Knowledge and News

ရုပ်မြင်သံကြားစက်ကို ဘယ်တုန်းကတီထွင်ခဲ့တာလဲ

Discovery, Knowledge

The Evolution of the Television (100 Years of History)
ရုပ်မြင်သံကြားစက် (Television) ကို သီးခြားပုဂ္ဂိုလ်တစ်ဦးက သီးခြားအချိန်တစ်ခုမှာ တီထွင်ခဲ့တာမျိုးမဟုတ်ဘူး။ ရုပ်မြင်သံကြားစက်နဲ့ပတ်သက်တဲ့ဖြစ်စဉ်တွေလုပ်ငန်းတွေက ကာလအပိုင်းအခြားတစ်ခုထက် ကျော်လွန်ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တာဖြစ်တယ်။ ၁၈၇၅ ခုနှစ်အတွင်းက G.R.Carey က Photoelectric Cells အစဉ်အတန်းတစ်ခုအပေါ်ကိုဖြတ်သန်းစေခဲ့တယ်။ အမြင်ပြတ်သားအောင်ဆုံချက်ချိန်ခဲ့တယ်။

လျှပ်စစ်မီးသီးဆီကို လျှပ်စစ်ဓာတ်အားဘယ်လောက်စီးဝင်သလဲဆိုတာကို ဆဲလ်တစ်ခုချင်းစီနဲ့ ထိန်းညှိထားခဲ့တယ်။ အဲဒီအရာဝတ္ထုရဲ့အကြမ်းထည်ပုံကြမ်းကောက်ကြောင်းတွေက နောက်ပိုင်းမှာ လင်းလင်းကျင်းကျင်းပေါ်လာတယ်။ ၁၉၂၃ ခုနှစ်မှာ ဝိုင်ယာတွေနဲ့ပထမဆုံးလက်တွေ့ကျတဲ့ ရုပ်မြင်သံကြားထုတ်လွှင့်မှုရုပ်ပုံတွေကို ဖြစ်ပေါ်စေခဲ့တယ်။ အဲဒီအောင်မြင်မှုက ရုပ်မြင်သံကြား ကင်မရာနည်းပညာကို အကြီးအကျယ်ဖွံ့ဖြိုးတိုးတက်စေခဲ့တယ်။ ၁၉၄၅ ခုနှစ်မှာတော့ ယနေ့ကျွန်တော်တို့သိတဲ့ရုပ်မြင်သံကြားစက်က ဖွ့ံဖြိုးလာခဲ့တယ်။
နည်းပညာတိုးတက်မှုက စဉ်ဆက်မပြတ်ဖွံ့ဖြိုးခဲ့ပြီး ရုပ်မြင်သံကြားစက်ရဲ့ရုပ်ထွက်အရည်အသွေးက သိသိသာသာကြီးကို ကောင်းမွန်လာခဲ့တယ်။

Credit: မိုးဇက်ပိုင်