိုကဲ့သို့ သိရှိလာအောင်လည်း ယိုးဒယားစာရေးဆရာယာကွဗ်က သူ၏ ကလောင် အစွမ်းဖြင့်အရပ်ဆယ်မျက်နာ အောင်ပွဲခံသူ အမည်ရှိဝတ္ထုတွင် ရေးသားဖော်ပြခဲ့သောကြောင့်ဖြစ်သည်။

Credit: မြန်မာယိုးဒယားသမိုင်း