Knowledge and News

ယူရစ်အက်စစ် မတက်အောင် အစားအစာနှင့်ရှောင်ရန်

Food, Health, Knowledge

ယူရစ်အက်စစ် ( Uric Acid ) ဆိုတာ စားလိုက်တဲ့အစားအစာတွေထဲပါရှိတဲ့ပြူရင်းဓါတ်တွေနဲ့ ဆဲလ်သေတွေဆီကနေဖြစ်လာတဲ့သွေးထဲကစွန့်ပစ်ပစ္စည်းဖြစ်ပါတယ်။သွေးထဲမှာ ယူရစ်အက်စစ်က ထိုက်သင့်သလောက်ပမာဏတော့ရှိတာပုံမှန်ပဲဆိုပေမယ့် ကိုယ်စားတဲ့အစားအစာတွေကို မတိုင်းချင့်ဘူးဆိုရင် ယူရစ်အက်စစ်ပမာဏလွန်ကဲလာနိုင်ပါတယ်။ အဲဒီအခါကျောက်ကပ်က စစ်မထုတ်နိုင်တော့ဘဲ အဆစ်အမြစ်တွေရောင်ရမ်းစေတဲ့ ဂေါက်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒီအခြေအနေကိုမထိန်းချုပ်ဘူးဆိုရင်သွေးထဲက ယူရစ်အက်စစ်ပမာဏကပိုပိုများလာပြီး အရိုးအဆစ်တွေနဲ့ကြွက်သားတစ်ရှူးတွေမှာ ယူရစ်အက်စစ်ပုံဆောင်ခဲတွေဖြစ်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။

ဂေါက်ရောဂါကိုသေချာမကုသရင် အရိုးအဆစ်တွေပုံသဏ္ဍာန်ပျက်ယွင်းလာတာ၊ ပျက်စီးလာတာ၊ကျောက်ကပ်ကျောက်တည်တာတွေအထိဖြစ်စေနိုင်ပါတယ်။ ယူရစ်အက်စစ်ကို သွေးစစ်ကြည့်ပြီးမှ သိနိုင်တာဖြစ်ပြီး ပုံမှန်ရှိရမယ့် ယူရစ်အက်စစ်ပမာဏကတော့ အမျိုးသားတွေမှာ 3.5 ကနေ 7.0 mg/dl အမျိုးသမီးတွေမှာ 2.5 ကနေ 5.7 mg/dl ဖြစ်ပါတယ်။ဂေါက်ရောဂါရှိနေသူတွေရော၊ ယူရစ်အက်စစ်များနေသူတွေအတွက် စားသုံးသင့်တဲ့အစားအစာ (၁၀) မျိုး နှင့် ရှောင်ရမည့် အစားအစာများကို ဖော်ပြလိုက်ပါတယ်။

ယူရစ်အက်စစ် မတက်အောင် စားသုံးရမည့် အစားအစာများ –

  • ရေများများသောက်
  • ပန်းသီး
  • စတော်ဘယ်ရီ
  • ဘလူးဘယ်ရီ
  • ချယ်ရီသီး
  • သံပရာသီး
  • ဂရိတ်ဖရု
  • လိမ္မော်သီး
  • ငှက်ပျောသီး
  • ခရမ်းချဉ်သီး
  • သခွားသီး
  • ပန်းဂေါ်ဖီစိမ်း
  • နွားနို့
  • ဒိန်ခဲ
  • လက်ဖက်စိမ်း

ယူရစ်အက်စစ် မတက်အောင် ရှောင်ရမည့် အစားအစာများ –

  • ဘီယာ
  • ဝမ်းတွင်းသား (ကလီစာ)
  • ကြက်ဥ၊ ဘဲဥ (အနှစ်)
  • အမဲသား
  • ငါးဥ၊ ငါးအူ
  • မှို
  • မျှစ်
  • ကညွတ်
  • ဒညင်းသီး
  • ရွှေဖရုံသီး
  • ခရမ်းသီး
  • ပဲပင်ပေါက် အညှောင့်ထွက်
  • အာလူး
  • မြေပဲ ( မြေပဲဆီ )
  • ပဲနို့
  • စတော်ဘယ်ရီသီး
  • ကန်စွန်းဥ