Knowledge and News

ပျော်ရွှင်မှု၏သော့လေးများ

Knowledge, Thinking

ဘဝကိုဖြတ်သန်းတဲ့အခါ ပျော်ရွှင်မှု့ရဲ့သော့ချက်တွေကတော့ … အမုန်းတရားတွေကနေ နှလုံးသားကို ကင်း ဝေးနေပါစေ။ ခွင့်လွှတ်ပေးလိုက်ပါ။
ပူပင်သောကရောက်မှုတွေကနေ စိတ်နှလုံးဝိညာဉ်ကိုကင်းလွတ်ခွင့်ပေးထားပါ။ အရာရာဟာအဆင်ပြေချောမွေ့သွားမှာပါ။ ရိုးရှင်းစွာနေထိုင်ပါ။ ကိုယ့်မှာရှိတာကို နှစ်သိမ့်ကျေနပ်နိုင်ပါစေ။ များများပေးဆပ်ပါ။ သူများလိုအပ်ချက်တွေကို ကိုယ်ဖြည့်ဆည်းပေးနိုင်ပါစေ။
လူတွေဆီက နည်းနည်းပဲမျှော်လင့်ချက်ထားပါ။ ရယူချင်တယ်ဆိုတဲ့ မျှော်လင့်ချက်မထားလေ ကောင်းလေပါပဲ။ ပျော်ရွှင်မှုဆိုတာ ဝေးဝေးလံလံ လိုက်ရှာနေစရာမလိုပါဘူး။ ကိုယ်လုပ်နေတဲ့အလုပ်က အဓိပ္ပာယ်ရှိနေရင်ပဲ ပျော်ရွှင်စရာကောင်းနေပါပြီ။
ကိုယ်ဟာ တစ်ပါးသူအတွက် လမ်းပိတ်သလိုဖြစ်နေခဲ့ရင် လမ်းဖယ်ပေးလိုက်ပါ။ သူတို့သွားပါစေ။လူတွေကို အမြဲပြုံးပြီးဆက်ဆံကြည့်လိုက်ပါ။ သူတို့ပြန်ပြုံးပြတဲ့အခါဘဝရဲ့အနှစ်အရသာကိုသိလာပါလိမ့်မယ်။ဘယ်လိုပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းနေပေမယ့်လည်း တစ်ခါတစ်ရံမှာတော့ စိိတ်ညစ်စရာတွေ၊ စိတ်ပျက်စရာတွေ ကြုံကောင်းကြုံပါလိမ့်မယ်။
ဟိုး … ကောင်းကင်ကြိုုးကိုမော့ကြည့်လိုက်စမ်းပါ…။အဆုံးအစမဲ့ ကျယ်ဝန်းနက်ရှိုင်းလို့ …။
လောကကြီးတစ်ခွင်လုံးကို ဖြန့်ကျက်ကြည့်လိုက်ရင် ကျွန်တော်တို့ရဲ့ညည်းတွားနေမှု၊ အခက်အခဲကြုံတွေ့နေရမှုတွေဟာ ပြောပလောက်တဲ့ အရာတွေမဟုတ်ဘူးဆိုတာ သိလာပါလိမ့်မယ်။
Credit : သက်တန့်ချို