Knowledge and News

မိုးဦးကျအချိန် မိုးရွာတော့မည့်နိမိတ်များကို မည်သို့လေ့လာမှတ်သားရမလဲ

Knowledge

ပုရွတ်ဆိတ်နိမိတ်
ပုရွက်ဆိတ်များ (အနီရော အမည်းပါ) ဥများကိုချီပြီး အမြင့်ပိုင်းသို့ရွှေ့ပြောင်းသွားလာလျှင် မိုးရွာရန်နီးကပ်လာပေပြီ။အုပ်လိုက်စီတန်းပြီး သစ်ပင်ပေါ်၊ အိမ်ပေါ်တက်လျှင် မိုးရွာရေကြီးမည့်နိမိတ်ဖြစ်သည်။

စာနှင့်ဘီလုံးငှက်နိမိတ်
စာကလေးနှင့်ဘီလုံးငှက်များ လူတစ်ရပ်ခန့်အမြင့်ပျံတက်ပြီး အော်မြည်သံပေး၍ တက်လိုက်ဆင်းလိုက်လုပ်နေပါက မိုးရွာနိုင်သည်။ အမြင့်ကြီးပျံတက်ပါက မိုးဖွဲဖွဲသာရွာမည်။

ပုဇဉ်းနိမိတ်
ပုဇဉ်းများမြေပြင်နှင့်အနီးတဝိုက်ပျံသန်းပါက မိုးနီးပေပြီ။ လူတစ်ရပ်ခန့်လူဦးခေါင်းပေါ် အမြင့်တွင်ပျံသန်းလျှင်မိုးရွာနိုင်သည်။

ပုစွန်လုံးနိမိတ်
လယ်ပုစွန်လုံးများ တွင်းဝတွင်ရေမရှိဘဲ ခေါင်းပြူနေလျှင် တွင်းဝသို့ ခေါင်းပြူတစ်ပြူတစ် မကြာခဏပြုလုပ်လျှင် လယ်ကန်သင်းရိုးပေါ်တက်၍ တွင်းတူးနေလျှင်မိုးကောင်းမည်။တွင်းကို ကျစ်စာခဲများပိတ်ထားလျှင် မိုးခေါင်မည်။

ကျွဲ၊ နွားများနိမိတ်
ကျွဲ၊ နွားများစားကျက်တွင် မြက်၊ သစ်ရွက်များ အငမ်းမရရှာစားလျှင် လှုပ်လှုပ်ရွရွဂနာမငြိမ်ဖြစ်လျှင် မိုးရွာရန်နီးပေပြီ။

ပလူကောင်နိမိတ်
ပလူကောင်များသည် မိုးဦးကျတစ်ကြိမ်၊ မိုးကုန်တစ်ကြိမ်ထွက်တတ်ရာ ပလူကောင်မြောက်များစွာထွက်လာပါက မိုးဦးကျတော့မည်။
မိုးနှောင်းဖြစ်လျှင် မိုးကုန်တော့မည်။

အပင်နိမိတ်များ
ဂျာမနီပင်ခေါ် ပိစပ်ပင် အပွင့်ပွင့်လာလျှင် မိုးကုန်သောနိမိတ်ဖြစ်သည်။

နေနှင့်လနိမိတ်
နေ ခမောက်ဆောင်းလျှင် မိုးရွာတော့မည်။ လ ခမောက်ဆောင်းလျှင် နောက်နေ့နေသာမည်။

ကျီးကန်းနိမိတ်
ကျီးကန်းများ သံကွင်း၊ သံကြိုး စသည်တို့နှင့် အသိုက်ကို ခိုင်မာစွာ ပြုလုပ်တည်ဆောက်ထားပါက မိုးအလွန်သည်းထန်မည်။

Credit: နေဘုန်းဝေ