Knowledge and News

တစ်ခါအားသွင်းရုံနဲ့ (၁၂) နှစ်ကြာ အသုံးပြုနိုင်မည့် ဘက်ထရီ

Sciences & technology

အဲ့ဒီ ဘက်ထရီ ဟာ စမတ်ဖုန်းတွေ အတွက် သာမက ကားတွေ မှာပါ အသုံးပြုနိုင်ပါတယ်တဲ့။ တီထွင်ဖန်တီးခဲ့သူ ကတော့ ယူကရိန်း သိပ္ပံပညာရှင် Vladislav Kiselev ပါ။

သူဟာ Bioorganic Chemistry and Petrochemistry တက္ကသိုလ်ရဲ့ သုတေသီတစ်ဦး ဖြစ်သလို ယူကရိန်းအမျိုးသား သိပ္ပံကျောင်းရဲ့ ပါမောက္ခတစ်ဦး လည်း ဖြစ်ပါတယ်။

သူ ဖန်တီးလိုက်တဲ့ ဘက်ထရီကိုတော့ 2016 edition of Sikorsky Challenge မှာ မိတ်ဆက် ပြ သခဲ့တာပါ။

ဘက်ထရီရဲ့ ပုံစံဟာ မီးခြစ်ဆံဘူးနဲ့ တူပါတယ်။ ရေဒီယို ဓါတ်သတ္တိကြွ ပစ္စည်းလို့မှတ်ယူနိုင်တဲ့ tritium ကို အသုံးပြုထားတာ ဖြစ်ပါတယ်။

 

တစ်ချို့ ရေဒီယို ဓါတ်သတ္တိကြွ ပစ္စည်းတွေကတော့ လူတွေကို အန္တရာယ် မဖြစ်စေနိုင်ကြောင်း၊ အန္တရာယ် မဖြစ်စေနိုင်တဲ့ အထဲမှာ tritium ဟာ တစ်ခု အပါအဝင်လို့ Vladislav Kiselev က ပြောခဲ့တယ်လို့ odditycentral.com မှာ ဖော်ပြထား တာပါ။

Credit: popularpostnews