Knowledge and News

ကမ္ဘာပေါ်တွင် လူသားစားပင်များတကယ်ရှိပါသလား

Discovery

မည်သည့်အပင်မဆို ၄င်းတို့အသက်ရှင်ရန်အတွက် လေထဲမှကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်၊ ရေနှင့်အလင်းရောင်ကို စုပ်ယူပြီးအစာအဖြစ် ဖွဲ့စည်းစားသုံးရသည်။ အာဖရိကတောနက်ကြီးများရှိ အချို့အပင်များမှာ စွတ်စိုသောနွံတောကြီးများဖြစ်ပြီး မြေကြီးထဲမှာအာဟာရရန်မလွယ်ကူပါ။ ထိုအခါ မြေဆီဓာတ်အစား အင်းဆက်ပိုးမွှားများကို ဖမ်းယူချေဖျက်၍ အာဟာရအဖြစ်အသုံးချကြသည်။

ထိုအပင်များကိုအသားစားပင်များဟုေခါ်ကြသည်။ ၄င်းတို့၏ အပွင့်အရွက်တို့မှာ အင်းဆက်နှင့် ဖား၊ကြွက်တို့ လာချင်စရာဆွဲဆောင်မှုဖြစ်အောင် အရောင်အဆင်းလှပ၍ အန့ံချိုမွှေးကြသည်။ အရွက်များတွင် အဖုံးများဖုံးကာ ထောင်ချောက်သဖွယ်ပြုလုပ်ကာ အင်းဆက်တို့ကိုဆွဲယူချေဖျက်ကြသည်။ အင်းဆက်က ရုန်းကန်လျက် လွတ်မသွားအောင် နွယ်မျှင်အမွေးများဖြင့် ရစ်ပတ်ထား၏။ ထိုစဉ်အစာချေရည်များထွက်လာပြီး သားကောင်သည်ထိုအရည်တွင်ပျောက်ဆုံးသွားတော့သည်။ ထိုသို့သောဖြစ်စဉ်သည် အင်းဆက်ပိုးမွှားများနှင့် ဖား၊ ကြွက်စသည့် အရွယ်ငယ်တိရစ္ဆာန်များအတွက်သာြဖစ်ပွားနိုင်သည်။

လူကိုချေဖျက်နိုင်သည့် ပမာဏရှိ အစာချေရည်ထွက်သော အပင်ဟူ၍ ရှာဖွေမတွေ့ရသေးပါ။ အင်းဆက်နှင့် အကောင်ငယ်များကို ဖမ်းယူစားသောက်နိုင်မှုရှိသဖြင့် လူကိုပါ စားသုံးနိုင်လိမ့်မည်ဟူသော လူတို့၏စိတ်ကူးယဉ်မှုကြောင့် အသားစားအပင်များရှိသည်ဟု ယူဆကြခြင်းဖြစ်သည်။ သို့သော်ယနေ့အထိ လူသားစားအပင်များမတွေ့ရှိရသေးပါဟု သိပ္ပံပညာရှင်များကဆိုပါသည်။