Knowledge and News

သစ်ပင် (၄၀,၀၀၀) ကိုတစ်ရက်အတွင်းစိုက်ပျိုးနိုင်သောဒရုန်းနည်းပညာ

Agriculture, Sciences & technology

ရာသီဥတု ပြောင်းလဲမှုနဲ့ ဂေဟစနစ် ပျက်စီးလာမှုတွေကြောင့် သစ်ပင်များစွာ စိုက်ပျိုးဖို့ လိုအပ်လာပါတယ်။

အခုတော့ ဩစတြေးလျ အခြေစိုက် AirSeed Technology က သစ်တောပြုန်းတီးမှုကို ကာကွယ်ပေးဖို့ မျိုးစေ့တွေကို ကြဲချကာ ၁ ရက်ကို သစ်ပင် ၄၀,၀၀၀ စိုက်ပျိုးနိုင်တဲ့ ဒရုန်းကို တီထွင်လိုက်ပါတယ်။

ကုမ္ပဏီရဲ့ အံ့မခန်း နည်းပညာကို Euro Green News မှာ ဖော်ပြထားပါတယ်။အဲဒီ နည်းပညာမှာ ဉာဏ်ရည်တု နည်းပညာနဲ့ ကောင်းကင်ကနေ မြေပြင်ကို မျိုးစေ့တွေ ကြဲချနိုင်တဲ့ Seed Pods တွေကို အသုံးပြုထားပါတယ်။

ကုမ္ပဏီက သူတို့ရဲ့ နည်းပညာဟာ သမားရိုးကျ သစ်ပင် စိုက်ပျိုးတဲ့ နည်းလမ်းတွေထက် ၂၅ ဆ ပိုမြန်ကာ ၈၀ ရာခိုင်နှုန်း ကုန်ကျစားရိတ် သက်သာတယ်လို့ ပြောပါတယ်။

ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ “ Seed Pods တွေဟာ ကုန်ကျစားရိတ် သက်သာကာ သဘာဝ သစ်ပင်မျိုးစိတ်တွေ စိုက်ပျိုးရာမှာ ဘေးထွက်ဆိုးကျိုး နည်းပါးပါတယ်။

အာဟာရ ၊ သတ္တုဓါတ်နဲ့ တခြား အရာတွေ ပါဝင်တဲ့အတွက် သစ်ပင် စိုက်ပျိုးရာမှာ အစွမ်းထက်ပါတယ်။” လို့ ရေးသားထားပါတယ်။

အဲဒီ ဒရုန်းဟာ အလိုအလျှောက် ပျံသန်းနိုင်ပြီး သစ်ပင်တွေကို စိုက်ပျိုးနိုင်တာက ထူးခြားပါတယ်။

ဒါ့အပြင် ဒရုန်းတွေဟာ သစ်ပင်တွေ ကြီးထွားမှုကို လေ့လာဆန်းစစ်နိုင်ပါတယ်။

 

Credit: DigitalTimes