Knowledge and News

ကိုရီးယားကြက်ကြော်အစပ်လေး လုပ်စားကြမယ်

Food

ဒီတစ်ပတ်ပိတ်ရက်မှာတော့ ကိုရီးယားကားလေးတွေကြည့်ရင်းနဲ့ ကိုရီးယားဆန်ဆန်စားလို့ကောင်းမဲ့ ကိုရီးယားကြက်ကြော်အစပ်ပြုလုပ်နည်းလေးကိုဝေမျှပေးသွားပါမယ်နော်။

ကြက်အတောင်ပံနဲ့ ပေါင်ရင်းသားလေးတွေကိုအသုံးပြုပါမယ်နော်။

  • Cooking wine
  • ကြက်သွန်ဖြူ
  • ဂျင်း(ဂျင်းအရည်)ညှစ်ထည့်ပေးပါ။
  • ငရုတ်ကောင်းမှုန့်
  • ဆား
  • ရွှေလိပ်ပြာအကြော်ခံမှုန့်
  • ပြောင်းဖူးမှုန့်
  • ကြက်ဥ
  • ကိုရီးယားငရုတ်သီးဆော့ဖ်
  • ပဲငံပြာရည်အကြည်
  • ခရမ်းချဉ်သီးဆော့ဖ်
  • ပျားရည်

ကြက်သားထဲကိုဒီပါဝင်ပစ္စည်းတွေကို အကုန်ထည့်ပြီး သမအောင်ရောနယ်ပြီး နှပ်ထားပေးပါနော်။ပြီးလျှင်အကြော်ခံမှုန့် ၃ဇွန်းနဲ့ ပြောင်းဖူးမှုန့် ၂ဇွန်းလောက်ထည့်ပေးပါ။ကြက်ဥတလုံးဖောက်ထည့်ပြီးနယ်ပေးပါ။

ဆီကိုပူနေအောင်တည်ထားပေးပါ။ဆီပူအိုးထဲကို နယ်ထားတဲ့ကြက်သားကို တန်းမထည့်ပဲ အကြော်ခံမှုန့်နဲ့ကြက်သားကိုလူးပြီးမှ ထည့်ကြော်ပါမယ်နော်။ကြက်သားလေးတွေကြွပ်ရွလာပြီဆိုရင်တော့ ဆယ်ထားလို့ရပါပြီ။

ကိုရီးယားငရုတ်သီးအနှစ်ပြုလုပ်ဖို့အတွက် ခရမ်းချဉ်သီးဆော့ဖ်ရယ် ကိုရီးယားငရုတ်သီးအနှစ် ပဲငံပြာရည်အကြည်နဲ့ပျားရည်အနည်းငယ်ထည့်ပြီးအနှစ်ပြုလုပ်ပေးပါ။ရရှိလာတဲ့ အနှစ်ကို ကြော်ထားတဲ့ကြက်ကြော်တွေထဲထည့်နယ်ပေးပြီးရင်တော့ အရမ်းကိုအရသာရှိတဲ့ကိုရီးယားကြက်ကြော်အစပ်လေးရပါပြီနော်။

Credit: https://www.marry.com.mm