Knowledge and News

ထူးခြားစွာတည်ရှိနေသည့် ဆားကန္တာရကြီးများ

Knowledge

ကျွန်တော်တို့ကမ္ဘာကြီးပေါ်တွင် ရေခဲပြင်ကြီးများ၊ သဲကန္တာရများ ကျောက်တောင်လွင်ပြင်များ၊ မြက်ခင်း လွင်ပြင်ကြီးများတည်ရှိနေသကဲ့သို့ မျက်စိတစ်ဆုံးကြီးမားစွာတည်ရှိနေတဲ့ ဆားပြင်ကြီးများလည်း ထူးထူးခြား ခြားတည်ရှိနေပါတယ်။

ထို့ကြောင့်ပင် ထိုဆားပြင်ကြီးများကို ဆားကန္တာရများဟူ၍လည်း ခေါ်ဆိုတတ်ကြပါသည်။ ထိုဆားပြင်ကြီးများသည် ဆားဓာတ်နှင့် အခြားဓာတ်သဘာဝတို့ပေါင်းစုကာ ကျွန်တော်တို့ မြေကမ္ဘာကို သဘာဝအတိုင်းကြီးမားစွာ ဖုံးလွှမ်းနေတတ်ကြပါသည်။

ထိုဆားပြင်ကြီးများသည် လွန်ခဲ့သော နှစ်ထောင် ပေါင်းများစွာကတည်းက ရေပြင်ကြီးများ အငွေ့ပြန်သွားမှုကြောင့် ဖြစ်တည်လာခဲ့ကြခြင်းဖြစ်ပါသည်။

သဘာဝ အတိုင်းဖြစ်တည်နေသော ဆားပြင်ကြီးများကို ကမ္ဘာ့နေရာဝေသအသီးသီးတွင် တွေ့မြင်နိုင်ကြသလို ထိုဆား ပြင်ကြီးများ၌ ခရီးသွားဧည့်သည်များ ရိုက်ကူးခဲ့သော လှပသည့်ပုံများကြောင့်လည်း ကမ္ဘာကျော်နေရခြင်း ဖြစ်ပါသည်။

၁။ Salar de Uyuni, Bolivia

ဘိုလီးဗီးယားနိုင်ငံရှိ (ဆလာဒီယူနီ) Salar de Uyuni ဆားပြင်ကြီးသည် ကမ္ဘာကျော်နေရာတစ်နေရာဖြစ်သလို ကမ္ဘာ့ အကြီးဆုံးဆားပြင်ကြီးလည်းဖြစ်ပါသည်။ ထိုဆားပြင်ကြီးသည် ၁၀၅၈၂ စတုရန်းကီလိုမီတာ(၄၀၈၆ စတုရန်း မိုင်) အထိကျယ်ဝန်းပြီး ပင်လယ်ခရမျက်နှာပြင် အထက် ၁၆၅၆ မီတာ(၁၁၉၉၅ ပေ) အမြင့်တွင် တည်ရှိနေပါ သည်။

(ဆလာဒီယူနီ) Salar de Uyuni ဆားပြင်ကြီး ကမ္ဘာကျော်ရခြင်းအကြောင်းများတွင် ထိုဆားပြင်ကြီးမှမှန်ကဲ့သို့ ရောင်ပြန်ဟပ်ပြီး လှပနေသည့်ဓာတ်ပုံများကြောင့်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။

၂။ Bonneville Salt Flats, Utah, United States

အမေရိကန်နိုင်ငံ၊ (ယူတက်ဂျ်) Utah ပြည်နယ်ရှိ Bonneville (ဘွန်နီဗီးလ်) ဆားပြင်ကြီးသည်လည်း ကမ္ဘာကျော်လှပနေသည့် နေရာတစ်နေရာဖြစ်ပါသည်။ ၁၀၄ စတုရန်းကီလိုမီတာ (၄၀ စတုရန်းမိုင်) ကျယ်ဝန်းပါသည်။

၃။ Etosha pan, Namibia

Etosha Pan, Namibia

နမီးဘီးယားနိုင်ငံမှ Etosha ဆားပြင်ကြီးအမည်၏အဓိပ္ပာယ်မှာ ကြီးမားလှသောအဖြူရောင်နယ်မြေ ဟုဖြစ်ပါသည်။ ၄၈၀၀ စတုရန်းကီလိုမီတာ (၁၈၅၀ စတုရန်းမိုင်) အထိ ကျယ်ဝန်းပါသည်။

၄။ Death Valley National Park, United States

အမေရိကန်နိုင်ငံ၊ Death Valley အမျိုးသားဥယျာဉ်ရှိ ဆားပြင်ကြီးဖြစ်ပါသည်။ အမေရိကန်နိုင်ငံမှာအကြီးဆုံးဆားပြင်ကြီးဖြစ်သလို နာမည်ကျော် Death Valley ဒေသ၏ အကျော်ကြားဆုံးနေရာတစ်နေရာအဖြစ်လည်း သတ်မှတ်ထားကြပါသည်။

၅။ Salinas Grandes, Argentina

အာဂျင်တီးနားနိုင်ငံမှ (ဆလီနက်စ် ဂရန်းဒေ့စ်)Salinas Grandes ဆားပြင်ကြီးသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ဆားပြင်ကြီးလည်း ဖြစ်ပါသည်။ ၆၀၀၀ စတုရန်းကီလိုမီတာ (၂၃၀၀ စတုရန်းမိုင်) အထိ ကျယ်ဝန်းပါသည်။

၆။ Chott el Djerid, Tunisia

တူနီးရှားနိုင်ငံမှ (ချာအက်ဂျိုရိဒ်) Chott el Djerid ဆားပြင်ကြီးသည် ဆာဟာရသဲကန္တာရနယ်မြေတွင် အကြီးဆုံး ဆားပြင်အဖြစ်တည်ရှိနေပြီး ၇၀၀၀ စတုရန်းကီလိုမီတာအထိ ကျယ်ပါသည်။

ယေဘုယျအားဖြင့် ခြောက်သွေ့ နေသော ဆားရေကန်ကြီးသဘောဖြစ်ပြီး နွေရာသီ လုံးဝခြောက်သွေ့ သွားချိန်၌ ကား၊ ခြေကျင် စသည်ဖြင့် ဖြတ်သန်းမောင်းနှင်သွားလာနိုင်ကြပါသည်။ သို့သော် အပေါ်ယံဆားပြင်များ ကွဲအက်သွားပါက အလွန် အန္တရာယ်များတတ်ပါသည်။

၇။ Makgadikgadi Pan, Botswana

ကမ္ဘာ့အကြီးဆုံး ဆားပြင်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သည့် (ဘော့ဆွာနာ) Botswana နိုင်ငံမှ (မဂ်ဂါဒီဂါဒီပန်) Makgadikgadi Pan ဆားပြင်ကြီးသည် တစ်ချိန်က အလွန်ကြီးသော ကန်ကြီးတစ်ကန်ဖြစ်ခဲ့ပါသည်။

လွန်ခဲ့သောနှစ်ထောင် ပေါင်းများစွာကတည်းက တဖြည်းဖြည်းခြောက်သွေ့ လာခဲ့ပြီး ယခုကဲ့သို့ ဆားပြင်ကြီးအဖြစ် ကျန်ရှိနေခဲ့ခြင်း ပါသည်။ ထိုဒေသတွင် ဆားပြင်ကြီးတစ်ခုတည်းသာမကဘဲ ခြောက်သွေ့လှသည့်သဲကန္တာရလည်း တွဲလျက်တည် ရှိနေခြင်းဖြစ်ပါသည်။

၈။ Salar de Arizaro, Argentina

အာဂျင်တီးနားနိုင်ငံရှိ (ဆလာဒီ အာရီဇာရို) Salar de Arizaro ဆားပြင်ကြီးသည် ၁၆၀၀ စတုရန်းကီလိုမီတာ (၆၇ စတု ရန်းမိုင်)အထိ ကျယ်ဝန်းပါသည်။

အာဂျင်တီးနားနိုင်ငံတွင် အထက်၌ ဖော်ပြခဲ့သော (ဆလီနက်စ် ဂရန်းဒေ့စ်) Salinas Grandes ဆား ပြင်ကြီးပြီးလျှင် ဒုတိယအကြီးဆုံး ဆားပြင်ကြီးဖြစ်ပါသည်။ ထိုဒေသသည် အာဂျင်တီးနားနိုင်ငံ၏ အနောဏ် မြောက်ဘက်စွန်းတွင်တည်ရှိပြီး ချီလီနိုင်ငံနယ်စပ်နှင့် နီးပါသည်။

၉။ Salar de Atacama, Chile

ချီလီနိုင်ငံရှိ Sular de Atacam ဆားပြင်ကြီးသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံးဆားပြင်ကြီးဖြစ် ပါသည်။ ၃၀၀၀ စတုရန်းကီလိုမီတာ (၁၂၀၀ စတုရန်းမိုင်) ကျယ်ပါသည်။

ထိုဆားပြင်ကြီးတည်ရှိရာအရပ်သည် အလွန်မြင့်မားသောအရပ်ဒေသတွင်တည်ရှိနေပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၀၀ မီတာ (၇၅၀၀ ပေ) အမြင့်တွင် တည်ရှိနေပါသည်။

Salar de Atacama ဆားပြင်ကြီး၏ အလယ်တွင် (လူဂူးနား ဆဟား)Laguna Cejar အမည်ရှိ ရေကန်တည်ရှိနေပြီး ထိုကန်မှရေများတွင် ဆားပျော်ဝင်မှုအလွန်များပြားကာ လူကိုရေပေါ် ပေါ်နေစေနိုင်ပြီး ရေမမြုပ်နိုင်ပါ။ အစ္စရေးနှင့် ဂျော်ဒန်နိုင်ငံရှိ ပင်လယ်သေကဲ့သို့ပင်ဖြစ်ပါသည်။

၁၀။ Namak Lake, Iran

အီရန်နိုင်ငံရှိ (နန်မက်) Namak ရေကန်ကြီးသည်လည်း ၁၈၀၀ စတုရန်းကီလိုမီတာ (၇၀၀ စတုရန်းမိုင်) ကျယ် ဝန်းပါသည်။ ရေကန်ကြီးဟုခေါ်သော်လည်း ခြောက် သွေ့ သောဆားပြင်ကြီးသာဖြစ်ပါသည်။

၁ စတုရန်း ကီလိုမီတာ (၀ ဒသမ ၃၈ စတုရန်းမိုင်) ပမာဏသာ ရေပြင်အဖြစ်တွေ့မြင်ရပြီး ထိုရေပြင်သည် ၁ မီတာ (၃ ဒသမ ၂ပေ) အောက်သာ နက်ပါသည်။