Knowledge and News

ဆိုကရေးတီးနှင့် အဆိပ်ခွက်

Thinking

အချိန် – ၃၉၉ ဘီစီ
နေရာ – အေသင် ဒီမိုကရေစီ နိုင်ငံတော် တရားရုံး
တရားသူကြီး (၅၀၁) ယောက်ပါဝင်သော ခုံရုံးရှေ့တွင် ရောက်ရှိနေသူကတော့ ခေါမနိုင်ငံရေး ဒဿနပညာရှင်ကြီး ” ဆိုကရေးတီး “


သူ့ကို အေသင်နိုင်ငံရေးကို ပြုပြင်ရန် ကြိုးစားသူ ၊ ဆန့်ကျင်သူ ၊ ဘာသာမဲ့ ၊ တရားမဲ့ ၊ လူငယ်တို့၏ ကိုယ်ကျင့်တရားကို ဖျက်ဆီးပစ်သူ ဟူသော စွပ်စွဲချက်တို့ဖြင့် စွဲချက်တင်ထားကြသူများကား ဒီမိုကရေစီ နိုင်ငံရေးသမား အေနီတပ် ၊ အလင်္ကာ ကျမ်းဆရာ လိုင်ယွန်းနှင့် ကဗျာဆရာ မေလေတပ်တို့ဖြစ်သည်။


တောင်းဆိုသော ပြစ်ဒဏ်ကား သေဒဏ်ပေးရေး… တရားရုံးအတွင်း တိတ်ဆိတ်လျှက်…
အမှန်တကယ်တော့ တရားသူကြီး အများစုက သေဒဏ်အပြစ်ပေးရန် မလိုလားကြ ၊ သူတို့လေးစား မြတ်နိုးသူလဲ ဖြစ်နေသည်။ တရားသူကြီး၏ နောက်ဆုံး အကြိမ်အဖြစ် မေးလိုက်သော စကားသံက တိတ်ဆိတ်မှု့ကို ဖြိုခွင်းလိုက်သည်။
ဆိုကရေးတီး အနေဖြင့် စွပ်စွဲချက်များကို ဝန်ခံပြီး အမြင်ပြောင်းလဲရန်… ဒါမှမဟုတ် သေဒဏ် အဖြစ် အဆိပ်ခွက်ကို သောက်ရမည်… ထို အဆိုကို တရားသူကြီး (၂၈၁) ဦးက ထောက်ခံလိုက်ကြသည်။
ဝေဖန်သံ အချို့လဲ ထွက်ပေါ်လာ၏… ဆိုကရေးတီး ဘာကို ရွေးချယ်မလဲ… တစ်ခုက မိမိယုံကြည်မှု့ကို စွန့်လွှတ်ရမည့် ရှင်သန်ရေးလမ်း၊ တစ်ခုက မိမိယုံကြည်ရာကို အသက်နဲ ့ထပ်ရမည့် သေလမ်း။


တည်ငြိမ်ရင့်ကျက်သော အသံတစ်ခု ထွက်ပေါ်လာ၏ ..
“ခွဲခွာဖို့အချိန် ရောက်ပြီလေ  ကျွနိုပ်တို့သည် ကိုယ့်လမ်းကိုယ် သွားကြ၏၊ ကျွနိုပ် သေခြင်းလမ်းကို သွားသည်၊ သင်တို့ရှင်ခြင်းလမ်းမ၌ သွားကြ၏၊ ဘယ်လမ်းက မြင့်မြတ်သည်ကို ဘုရားသခင်သာသိ၏”
ဆိုကရေးတီး၏ အသက်နှင့် ခန္ဓာတည်မြဲလျက် နောက်ဆုံး ပြောကြားသွားခဲ့သော စကားလုံးများပင် .. ထို့နောက် အဆိပ်ခွက်ကို အမြိုက်သုဓာ တစ်ခွက်လို အပြုံးမပျက် ချိုမြိန်စွာ မော့သောက်ချလိုက်လေ၏..
အတွေးအခေါ် လွတ်လပ်ဖို့အတွက် လည်းကောင်း ၊ မိမိ ခိုင်မာ ယုံကြည်သော အမှန်တရား အတွက် အသက်စွန့်လွတ်ခဲ့သော ခေါမ အတွေးအခေါ် ပညာရှင်ကြီး ဆိုကရေးတီး၏ အဖြစ်မှာ ဒဏ္ဍာရီ ဆန်လှ သော်လည်း သမိုင်းမှာ အမှန်အကန် ဖြစ်ခဲ့ရသည်။
ရှင်သန်မှု့ဟူသော အတ္တထက် ၊ အမှန်တရား ဟူသော ပရဘက်မှာ ရပ်တည်ခဲ့သော သူ၏ စိတ််ဓာတ်မှာ သမိုင်း တလျှောက် တသသဖြင့် လေးစားဘွယ် ကောင်းနေအုံးမည်သာ ဖြစ်သည်။

Credit: လိုတရ