Knowledge and News

ကျွတ်သွားတဲ့ဆံပင်တွေကိုပြန်ပေါက်စေမယ့် သဘာဝနည်းလမ်း

Beauty, Health

တစ်ပတ်လောက် လုပ်ပေးရုံဖြင့် ကျွတ်သွားတဲ့ ဆံပင်တွေ ကိုပြန်ပေါက်စေမယ့် သဘာဝ နည်းလမ်း

ဆံပင်ကျွတ်တာတွေက အမျိုးသမီးတွေ သာမက အမျိုးသားတွေမှာပါ တွေ့ရှိရပါတယ်နော်။ ဈေးကွက်မှာ ရှိနေတဲ့ပြုပြင်ထိန်းသိမ်းနည်းတွေက ဈေးကြီးပြီးလက်တွေ့မှာ ထိရောက်မှု မရှိလို့ စိတ်ညစ်နေလား။

သဘာဝနည်းလမ်းနဲ့ အဖြေရှာကြ ရအောင်ပါ။ ပြုလုပ်နည်း တစ်နေ့ကို လူတစ်ဦးမှာ အနည်းဆုံးဆံပင်အချောင်း၅၀ကနေ၁၀၀ ထိကျွတ် ကြပါတယ်။ ဒါကို စိုးရိမ်စရာ မလိုတော့ပါဘူး။

ပါဝင်ပစ္စည်း ။ ။ ငှက်ပျောသီး တစ်ဝက်၊ ကြက်ဥ အနှစ် (၁)လုံး၊ ပျားရည် စားပွဲတင်ဇွန်း(၁)ဇွန်း၊ ဘီယာခွက်တစ်ဝက်ပြင်ဆင်ခြင်း။

ပါဝင် ပစ္စည်းအားလုံးကို မွှေစက်(သို့)ဖျော်စက် ထဲထည့်ပြီးဖျော်လိုက်ပါ။
အဲဒီအရည်ကို ဆံပင်ကျွတ်လို့ ပါးနေတဲ့ နေရာမှာ လိမ်းပေးပြီး ၁ နာရီ၊ ၂နာရီလောက်ထားပါ။ အဲဒီလိုလိမ်းထားချိန်မှာ ပူနွေးလာတာကို ခံစားရပါလိမ့်မယ်။စိတ်မပူပါနဲ့ ။

ဒါဟာဖျော်ရည်ရဲ့ အာနိသင် အရေပြားထဲကို စိမ့်ဝင်နေတာဖြစ်ပါတယ်။ပြီးရင် ခေါင်းလျှော်ချပါ။ တစ်ပတ်လောက် ပုံမှန်လုပ်ပေးတာနဲ့ ရလဒ်ကောင်းတွေ ရရှိလာမှာဖြစ်ပါတယ်။

Credit: Original Uploader