Knowledge and News

ကမ္ဘာမှာမြွေအများစုနေထိုင်ရာကျွန်း

Knowledge

မြွေကျွန်းဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ အာရုံထဲပေါ်လာတဲ့ မြွေကျွန်းနဲ့ အခုတင်ဆက်ပေးမယ့် မြွေကျွန်းတို့ ထပ်တူကျလားဆိုတာကိုတော့ ဒီဆောင်းပါးလေးကို အဆုံးထိဖတ်သွားပေးပါနော်။

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းရဲ့ ကမ်းရိုးတန်းမှ မိုင် (၂၀) အကွာမှာ ILha da Queimada Grande လို့ခေါ်တဲ့ ဆော်ပေါ်လို ကျွန်းငယ်လေးတစ်ခုရှိပါတယ်။ ဒီကျွန်းကို မြွေကျွန်းလို့လဲခေါ်ပါတယ်။ ဒီကျွန်းမှာတွေ့ရှိရမယ့် မြွေမျိုးတွေက ကမ္ဘာပေါ်မှာ ဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ Bothrups Insularis လို့ခေါ်တဲ့ ရွှေရာင်လှံခေါင်း မြွေပွေး၊ အမေရိကမှာ အသေအပျောက်အများဆုံးရဲ့ တရားခံမြွေကြီး Fer-de-lance တို့နေထိုင်ကြပါတယ်။

ဒီကျွန်းကို အလည်အပတ်သွားချင်တယ်ဆိုရင်တော့ ကိုယ့်သဘောနှင့်ကို၊ ကိုယ်ဖြစ်ကိုယ်ခံပါပဲလို့ဆိုပါရစေ။ အဆိပ်ပြင်းတဲ့မြွေများ အကိုက်ခံရရင်တော့ အကူအညီရနိုင်မယ့် ဆေးရုံ၊ ဆေးခန်းတွေနဲ့လည်း အလွန်ဝေးကွာတာကြောင့် သေဆုံးနိုင်ချေ ၉၇% အထိရှိပါတယ်။

ကမ္ဘာပေါ်မှာမြွေကိုက်ခံရလို့ သေဆုံးတဲ့လူအရေအတွက်ဟာနှစ်စဥ် ထောင်ဂဏန်းကျော်ပါတယ်။ အကျယ်အဝန်း မီတာ လေးသိန်းသုံးသောင်းသာရှိတဲ့ ဒီကျွန်းငယ်လေးဟာ အံ့အားသင့်ဖို့ကောင်းတဲ့ မြွေအရေအတွက်နဲ့ ပြည့်ကျပ်နေပြီး  လူတစ်ယောက်ရဲ့အကြောက်တရားကို လှုံ့ဆော်ရန်လုံလောက်ပါတယ်။ ဒါ့ကြောင့် Snake Island မြွေကျွန်းလို့လူသိများတဲ့ ILha da Queimada Grande ကျွန်းငယ်ရဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို တင်ဆက်ပေးချင်ပါတယ်။

ဘရာဇီးနိုင်ငံ အရှေ့တောင်ဘက်ကမ်းရိုးတန်းမှာတည်ရှိတဲ့ ဒီကုန်းမြေဟာ ဆော်ပေါ်လိုပြည်နယ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မိုးသစ်တောရဲ့အစိတ်အပိုင်းအနည်းငယ် အပါအဝင် မတူညီတဲ့ မြေမျက်နှာသွင်ပြင်များစွာရှိတဲ့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အဆိုပါကျွန်းဟာ ပြည်မကြီးကမ်းရိုးတန်းမှ မိုင် ၂၀ ခန့်အကွာမှာရှိတာကြောင့် မြွေများဟာ တောင်အမေရိကတိုက်ကို တိုက်ရိုက်မဝင်လာနိုင်လောက်အောင် ဝေးကွာပါတယ်။ ဒီကျွန်းမှာ အဆိပ်အပြင်းဆုံး မြွေအများစု ရှင်သန်နေထိုင်ကြတာကြောင့် ထိုအချက်ဟာ လူများစွာအတွက်တော့ စိတ်သက်သာရာရစေတယ်လို့ ဆိုနိုင်ပါတယ်။

ကျွန်းရဲ့ အမည်ကို မြွေကျွန်းလို့ ဘာသာပြန်ဆိုထားခြင်းမရှိပါဘူး။ ဒီကျွန်းရဲ့ နာမည်ကလည်း ကျွန်းပေါ်က အသီးအရွက်များကိုမီးရှို့ခြင်း၊ သစ်တောပြုန်းတီးမှုတို့ကို အခြေပြုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။ ကမ္ဘာ့အခေါ်အဝေါ်ကတော့ မြွေကျွန်းလို့ဖြစ်နေပေမယ့် အစောပိုင်းမှာတော့ ငှက်ပျောစိုက်ခင်းတွေနဲ့ ပြည့်နှက်နေခဲ့တာပါ။ ဒါပေမယ့်လည်း ကြီးမားတဲ့တောမီးကြီး စတင်လောင်ကျွမ်းခဲ့တာကြောင့် ငှက်ပျောခင်းတွေ ပျက်စီးခဲ့သလို ကျွန်းပေါ်ရှိနေထိုင်သူအများစုလည်း သေဆုံးခဲ့ရပြီဖြစ်ပါတယ်။

စိတ်ဝင်စားစရာမှာ ကျွန်းဟာ စောင့်ရှောက်သူများနေရာယူထားတဲ့ မီးပြတိုက်တစ်ခုရဲ့ နေရာဖြစ်သော်လည်း ယခုအခါမှာတော့ ဘရာဇီးရေတပ်မှ နှစ်စဥ်ပြုပြင်မှုများ လုပ်ဆောင်နေခဲ့ပြီဖြစ်ပါတယ်။

မီးပြတိုက်စောင့်တွေထဲက အချို့ဟာ ကျွန်းပေါ်ရှိမြွေများရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တယ်လို့ ဆိုကြပေမယ့် ဒီအချက်ကိုမှန်အောင်သက်သေပြနိုင်မယ့် အချက်အလက်တွေကတော့ ရှိမနေခဲ့ပါဘူး။

ဘယ်လိုပဲပြောပြော အလွန်များပြားတဲ့ မြွေတွေစုဝေးနေရာဒေသမှာတော့ ဘယ်သူကများနေထိုင်ချင်ပါ့မလဲ။

ဒီမြွေကျွန်းဟာ Golden Lanchead Viper လို့လူသိများတဲ့ Bothrups Insularis ရဲ့ နေအိမ်ပါ။ ဒီမြွေဟာ ပြည်မကြီးရဲ့ အသေအပျောက်အများဆုံး မြွေကြီး Fer-de-lance ရဲ့ ဆွေမျိုးဖြစ်သလို ဒီကျွန်းမှာသာ တွေ့မြင်နိုင်တာကြောင့် အလွန်ထူးဆန်းတယ်လို့ ဆိုရမှာပါ။

ရေပန်းစားနေတဲ့ သီအိုရီတစ်ခုအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၁,၀၀၀ ကျော်က ရေခဲခေတ် ကုန်ဆုံးပြီးနောက် ဒီမြွေမျိုးစိတ်တွေဟာ ကျွန်းပေါ်မှာ ပိတ်မိသွားခဲ့တယ်လို့ ဆိုကြပါတယ်။

ပင်လယ်ရေမြင့်တက်လာခြင်းကြောင့် မြွေကျွန်းကို ပြည်မကြီးနဲ့ ဆက်သွယ်ထားတဲ့ ကုန်းမြေဟာလည်း နစ်မြုပ်သွားခဲ့တယ်လို့သိရပါတယ်။

ဒီကျွန်းရှိ ရွှေရောင်လှံခေါင်း လို့ခေါ်ကြတဲ့ မြွေမျိုးဟာလည်း အလွန်ထူးခြားတဲ့ မြွေတစ်မျိုးပါ။

အထူးသဖြင့် သူ့ရဲ့ခန္ဓာကိုယ်အောက်ဘက်မှာ အဝါဖျော့ဖျော့နဲ့ အညိုဖျော့ရောင်ရှိပါတယ်။ထို့အပြင် ဒီမြွေဟာ လှံထိပ်ရဲ့ဓားနဲ့ဆင်တူတဲ့ ရှည်လျားသော ဦးခေါင်းပုံသဏ္ဍာန်ရှိပါတယ်။

တွေ့ရများတဲ့ ရွှေရောင်လှံခေါင်းမြွေကတော့ သွေးတွင်းအဆိပ်သင့်စေပြီး သေဆုံးနိုင်တဲ့ အဆိပ်ပိုင်ရှင်ပါ။  တောင်အမေရိကရဲ့ အဆိပ်အပြင်းဆုံးမြွေများထဲမှ တစ်မျိုးဖြစ်ပြီး ပိုးသတ်ဆေးမီသူတွေတောင်မှ ၃ ရာခိုင်နှုန်းအထိရှိပါတယ်။ ကုသမှုသာ မခံယူပါက သေဆုံးနှုန်း ၇ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။ ဒီမြွေအကိုက်ခံရတဲ့ လူဟာ မသေရင်တောင်မှ ခန္ဓာကိုယ်ကိုပြင်းထန်စွာထိခိုက်စေနိုင်ပြီး မသန်စွမ်းဖြစ်နိုင်ခြေရာခိုင်နှုန်းများပါတယ်။

အခုချိန်မှာတော့ ဘရာဇီးအစိုးရဟာ ကျွန်းသို့လာရောက်ခြင်းမပြုရန် တားမြစ်ထားတာကြောင့် အကိုက်ခံရခြင်းကြောင့် သေဆုံးမှုမရှိကြောင်း မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဒီမြွေဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးမြွေတွေထဲမှာ မပါဝင်ကြပေမယ့် လူတွေကို အလွယ်တကူ သတ်ပစ်နိုင်လောက်အောင် အဆိပ်ရှိပါတယ်။

အကယ်၍ လူတစ်ဦးဟာ ကျွန်းပေါ်ခိုးဝင်ပြီး မြွေအကိုက်ခံရပါက ကျန်းမာရေးအခက်အခဲများနှင့်ရင်ဆိုင်ရနိုင်ချေရှိပါတယ်။

အကြောင်းရင်းကတော့ အနီးဆုံး အဆိပ်ဖြေဆေးရုံနဲ့ မိုင် ၉၀ ခန့်အကွာမှာရှိနေလို့ပါပဲ။

ယခင်ကခန့်မှန်းချက်တွေအရ ကျွန်းပေါ်မှာ မြွေအရေအတွက်ပေါင်း လေးသိန်းခန့်ရှိနိုင်ပြီး ဒီထက်လည်းအနည်းငယ်ပိုများတဲ့ မြွေများရှင်သန်နေထိုင်ခဲ့ကြောင်းသိရှိရပါတယ်။

ဒါဟာ စတုရန်းမီတာတိုင်းမှာ မြွေတစ်ကောင်ရှိနေတယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် ဒီလိုသေးငယ်တဲ့ဧရိယာမှာ မြွေအမြောက်အမြားကိုထောက်ပံ့ပေးနိုင်တဲ့ အစာအရင်းအမြစ်ဆိုတာ ဘယ်တုန်းကမှရှိလာမှာ မဟုတ်ပါဘူး။

Credit: https://hotnewmyanmar.com