Knowledge and News

လင်းနို့တွေက ဆိုနာကို ဘယ်လိုအသုံးချသလဲ

Sciences & technology

 

လင်းနို့တွေက သွားလာလှုပ်ရှားဖို့အတွက် ဆိုနာအသံလှိုင်းတွေကို အသုံးပြုကြတယ်။ လင်းနို့တွေက ညရောက်မှကျက်စားကြတယ်။ တစ်နေ့ခင်းလုံးအိပ်နေပြီး ညရောက်မှတက်ကြွလှုပ်ရှားကြတယ်။ ညအချိန်မှာလင်းနို့တွေအစာရှာကြတဲံအတွက် သူတို့ဆီမှာ ထူးခြားတဲ့အမြင်အားတွေ အရမ်းကောင်းဖို့လိုအပ်တယ်ဆိုပြီး သင်စဉ်းစားမိလိမ့်မယ်။ ဒါပေမဲ့အဲဒီကိစ္စက သင်ထင်သလိုမဟုတ်ဘူး။ လင်းနို့တွေက အစာရှာဖို့အတွက် မျက်လုံးတွေကိုမှီခိုအားထားတာအဟုတ်ဘူး။ လင်းနို့တွေပျံသန်းတဲ့အခါ လူတွေရဲ့နားကကြားနိုင်တဲ့ အလွန်အသံမြင့်တဲ့ ကျွိခနဲအသံတွေကို တသီတတန်းကြီး ဆက်တိုက်ထုတ်လွှင့်ကြတယ်။

အဲဒီအသံတွေကနေ ပဲ့တင်သံတွေထွက်ပေါ်ပြီး လင်းနို့တွေဆီပြန်ရောက်လာတယ်။ အနီးအနားမှာရှိနေတဲ့ အဟန့်အတားဆီကလား ဒါမှမဟုတ် ခပ်ဝေးဝေးမှာရှိနေတဲ့အတားအဆီးကနေ ပဲ့တင်သံပြန်လာတာလားဆိုတာကို ပြောပြနိုင်တယ်။ ဒါကြောင့်လည်း လင်းနို့တွေဟာ ပျံသန်းတဲ့အခါ အတားအဆီးတွေကို ဝင်မတိုက်မိအောင် ရှောင်ရှားနိုင်ကြတာဖြစ်တယ်။

Credit: မိုးဇက်ပိုင်