Knowledge and News

ထောပတ်သီးရဲ့ဆိုးကျိုးများ ( ကြိုက်တဲ့သူများကျော်မသွားပါနဲ့ )

Health, Knowledge

ထောပတ်သီးကအလှအပ၊ အသားအရည်နဲ့ကျန်းမာရေးအတွက် အသုံးဝင်တဲ့အသီးအနှံဆိုတာမှန်ပါတယ်။ ဒါပေမဲ့​ထောပတ်သီးအများကြီးစားမိတဲ့အခါ ဒီလိုဆိုးကျိုး​တွေဖြစ်စေပါတယ်တဲ့။ ကောင်းကျိုးတွေသိပြီးပြီဆိုရင် ဘယ်လိုဆိုးကျိုးတွေဖြစ်နိုင်လဲဆိုတာကိုလည်းကျန်းမာရေးဗဟုသုတအနေနဲ့သိထားသင့်ပါတယ်။

၁။ ကိုယ်ဝန်ဆောင်ချိန်နဲ့ရင်သွေးငယ်နို့တိုက်ကျွေးချိန်မှာမစားသင့်ပါဘူးတဲ့။
ထောပတ်သီးကိုကိုယ်ဝန်ဆောင်တဲ့အချိန်နဲ့ကလေးနို့တိုက်နေချိန်မှာမစားသင့်ပါဘူး။ ​ထောပတ်သီးစားလိုက်မယ်ဆိုရင် မိခင်နို့ရည်ထုတ်လုပ်မှုကို လျှော့ချတဲ့အပြင်နို့ရည်ထုတ်ပေးရာ mammary gland ကိုလည်းပျက်စီးစေတဲ့အထိဖြစ်စေပါတယ်။ ဒါ့အပြင် ကလေးရဲ့အစာအိမ်အတွက်လည်းမကောင်း​စေဘူးလို့သိရပါတယ်။

၂။ Hypersensitivityဖြစ်တတ်သူတွေမစားသင့်ပါ။
ခဏခဏAllergic ဖြစ်တတ်သူ၊ အသားအရည်နီမြန်းယားယံတတ်သူတွေ​ ထောပတ်သီးကိုမစားသင့်ပါဘူး။ တကယ်လို့စားမယ်ဆိုရင်အရေပြားရောဂါဖြစ်တာ၊ အော့အန်တာမျိုး​တွေဖြစ်တတ်ပါတယ်။

၃။ Allergy ဖြစ်စေတယ်။
ထောပတ်သီးဟာအသားအရည်ကိုယားယံ​စေတယ်။ နီမြန်းစေတယ်စတဲ့ အရေပြားပြဿ နာတွေဖြစ်ပွားစေနိုင်တဲ့ဓာတ်တွေပါဝင်နေပါတယ်။ ဒါကြောင့်ကိုယ်က အရမ်းကြိုက်တယ်ဆိုရင်တောင် အများကြီးမစားသင့်ပါဘူး။ ပါးစပ်အာသာ​ပြေရုံပဲ စားပေးသ့င်ပါတယ်။

၄။ ကိုယ်ခံအားနည်းသူတွေ​ထောပတ်သီးကိုမစားသင့်ပါ။
ကိုယ်က ထောပတ်သီးစားတိုင်း ယားယံတယ်။ ​အော့အန်ချင်သလိုဖြစ်တယ်။​ ခေါင်းကိုက်တယ်ဆိုရင်ထပ်ပြီးမစားသင့်တော့ပါဘူး။ ​ထောပတ်သီးစားတဲ့သူအများစုဟာ …အအေးမိတုပ်ကွေး၊ ​အော့အန်တာ၊ဖျားနာတာ၊အမြဲတမ်းအိပ်ချင်နေခြင်း၊ ပန်းနာဖြစ်ခြင်းစတဲ့ …။ ဝေဒနာတွေကိုခံစားရကြောင်း ​လေ့လာတွေ့ရှိထားရပါတယ်။

၅။ အသည်းကိုပျက်စီးစေတယ်​။
ထောပတ်သီးအလွန်အကျွံစားတဲ့အခါ ဆိုးဆိုးဝါးဝါးထိခိုက်စေတဲ့အရာတစ်ခုကတော့အသည်းကိုထိခိုက်တာပါပဲ။​ ထောပတ်သီးဆီဟာအသည်းကိုတိုက်ရိုက်ထိခိုက်စေတယ်လို့သိရပြီးအထူးသဖြင့် estragole နဲ့anethole ပါဝင်တဲ့မက်စီကန်​ထောပတ်သီးတွေကိုမစားသင့်ပါဘူး။ အဲဒါတွေဟာ အသည်းကိုုပိုပြီးပျက်စီးစေပါတယ်။ဒါကြောင့်အသည်းနဲ့ပတ်သက်တဲ့ရောဂါတစ်ခုခုရှိရင်​ထောပတ်သီးအဆီကြောင့်အသည်းပျက်စီးမှုမဖြစ်ရအောင်​ထောပတ်သီးစားတာကို​ရှောင်သင့်ပါတယ်။

၆။ ကိုလက်စထရောကို​လျှော့ချပေးပါတယ်။
ကိုလက်စထရောကို​လျှော့ချပေးတာက​ကောင်းမွန်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ ထောပတ်သီးအများကြီးစားတဲ့အခါ လိုအပ်တာထက်ပိုပြီး ကိုလက်စထရောကို​လျေ့ာကျစေပါတယ်။ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကိုလက်စထရောကိုပါစုပ်ယူပစ်လိုက်တဲ့အခါ အဲဒါကကိုယ့်အတွက် ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်လာစေပါတယ်။

ဒါကြောင့် ထောပတ်သီးကိုကြိုက်တယ်ဆိုတိုင်းလည်းအများကြီးမစားသင့်ပါဘူး။ အဆာပြေရုံအနေအထားလောက်စားပေးတာက ကျန်းမာရေးအတွက်ပိုပြီးသင့်တော်ပါတယ်။

#COCONUTCRAB
Source : stylecraze.